ကမ္ဘာ့သတင်း

မိုဘိုင်းဖုန်းကနေ ဘတ် ၅သောင်းအထက်ငွေလွှဲရင် မျက်နှာစကင်ဖတ်စနစ် မဖြစ်မနေသုံးဖို့ ထိုင်းဗဟိုဘဏ် အမိန့်ထုတ်

မဲခေါင် 11 Mar - 2023
မဲခေါင်၊ မတ် ၁၁ ဆိုက်ဘာလိမ်လည်မှုတွေ များလွန်းလာတာကြောင့် ထိုင်းဗဟိုဘဏ်ဟာ နိုင်ငံအတွင်းက ဘဏ်တွေအားလုံး မိုဘိုင်းဘဏ်အကောင့်မူဝါဒသစ်တွေ ချမှတ်ပေးပြီး အကောင့်ပိုင်ရှင်တွေဟာ ငွေပမာဏများများလွှဲရင် ဇီ၀စကင်န်ဖတ်မှုတွေ မဖြစ်မနေ လုပ်ရတော့ပါမယ်။

မဲခေါင်၊ မတ် ၁၁

ဆိုက်ဘာလိမ်လည်မှုတွေ များလွန်းလာတာကြောင့် ထိုင်းဗဟိုဘဏ်ဟာ နိုင်ငံအတွင်းက ဘဏ်တွေအားလုံး မိုဘိုင်းဘဏ်အကောင့်မူဝါဒသစ်တွေ ချမှတ်ပေးပြီး အကောင့်ပိုင်ရှင်တွေဟာ ငွေပမာဏများများလွှဲရင် ဇီ၀စကင်န်ဖတ်မှုတွေ မဖြစ်မနေ လုပ်ရတော့ပါမယ်။

လက်ဗွေ၊ မျက်နှာ၊ မျက်ကြည်လွှာ အစရှိတဲ့ ဇီ၀ထောက်ခံချက် စကင်န်ဖတ်မှု (biometric scans) တွေကို မိုဘိုင်းဘဏ်အကောင့်အားလုံးမှာ အကောင့်ဖွင့်ကတည်းက ထည့်သွင်းပြီး ငွေလွှဲ၊ ငွေချေး၊ ငွေလက်ခံမှုတိုင်း ဒီသတ်မှတ် စကင်န်ဖတ်မှုတွေလုပ်မှအောင်မြင်မယ့် စနစ်သစ်ကို မိတ်ဆက်လုပ်ဆောင်တော့မယ်လို့ ထိုင်းဗဟိုဘဏ်အုပ်ချုပ်ရေးမှူး ဆီသာပတ်ဆူတီဝပ်တနာရူးပတ်က မတ်လ ၉ ရက်နေ့မှာ အတည်ပြုထုတ်ပြန် ခဲ့ပါတယ်။

ဒါကြောင့် လက်ရှိကတည်းက မိုဘိုင်းဘဏ်အကောင့်ရှိပြီးသားသူတွေဟာ သတ်မှတ်ထားတဲ့ အဆင့်မြှင့်တင်မှု (updated) တွေကို လုပ်ဆောင်ထားရမှာဖြစ်ပြီး Device တစ်ခု (ဖုန်း၊ Tablet ၊ ကွန်ပျူတာ စသဖြင့်) မှာ မိုဘိုင်းဘဏ်အကောင့် တစ်ကောင့်သာဖွင့်ခွင့်ရှိခြင်း၊ တခြားသူနာမည်နဲ့ အကောင့်ခွဲတွေလုပ်ခြင်းတွေကို ကန့်သတ်တဲ့ စည်းမျဉ်းလည်း ချမှတ်တော့မှာဖြစ်ကြောင်း၊ နိုင်ငံတစ်ဝန်းအစိုးရဘဏ်တွေအပြင် ပုဂ္ဂလိကဘဏ်အားလုံး ဒီ စီးမျဉ်းသစ်၊ စနစ်သစ်၊ နည်းပညာသစ်ကို ဇွန်လမှာ မဖြစ်မနေစတင်ကျင့်သုံးရမယ်လို့ ရူးပတ်က ထုတ်ပြန်ခဲ့တယ်။

ထိုင်းဗဟိုဘဏ်က သူတို့မိုဘိုင်းဘဏ်အကောင့်တွေမှာ ဘတ် ၅၀၀၀၀ နဲ့အထက် ဒစ်ဂျစ်တယ်ငွေကြေးလွှဲပြောင်းမှုလုပ်ရင်၊ တစ်နေ့ ဘတ် ၂ သိန်းနဲ့အထက်ငွေလွှဲရင်၊ တစ်ခါချေးငွေလွှဲ ဘတ် ၅၀၀၀၀ နဲ့အထက်ရှိရင် မျက်နှာ စကင်န်ဖတ်မှုကို အောင်မြင်စွာသုံးနိုင်မှ ထုတ်ပေးဖို့ စီစဉ်ထားကြောင်း၊ အစပိုင်းသုံးစွဲသူတွေ အခက်အခဲရှိနိုင်ပေမယ့် မိုဘိုင်းဘဏ်စာရင်တွေကနေ ငွေကြေးလိမ်လည်မှုတွေဟာ ဘတ် ၅၀၀၀၀ ဝန်းကျင်ကနေ လိမ်လည်မှုများလို့ ဒီစနစ်ဟာနောက်ပိုင်း သုံးစွဲသူတွေအတွက် အလိမ်ခံရမှုပပျောက်သွားနိုင်မယ်လို့ ရူးပတ်က တိုက်တွန်းပြော ကြားခဲ့ပါတယ်။

စည်းမျဉ်းသစ်မှာ လူမှုကွန်ရက်ပလက်ဖောင်းတွေကနေ ငွေလွှဲအတည်ပြုမှု၊ SMS မက်ဆေ့ချ်၊ အီးမေးလ် စတဲ့ ကြားခံလင့်ခ်တွေကနေ အတည်ပြုမှုတွေကိုလည်း ဖျက်သိမ်းပိတ်ပင်ဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။

ထိုင်းနိုင်ငံ မှာ ၂၀၂၂ မတ်လကနေ ဒီဇင်ဘာလအကြား ဒစ်ဂျစ်တယ်ငွေကြေးသုံးဘဏ်အကောင့်တွေကနေ အွန်လိုင်းရှောပင် ကိစ္စတွေက ငွေကြေးလိမ်လည်မှု ၅၀၀၀၀၊ ငွေလွှဲခြင်းကနေ လိမ်လည်မှု ၂၀၀၀၀၊ ငွေချေးယူမှုကနေ အမှု ၁၈၀၀၀ နဲ့ Call Center ကနေ လိမ်လည်မှု ၁၃၀၀၀ အထိရှိခဲ့ပြီး အကောင့်ခွဲ၊ အကောင့်တုတွေကနေ လိမ်လည်မှု ၅၈၀၀၀ ကနေ ငွေကြေးဘတ် ၅ ဒဿမ ၅ ဘီလီယံအထိ လိမ်လည်ခံရမှုဖြစ်ပွားခဲ့ပါတယ်။

MKF – 001
Ref: bangkokpos

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

ကမ္ဘာ့သတင်း

ပြင်းအား ၆ ဒသမ ၅ ငလျင်လှုပ်ခတ်လို့ ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်မှာ သေဆုံးဒဏ်ရာရမှုများ

မဲခေါင်၊ မတ် ၂၃ အာဖဂန်နစ္စတန်နိုင်ငံကို ဗဟိုပြုပြီး ပြီးခဲ့တဲ့ မတ် ၂၁ ရက်၊ အင်္ဂါနေ့၊ ဒေသစံတော်ချိန် ည
ကမ္ဘာ့သတင်း

BRICS အစည်းအဝေး မှာ ပူတင်ကို တောင်အာဖရိကအစိုးရ ဖမ်းပေးဖို့ ငြင်းဆန်ဖွယ်ရှိ

မဲခေါင်၊ မတ် ၂၁ စစ်ရာဇဝတ်မှုနဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ရုရှားသမ္မတပူတင် တောင်အာဖရိကနိုင်ငံမှာ BRICS အစည်းအဝေး လာတက်ပါက တောင်အာဖရိက အစိုးရအနေနဲ့
ကမ္ဘာ့သတင်း

စစ်ပွဲအတွက် လေ့ကျင့်မှုအားလုံး ပြင်ဆင်တာဆိုပြီး မြောက်ကိုရီးယား တာတိုပစ်ဒုံးတွေ ထပ်ပစ်

မဲခေါင်၊ မတ် ၁၉ တောင်ကိုရီးယား အာဏာပိုင်တွေက ဒီကနေ့ မနက် ဒေသစံတော်ချိန် ၁၁ နာရီ ၅ မိနစ်မှာ မြောက်ကိုရီးယား ဟာ ဂျပန်ပင်လယ်ထဲကို တာတိုပစ် ဒုံးကျည်တွေ ပစ်လွှတ်ခဲ့တယ်လို့ အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။
ကမ္ဘာ့သတင်း

အမေရိကန် MQ-9 ဒရုန်းကိုပျက်ကျစေတဲ့ လေယာဉ်မှူး ၂ ယောက်ကို ရုရှားနိုင်ငံတော် ဂုဏ်ထူးဆောင်ဆု ပေးအပ်

မဲခေါင်၊ မတ် ၁၈ ပြီးခဲ့တဲ့ ရက်ပိုင်းက နိုင်ငံတကာ လေပိုင်နက်ဖြစ်တဲ့ ပင်လယ်နက်ပေါ်မှာ ပျံသန်းနေတဲ့ အမေရိကန် မောင်းသူမဲ့ ထောက်လှမ်းရေး ဒရုန်း MQ-9 Reaper ကို ပျက်ကျသွားအောင် စွမ်းဆောင်ခဲ့တဲ့ ရုရှား Su-27
ကမ္ဘာ့သတင်း

ပူတင်ကို ဖမ်းဝရမ်းထုတ်တဲ့ ICC မှာ ရုရှားတွေကို တရားစီရင်ပိုင်ခွင့် မရှိဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တုံ့ပြန်

မဲခေါင်၊ မတ် ၁၈ နိုင်ငံတကာ ရာဇဝတ်မှု တရားရုံးဖြစ်တဲ့ ICC က ရုရှား သမ္မတပူတင်ဟာ ယူကရိန်းစစ် အတွင်း စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့ပြီး ယူကရိန်း ကလေးငယ်များစွာကို ရုရှားနိုင်ငံဆီ ပြန်ပေးဆွဲ ခေါ်ဆောင်မှုနဲ့ မတ်
ကမ္ဘာ့သတင်း

မြန်မာနိုင်ငံက လက်နက်ခဲယမ်းတွေဝယ်ဖို့ ရုရှားဆွေးနွေးနေကြောင်း ယူကရိန်းထောက်လှမ်းရေး ထုတ်ပြန်

မဲခေါင်၊ မတ် ၁၈ ရုရှားအစိုးရဟာ ယူကရိန်းကျူးကျော်စစ်တစ်နှစ်ကျော်လာချိန် လက်နက်ခဲ့ယမ်းမလောက်ငှမှု ပြဿနာကြောင့် အများအပြားဝယ်ယူနိုင်ဖို့ မြန်မာစစ်အစိုးရဆီပါ ကမ်းလှမ်းဆွေးနွေးနေတယ်လို့ ယူကရိန်းစစ်ထောက်လှမ်းရေး ဒုတိယရာထူးအကြီးဆုံးဖြစ်တဲ့ ဗာဒင်စကီဘစ်စကီးက မတ် ၁၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ကမ္ဘာ့သတင်း

ရှီကျင်းဖျင်နဲ့ အနီးကပ်ရှိခဲ့သူ လီကျင်း တရုတ်ဝန်ကြီးချုပ်သစ် ဖြစ်လာ

မဲခေါင်၊ မတ် ၁၁ တရုတ် ပြည်သူ့လွှတ်တော်က မတ် ၁၀ ရက်နေ့မှာ ဆန္ဒမဲ ကောက်ခံပြီး လီချန်းကို နိုင်ငံဝန်ကြီးချုပ်အဖြစ် ခန့်အပ်ကြောင်း အတည်ပြုခဲ့ပါတယ်။
ကမ္ဘာ့သတင်း

VIP ထောင်ခန်းတွေ ဝယ်နေနိုင်တယ်ဆိုတဲ့သတင်း ထိုင်းအကျဉ်းဦးစီးဌာန ငြင်းဆို

မဲခေါင်၊ မတ် ၁၀ ထိုင်းနိုင်ငံ အကျဉ်းထောင်တွေထဲမှာ ဗီအိုင်ပီခန်းတွေ ဝယ်နေလို့ရတယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်မှုတွေ ထွက်ပေါ်နေတာကို ထိုင်းအကျဉ်းဦးစီးဌာနက ငြင်းဆိုသွားခဲ့ပါတယ်။