ကမ္ဘာ့သတင်း

မြန်မာနိုင်ငံက လက်နက်ခဲယမ်းတွေဝယ်ဖို့ ရုရှားဆွေးနွေးနေကြောင်း ယူကရိန်းထောက်လှမ်းရေး ထုတ်ပြန်

မဲခေါင် 18 Mar - 2023
မဲခေါင်၊ မတ် ၁၈ ရုရှားအစိုးရဟာ ယူကရိန်းကျူးကျော်စစ်တစ်နှစ်ကျော်လာချိန် လက်နက်ခဲ့ယမ်းမလောက်ငှမှု ပြဿနာကြောင့် အများအပြားဝယ်ယူနိုင်ဖို့ မြန်မာစစ်အစိုးရဆီပါ ကမ်းလှမ်းဆွေးနွေးနေတယ်လို့ ယူကရိန်းစစ်ထောက်လှမ်းရေး ဒုတိယရာထူးအကြီးဆုံးဖြစ်တဲ့ ဗာဒင်စကီဘစ်စကီးက မတ် ၁၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

မဲခေါင်၊ မတ် ၁၈

ရုရှားအစိုးရဟာ ယူကရိန်းကျူးကျော်စစ်တစ်နှစ်ကျော်လာချိန် လက်နက်ခဲယမ်းမလောက်ငှမှု ပြဿနာကြောင့် အများအပြားဝယ်ယူနိုင်ဖို့ မြန်မာစစ်အစိုးရဆီပါ ကမ်းလှမ်းဆွေးနွေးနေတယ်လို့ ယူကရိန်းစစ်ထောက်လှမ်းရေး ဒုတိယရာထူးအကြီးဆုံးဖြစ်တဲ့ ဗာဒင်စကီဘစ်စကီးက မတ် ၁၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

စကီဘစ်စကီးက “ရုရှားဟာ လက်နက်ခဲယမ်းမလုံလောက်မှုကို စိုးရိမ်မှုဖြစ်နေရပါပြီ။ သူတို့ လက်နက်ခဲယမ်း တွေရနိုင်သမျှ အများအပြားဝယ်ဖို့ အီရန်နဲ့ချိတ်ဆက်လုပ်ဆောင်နေတယ်။ မြန်မာစစ်ခေါင်းဆောင်တွေနဲ့လည်း ဒီအရေး ဆွေးနွေးမှုတွေ လုပ်နေကြပြီ။ အာဖရိကနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေဆီကလည်း လက်နက်ခဲယမ်းတွေ ဝယ်ဖို့ အသည်းအသန် ကြိုးစားနေတာ ကျွန်တော်တို့ သိထားပါတယ်။ သူတို့ စစ်တပ်၊ နိုင်ငံခြားထောက်လှမ်းရေး အဖွဲ့နဲ့ အေဂျင်စီတွေကို ဒီနိုင်ငံတွေဆီ စေလွှတ်ပြီး ရနိုင်သမျှ လက်နက်ခဲယမ်းတွေ ဝယ်ဖို့ လုပ်နေကြတာပါ” လို့ ရှင်းလင်းပြောကြား သွားခဲ့ပါတယ်။

ယူကရိန်းစစ်မြေပြင်မှာ ရုရှားတပ်တွေ ပျက်ဆီးဆုံးရှုံးမှုများလို့ ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း စတာလင်ခေတ် ၁၉၄၅ ခုနှစ်ထုတ် BTR-50 တင့်ကားတွေကိုတောင် စတင်ထုတ်သုံးလာရပြီလို့ ဗြိတိန်ထောက်လှမ်းရေးသတင်းရင်းမြစ်က ဖော်ထုတ်ရေးသားခဲ့ပါတယ်။

မတ်လ ၁၆ ရက်နေ့နောက်ပိုင်းကာလအတွင်းမှာပဲ ရုရှားရဲ့ ခေတ်မီတင့်ကားဖြစ်တဲ့ T-90 M တင့်ကား ၁၅ စီး ယူကရိန်းစစ်မြေပြင်မှာ ပျက်ဆီးဆုံးရှုံးခဲ့ရကြောင်း၊ ဒါကြောင့် လက်နက်ခဲယမ်း လိုအပ်ချက်တွေကို ကမ္ဘာက မြင်သာစေပြီး ပေါင်းသင်းလို့ရမယ့် နိုင်ငံငယ်တွေဆီက လက်နက်ဝယ်ဖို့ ရုရှားသမ္မတ ပူတင်က စေခိုင်းထားတာဖြစ်တယ်လို့ ယူကရိန်းစစ်ဘက်ဆိုင်ရာလက်နက်နှင့်အသုံးအဆောင်များ လေ့လာရေးစင်တာ အကြီးအကဲ အန်ဒရေးရူဒစ်ခ်က ရှင်းလင်းပြောကြားခဲ့ပါတယ်။

MKF – 001
Ref: rmx.news

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

ကမ္ဘာ့သတင်း

ပြင်းအား ၆ ဒသမ ၅ ငလျင်လှုပ်ခတ်လို့ ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်မှာ သေဆုံးဒဏ်ရာရမှုများ

မဲခေါင်၊ မတ် ၂၃ အာဖဂန်နစ္စတန်နိုင်ငံကို ဗဟိုပြုပြီး ပြီးခဲ့တဲ့ မတ် ၂၁ ရက်၊ အင်္ဂါနေ့၊ ဒေသစံတော်ချိန် ည
ကမ္ဘာ့သတင်း

BRICS အစည်းအဝေး မှာ ပူတင်ကို တောင်အာဖရိကအစိုးရ ဖမ်းပေးဖို့ ငြင်းဆန်ဖွယ်ရှိ

မဲခေါင်၊ မတ် ၂၁ စစ်ရာဇဝတ်မှုနဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ရုရှားသမ္မတပူတင် တောင်အာဖရိကနိုင်ငံမှာ BRICS အစည်းအဝေး လာတက်ပါက တောင်အာဖရိက အစိုးရအနေနဲ့
ကမ္ဘာ့သတင်း

စစ်ပွဲအတွက် လေ့ကျင့်မှုအားလုံး ပြင်ဆင်တာဆိုပြီး မြောက်ကိုရီးယား တာတိုပစ်ဒုံးတွေ ထပ်ပစ်

မဲခေါင်၊ မတ် ၁၉ တောင်ကိုရီးယား အာဏာပိုင်တွေက ဒီကနေ့ မနက် ဒေသစံတော်ချိန် ၁၁ နာရီ ၅ မိနစ်မှာ မြောက်ကိုရီးယား ဟာ ဂျပန်ပင်လယ်ထဲကို တာတိုပစ် ဒုံးကျည်တွေ ပစ်လွှတ်ခဲ့တယ်လို့ အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။
ကမ္ဘာ့သတင်း

အမေရိကန် MQ-9 ဒရုန်းကိုပျက်ကျစေတဲ့ လေယာဉ်မှူး ၂ ယောက်ကို ရုရှားနိုင်ငံတော် ဂုဏ်ထူးဆောင်ဆု ပေးအပ်

မဲခေါင်၊ မတ် ၁၈ ပြီးခဲ့တဲ့ ရက်ပိုင်းက နိုင်ငံတကာ လေပိုင်နက်ဖြစ်တဲ့ ပင်လယ်နက်ပေါ်မှာ ပျံသန်းနေတဲ့ အမေရိကန် မောင်းသူမဲ့ ထောက်လှမ်းရေး ဒရုန်း MQ-9 Reaper ကို ပျက်ကျသွားအောင် စွမ်းဆောင်ခဲ့တဲ့ ရုရှား Su-27
ကမ္ဘာ့သတင်း

ပူတင်ကို ဖမ်းဝရမ်းထုတ်တဲ့ ICC မှာ ရုရှားတွေကို တရားစီရင်ပိုင်ခွင့် မရှိဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တုံ့ပြန်

မဲခေါင်၊ မတ် ၁၈ နိုင်ငံတကာ ရာဇဝတ်မှု တရားရုံးဖြစ်တဲ့ ICC က ရုရှား သမ္မတပူတင်ဟာ ယူကရိန်းစစ် အတွင်း စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့ပြီး ယူကရိန်း ကလေးငယ်များစွာကို ရုရှားနိုင်ငံဆီ ပြန်ပေးဆွဲ ခေါ်ဆောင်မှုနဲ့ မတ်
ကမ္ဘာ့သတင်း

ရှီကျင်းဖျင်နဲ့ အနီးကပ်ရှိခဲ့သူ လီကျင်း တရုတ်ဝန်ကြီးချုပ်သစ် ဖြစ်လာ

မဲခေါင်၊ မတ် ၁၁ တရုတ် ပြည်သူ့လွှတ်တော်က မတ် ၁၀ ရက်နေ့မှာ ဆန္ဒမဲ ကောက်ခံပြီး လီချန်းကို နိုင်ငံဝန်ကြီးချုပ်အဖြစ် ခန့်အပ်ကြောင်း အတည်ပြုခဲ့ပါတယ်။
ကမ္ဘာ့သတင်း

မိုဘိုင်းဖုန်းကနေ ဘတ် ၅သောင်းအထက်ငွေလွှဲရင် မျက်နှာစကင်ဖတ်စနစ် မဖြစ်မနေသုံးဖို့ ထိုင်းဗဟိုဘဏ် အမိန့်ထုတ်

မဲခေါင်၊ မတ် ၁၁ ဆိုက်ဘာလိမ်လည်မှုတွေ များလွန်းလာတာကြောင့် ထိုင်းဗဟိုဘဏ်ဟာ နိုင်ငံအတွင်းက ဘဏ်တွေအားလုံး မိုဘိုင်းဘဏ်အကောင့်မူဝါဒသစ်တွေ ချမှတ်ပေးပြီး အကောင့်ပိုင်ရှင်တွေဟာ ငွေပမာဏများများလွှဲရင် ဇီ၀စကင်န်ဖတ်မှုတွေ မဖြစ်မနေ လုပ်ရတော့ပါမယ်။
ကမ္ဘာ့သတင်း

VIP ထောင်ခန်းတွေ ဝယ်နေနိုင်တယ်ဆိုတဲ့သတင်း ထိုင်းအကျဉ်းဦးစီးဌာန ငြင်းဆို

မဲခေါင်၊ မတ် ၁၀ ထိုင်းနိုင်ငံ အကျဉ်းထောင်တွေထဲမှာ ဗီအိုင်ပီခန်းတွေ ဝယ်နေလို့ရတယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်မှုတွေ ထွက်ပေါ်နေတာကို ထိုင်းအကျဉ်းဦးစီးဌာနက ငြင်းဆိုသွားခဲ့ပါတယ်။