ကမ္ဘာ့သတင်း

ဗြိတိန်ဘုရင်မကြီးဈာပန ကမ္ဘာ့ခေါင်းဆောင်အများအပြားတက်ရောက်ပြီး နှုတ်ဆက်စကားဆို

မဲခေါင် 19 Sep - 2022
ဗြိတိန်နိုင်ငံသားတွေ၊ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ ကမ္ဘာတဝန်းက မင်းမျိုးမင်းနွယ်တွေက တနင်္လာနေ့မှာ ဗြိတိန်ဘုရင်မကြီး အယ်လိဇဘက်သ်ဈာပနကိုတက်ရောက်ပြီး နောက်ဆုံးနှုတ်ဆက်စကားဆိုနေပါတယ်။ လန်ဒန်က သမိုင်းဝင် ဝက်စ်မင်နင်စတာခန်းမမှာ ထားရှိထားတဲ့ ဘုရင်မကြီးရုပ်အလောင်းကို လူထောင်ချီက ၄ ရက်ကြာနေ့စဉ်လာရောက်ဂါရဝပြုခဲ့ပြီး ဒီနေ့မှာ ဈာပနအခမ်းအနားပြုလုပ်တာပါ။ ဗြိတိန်ထီးနန်း နှစ် ၇၀ ကျော်ကြာအောင်စိုးစံခဲ့တဲ့ သက်တော် ၉၆ နှစ်ရှိနေတဲ့ဘုရင်မကြီးကို အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒန်အပါအဝင် တက်ရောက်နှုတ်ဆက်သူတွေက ဘုရင်မကြီးကို ချီးကျူးစကားပြောခဲ့ပါတယ်။ “ခင်ဗျားတို့ရော၊ ကျွန်တော်တို့ရော သူ့ကို နှစ် ၇၀ လောက် တွေ့ခဲ့ရတာ ကံကောင်းလို့ပါ” လို့ ဘိုင်ဒန်ကပြောပါတယ်။ နေ့လည်ပိုင်းမှာတော့ သေနတ်ပစ်ဖောက်ဂုဏ်ပြုမှာဖြစ်ပြီး ဝက်စ်မင်နစ်စတာခရစ်ယာန်ကျောင်းတိုက်ကို ရေတပ်အမှုထမ်းတွေက အသုဘအခမ်းအနားအတွက် ခေါင်းတလားသယ်ဆောင်သွားမှာပါ။ အခမ်းအနားတက်ရောက်သူ ၂၀၀၀ လောက်မှာ ဘိုင်ဒန်၊

ဗြိတိန်နိုင်ငံသားတွေ၊ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ ကမ္ဘာတဝန်းက မင်းမျိုးမင်းနွယ်တွေက တနင်္လာနေ့မှာ ဗြိတိန်ဘုရင်မကြီး အယ်လိဇဘက်သ်ဈာပနကိုတက်ရောက်ပြီး နောက်ဆုံးနှုတ်ဆက်စကားဆိုနေပါတယ်။

လန်ဒန်က သမိုင်းဝင် ဝက်စ်မင်နင်စတာခန်းမမှာ ထားရှိထားတဲ့ ဘုရင်မကြီးရုပ်အလောင်းကို လူထောင်ချီက ၄ ရက်ကြာနေ့စဉ်လာရောက်ဂါရဝပြုခဲ့ပြီး ဒီနေ့မှာ ဈာပနအခမ်းအနားပြုလုပ်တာပါ။

ဗြိတိန်ထီးနန်း နှစ် ၇၀ ကျော်ကြာအောင်စိုးစံခဲ့တဲ့ သက်တော် ၉၆ နှစ်ရှိနေတဲ့ဘုရင်မကြီးကို အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒန်အပါအဝင် တက်ရောက်နှုတ်ဆက်သူတွေက ဘုရင်မကြီးကို ချီးကျူးစကားပြောခဲ့ပါတယ်။

“ခင်ဗျားတို့ရော၊ ကျွန်တော်တို့ရော သူ့ကို နှစ် ၇၀ လောက် တွေ့ခဲ့ရတာ ကံကောင်းလို့ပါ” လို့ ဘိုင်ဒန်ကပြောပါတယ်။

နေ့လည်ပိုင်းမှာတော့ သေနတ်ပစ်ဖောက်ဂုဏ်ပြုမှာဖြစ်ပြီး ဝက်စ်မင်နစ်စတာခရစ်ယာန်ကျောင်းတိုက်ကို ရေတပ်အမှုထမ်းတွေက အသုဘအခမ်းအနားအတွက် ခေါင်းတလားသယ်ဆောင်သွားမှာပါ။

အခမ်းအနားတက်ရောက်သူ ၂၀၀၀ လောက်မှာ ဘိုင်ဒန်၊ ဂျပန်ဧကရာဇ် နာရူဟီတို၊ တရုတ်ဒုတိယသမ္မတ ဝမ် ကျီရှန်း၊ တောင်အာဖရိကသမ္မတ ဆီရေး ရာမာဖိုဆာအပါအဝင် ကမ္ဘာ့ခေါင်းဆောင် ၅၀၀ လောက်လည်း ပါဝင်ပါတယ်။

ဘုရင်မကြီးရဲ့မြစ်တော်နဲ့ အခုအိမ်ရှေ့စံဖြစ်လာတဲ့ ဝီလီယံမင်းသားရဲ့မျိုးဆက်ထဲကအကြီးဆုံး ၂ ပါးဖြစ်တဲ့ သက်တော် ၉ နှစ်ရှိ ဂျော့မင်းသားနဲ့ သက်တော် ၇ နှစ်ရှိ ချားလော့မင်းသမီးတို့လည်း တက်ရောက်မှာပါ။

“ပြီးခဲ့တဲ့ ၁၀ ရက်မှာ ကြင်ယာတော်နဲ့ ကျွန်တော့်ဆီကို ထပ်တူဝမ်းနည်းကြောင်းနဲ့ ထောက်ခံပေးနေကြောင်း ဗြိတိန်နဲ့ ကမ္ဘာတဝန်းက သတင်းစကားအများအပြားလက်ခံရရှိခဲ့ပါတယ်။ နောက်ဆုံးနှုတ်ဆက်စကားပြောဖို့ပြင်ဆင်နေချိန်မှာပဲ ဝမ်းနည်းကြေကွဲရတဲ့ကာလမှာ မိသားစုနဲ့ကျွန်တော့်ကို စိတ်သက်သာရာရအောင် ထောက်ခံပေးနေတဲ့မရေမတွက်နိုင်တဲ့လူတွေကို ကျေးဇူးတင်ကြောင်းပြောလိုပါတယ်” လို့ သားတော်နဲ့ လက်ရှိနန်းမွေဆက်ခံရတဲ့ ချားလ်စ်ဘုရင်က စာထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၈ ရက်မှာ စကော့တလန်က နွေရာသီစံအိမ်မှာ ဘုရင်မကြီး နတ်ရွာစံခဲ့ပါတယ်။

သက်တော် ၉၀ ကျော်လာတဲ့အထိ တရားဝင်အခမ်းအနားရာပေါင်းများစွာတက်ရောက်ခဲ့ပေမဲ့ ကျန်းမာရေးချို့ယွင်းလာတဲ့ဘုရင်မကြီးဟာ ပြီးခဲ့တဲ့လတွေအတွင်းရုပ်လုံးထွက်မပြခဲ့ပေမဲ့ နတ်ရွာမစံမီ ၂ ရက်အလိုမှာ လစ်ဇ် ထရပ်စ်ကို သူ့ရဲ့ ၁၅ ယောက်မြောက်နဲ့ နောက်ဆုံးဝန်ကြီးချုပ်အဖြစ် ခန့်အပ်ပေးခဲ့ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

ကမ္ဘာ့သတင်း

တရုတ်က ထိုင်ဝမ်ရေလက်ကြားမှာ ၃ ရက်တာ စစ်ရေးလေ့ကျင့်မယ်

တရုတ်စစ်သင်္ဘောနဲ့ တိုက်လေယာဉ်တွေ ထိုင်ဝမ်ပိုင်နက်ထဲ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီးနောက်  တရုတ်က ဧပြီ ၈ ရက်နေ့ကစပြီး ထိုင်ဝမ်ရေလက်ကြားမှာ စစ်ရေးလေ့ကျင့်မှု ၃ ရက်တာ
ကမ္ဘာ့သတင်း

ပြင်းအား ၆ ဒသမ ၅ ငလျင်လှုပ်ခတ်လို့ ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်မှာ သေဆုံးဒဏ်ရာရမှုများ

မဲခေါင်၊ မတ် ၂၃ အာဖဂန်နစ္စတန်နိုင်ငံကို ဗဟိုပြုပြီး ပြီးခဲ့တဲ့ မတ် ၂၁ ရက်၊ အင်္ဂါနေ့၊ ဒေသစံတော်ချိန် ည
ကမ္ဘာ့သတင်း

BRICS အစည်းအဝေး မှာ ပူတင်ကို တောင်အာဖရိကအစိုးရ ဖမ်းပေးဖို့ ငြင်းဆန်ဖွယ်ရှိ

မဲခေါင်၊ မတ် ၂၁ စစ်ရာဇဝတ်မှုနဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ရုရှားသမ္မတပူတင် တောင်အာဖရိကနိုင်ငံမှာ BRICS အစည်းအဝေး လာတက်ပါက တောင်အာဖရိက အစိုးရအနေနဲ့ ဖမ်းပေးဖို့ မဖြစ်နိုင်ဘူးလို့ သုံးသပ်နေကြပါတယ်။
ကမ္ဘာ့သတင်း

စစ်ပွဲအတွက် လေ့ကျင့်မှုအားလုံး ပြင်ဆင်တာဆိုပြီး မြောက်ကိုရီးယား တာတိုပစ်ဒုံးတွေ ထပ်ပစ်

မဲခေါင်၊ မတ် ၁၉ တောင်ကိုရီးယား အာဏာပိုင်တွေက ဒီကနေ့ မနက် ဒေသစံတော်ချိန် ၁၁ နာရီ ၅ မိနစ်မှာ မြောက်ကိုရီးယား ဟာ ဂျပန်ပင်လယ်ထဲကို တာတိုပစ် ဒုံးကျည်တွေ ပစ်လွှတ်ခဲ့တယ်လို့ အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။
ကမ္ဘာ့သတင်း

အမေရိကန် MQ-9 ဒရုန်းကိုပျက်ကျစေတဲ့ လေယာဉ်မှူး ၂ ယောက်ကို ရုရှားနိုင်ငံတော် ဂုဏ်ထူးဆောင်ဆု ပေးအပ်

မဲခေါင်၊ မတ် ၁၈ ပြီးခဲ့တဲ့ ရက်ပိုင်းက နိုင်ငံတကာ လေပိုင်နက်ဖြစ်တဲ့ ပင်လယ်နက်ပေါ်မှာ ပျံသန်းနေတဲ့ အမေရိကန် မောင်းသူမဲ့ ထောက်လှမ်းရေး ဒရုန်း MQ-9 Reaper ကို ပျက်ကျသွားအောင် စွမ်းဆောင်ခဲ့တဲ့ ရုရှား Su-27
ကမ္ဘာ့သတင်း

ပူတင်ကို ဖမ်းဝရမ်းထုတ်တဲ့ ICC မှာ ရုရှားတွေကို တရားစီရင်ပိုင်ခွင့် မရှိဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တုံ့ပြန်

မဲခေါင်၊ မတ် ၁၈ နိုင်ငံတကာ ရာဇဝတ်မှု တရားရုံးဖြစ်တဲ့ ICC က ရုရှား သမ္မတပူတင်ဟာ ယူကရိန်းစစ် အတွင်း စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့ပြီး ယူကရိန်း ကလေးငယ်များစွာကို ရုရှားနိုင်ငံဆီ ပြန်ပေးဆွဲ ခေါ်ဆောင်မှုနဲ့ မတ်
ကမ္ဘာ့သတင်း

မြန်မာနိုင်ငံက လက်နက်ခဲယမ်းတွေဝယ်ဖို့ ရုရှားဆွေးနွေးနေကြောင်း ယူကရိန်းထောက်လှမ်းရေး ထုတ်ပြန်

မဲခေါင်၊ မတ် ၁၈ ရုရှားအစိုးရဟာ ယူကရိန်းကျူးကျော်စစ်တစ်နှစ်ကျော်လာချိန် လက်နက်ခဲ့ယမ်းမလောက်ငှမှု ပြဿနာကြောင့် အများအပြားဝယ်ယူနိုင်ဖို့ မြန်မာစစ်အစိုးရဆီပါ ကမ်းလှမ်းဆွေးနွေးနေတယ်လို့ ယူကရိန်းစစ်ထောက်လှမ်းရေး ဒုတိယရာထူးအကြီးဆုံးဖြစ်တဲ့ ဗာဒင်စကီဘစ်စကီးက မတ် ၁၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ကမ္ဘာ့သတင်း

ရှီကျင်းဖျင်နဲ့ အနီးကပ်ရှိခဲ့သူ လီကျင်း တရုတ်ဝန်ကြီးချုပ်သစ် ဖြစ်လာ

မဲခေါင်၊ မတ် ၁၁ တရုတ် ပြည်သူ့လွှတ်တော်က မတ် ၁၀ ရက်နေ့မှာ ဆန္ဒမဲ ကောက်ခံပြီး လီချန်းကို နိုင်ငံဝန်ကြီးချုပ်အဖြစ် ခန့်အပ်ကြောင်း အတည်ပြုခဲ့ပါတယ်။