ကမ္ဘာ့သတင်း

ဘီလာရုစ်နှင့်ရုရှား လေကြောင်းပူးပေါင်းစစ်ရေး လေ့ကျင့်မှုစတင်

မဲခေါင် 16 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၁၆ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ဘီလာရုစ်ဟာလည်း ယူကရိန်းကျူးကျော်စစ်ပွဲထဲပါဝင်လာမယ်လို့ ကြေညာအပြီး ဇန်နဝါရီ ၁၆ ရက်နေ့မှာပဲ ဘီလာရုစ်နိုင်ငံထဲမှာ ရုရှား-ဘီလာရုစ်စစ်တပ်တွေ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုလုပ်လာပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၁၆

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ဘီလာရုစ်ဟာလည်း ယူကရိန်းကျူးကျော်စစ်ပွဲထဲပါဝင်လာမယ်လို့ ကြေညာအပြီး ဇန်နဝါရီ ၁၆ ရက်နေ့မှာပဲ ဘီလာရုစ်နိုင်ငံထဲမှာ ရုရှား-ဘီလာရုစ်စစ်တပ်တွေ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုလုပ်လာပါတယ်။

ဒီအခြေအနေကြောင့် ယူကရိန်းနဲ့ အနောက်မဟာမိတ်တွေက ဘီလာရုစ်ဟာ ယူကရိန်းကျူးကျော်စစ်မှာ ပါဝင်လာမှာကို စိုးရိမ်ရေမြင့်တက်လာခဲ့ရပါတယ်။

စစ်လက်နက်တပ်ခွဲပူးပေါင်းမှု သဘောတူညီချက်အရ ရုရှားနဲ့ဘီလာရုစ်ဟာ ဇန်နဝါရီ ၁၆ ရက်ကနေ ဖေဖော်ဝါရီ ၁ ရက်နေ့အထိ ဘီလာရုစ်နိုင်ငံအတွင်းက လေကြောင်းပိုင်နက်အားလုံး၊ လေယာဉ်ကွင်းအားလုံးမှာ ပူးပေါင်း စစ်ရေးလေ့ကျင့်မှုတွေကို လုပ်သွားမှာဖြစ်တယ်လို့ ဘီလာရုစ် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့တယ်။

ဒီအခြေအနေဟာ ခံစစ်အတွက်ပြင်ဆင်တာသာဖြစ်ကြောင်းနဲ့ ထိုးစစ်အတွက် ရည်ရွယ်မှု မရှိဘူးလို့လည်း ဘီလာရုစ်ဘက်က ဆိုတယ်။

ဘီလာရုစ် လုံခြုံရေးကောင်စီလက်ထောက်နိုင်ငံခြားရေးဝန်ကြီး မူရာဗေကိုက “ယူကရိန်းနဲ့ တောင်ပိုင်းနယ်စပ်ဒေသတွေဟာ တည်ငြိမ်အေးချမ်းတဲ့အနေအထားမဟုတ်သလို ယူကရိန်းဘက်က ရန်စမှုတွေရှိနေတယ်။ ဒီရန်စမှုတွေကို တုံ့ပြန်ဖို့ ကျွန်တော်တို့ဘက်က အသင့်ဖြစ်နေပါပြီ” လို့ ထုတ်ပြန်ခဲ့ပါတယ်။

Ref: indiatoday
MKF – 001

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

ကမ္ဘာ့သတင်း

တရုတ်က ထိုင်ဝမ်ရေလက်ကြားမှာ ၃ ရက်တာ စစ်ရေးလေ့ကျင့်မယ်

တရုတ်စစ်သင်္ဘောနဲ့ တိုက်လေယာဉ်တွေ ထိုင်ဝမ်ပိုင်နက်ထဲ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီးနောက်  တရုတ်က ဧပြီ ၈ ရက်နေ့ကစပြီး ထိုင်ဝမ်ရေလက်ကြားမှာ စစ်ရေးလေ့ကျင့်မှု ၃ ရက်တာ
ကမ္ဘာ့သတင်း

ပြင်းအား ၆ ဒသမ ၅ ငလျင်လှုပ်ခတ်လို့ ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်မှာ သေဆုံးဒဏ်ရာရမှုများ

မဲခေါင်၊ မတ် ၂၃ အာဖဂန်နစ္စတန်နိုင်ငံကို ဗဟိုပြုပြီး ပြီးခဲ့တဲ့ မတ် ၂၁ ရက်၊ အင်္ဂါနေ့၊ ဒေသစံတော်ချိန် ည
ကမ္ဘာ့သတင်း

BRICS အစည်းအဝေး မှာ ပူတင်ကို တောင်အာဖရိကအစိုးရ ဖမ်းပေးဖို့ ငြင်းဆန်ဖွယ်ရှိ

မဲခေါင်၊ မတ် ၂၁ စစ်ရာဇဝတ်မှုနဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ရုရှားသမ္မတပူတင် တောင်အာဖရိကနိုင်ငံမှာ BRICS အစည်းအဝေး လာတက်ပါက တောင်အာဖရိက အစိုးရအနေနဲ့ ဖမ်းပေးဖို့ မဖြစ်နိုင်ဘူးလို့ သုံးသပ်နေကြပါတယ်။
ကမ္ဘာ့သတင်း

စစ်ပွဲအတွက် လေ့ကျင့်မှုအားလုံး ပြင်ဆင်တာဆိုပြီး မြောက်ကိုရီးယား တာတိုပစ်ဒုံးတွေ ထပ်ပစ်

မဲခေါင်၊ မတ် ၁၉ တောင်ကိုရီးယား အာဏာပိုင်တွေက ဒီကနေ့ မနက် ဒေသစံတော်ချိန် ၁၁ နာရီ ၅ မိနစ်မှာ မြောက်ကိုရီးယား ဟာ ဂျပန်ပင်လယ်ထဲကို တာတိုပစ် ဒုံးကျည်တွေ ပစ်လွှတ်ခဲ့တယ်လို့ အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။
ကမ္ဘာ့သတင်း

အမေရိကန် MQ-9 ဒရုန်းကိုပျက်ကျစေတဲ့ လေယာဉ်မှူး ၂ ယောက်ကို ရုရှားနိုင်ငံတော် ဂုဏ်ထူးဆောင်ဆု ပေးအပ်

မဲခေါင်၊ မတ် ၁၈ ပြီးခဲ့တဲ့ ရက်ပိုင်းက နိုင်ငံတကာ လေပိုင်နက်ဖြစ်တဲ့ ပင်လယ်နက်ပေါ်မှာ ပျံသန်းနေတဲ့ အမေရိကန် မောင်းသူမဲ့ ထောက်လှမ်းရေး ဒရုန်း MQ-9 Reaper ကို ပျက်ကျသွားအောင် စွမ်းဆောင်ခဲ့တဲ့ ရုရှား Su-27
ကမ္ဘာ့သတင်း

ပူတင်ကို ဖမ်းဝရမ်းထုတ်တဲ့ ICC မှာ ရုရှားတွေကို တရားစီရင်ပိုင်ခွင့် မရှိဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တုံ့ပြန်

မဲခေါင်၊ မတ် ၁၈ နိုင်ငံတကာ ရာဇဝတ်မှု တရားရုံးဖြစ်တဲ့ ICC က ရုရှား သမ္မတပူတင်ဟာ ယူကရိန်းစစ် အတွင်း စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့ပြီး ယူကရိန်း ကလေးငယ်များစွာကို ရုရှားနိုင်ငံဆီ ပြန်ပေးဆွဲ ခေါ်ဆောင်မှုနဲ့ မတ်
ကမ္ဘာ့သတင်း

မြန်မာနိုင်ငံက လက်နက်ခဲယမ်းတွေဝယ်ဖို့ ရုရှားဆွေးနွေးနေကြောင်း ယူကရိန်းထောက်လှမ်းရေး ထုတ်ပြန်

မဲခေါင်၊ မတ် ၁၈ ရုရှားအစိုးရဟာ ယူကရိန်းကျူးကျော်စစ်တစ်နှစ်ကျော်လာချိန် လက်နက်ခဲ့ယမ်းမလောက်ငှမှု ပြဿနာကြောင့် အများအပြားဝယ်ယူနိုင်ဖို့ မြန်မာစစ်အစိုးရဆီပါ ကမ်းလှမ်းဆွေးနွေးနေတယ်လို့ ယူကရိန်းစစ်ထောက်လှမ်းရေး ဒုတိယရာထူးအကြီးဆုံးဖြစ်တဲ့ ဗာဒင်စကီဘစ်စကီးက မတ် ၁၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ကမ္ဘာ့သတင်း

ရှီကျင်းဖျင်နဲ့ အနီးကပ်ရှိခဲ့သူ လီကျင်း တရုတ်ဝန်ကြီးချုပ်သစ် ဖြစ်လာ

မဲခေါင်၊ မတ် ၁၁ တရုတ် ပြည်သူ့လွှတ်တော်က မတ် ၁၀ ရက်နေ့မှာ ဆန္ဒမဲ ကောက်ခံပြီး လီချန်းကို နိုင်ငံဝန်ကြီးချုပ်အဖြစ် ခန့်အပ်ကြောင်း အတည်ပြုခဲ့ပါတယ်။