ကမ္ဘာ့သတင်း

ဖိလစ်ပိုင် ရေပိုင်နက်ထဲ တရုတ်ကမ်းခြေစောင့်တပ်ရဲ့ အကြီးဆုံးသင်္ဘော ဝင်ရောက်ကျောက်ချထား

မဲခေါင် 8 Jul - 2024
ဇူလိုင် ၇ ရက်နေ့မှာပဲ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်က တရုတ်ကမ်းခြေစောင့်တပ်ရဲ့ အကြီးမားဆုံး သင်္ဘောကြီးဟာ သူတို့ရေပိုင်နက် အထူးသီးသန့် စီးပွားရေးဇုန် (EEZ) ထဲမှာ လာရောက် ကျောက်ချ ရပ်နားထားပြီး ဒါဟာ နိုင်ငံငယ်လေးတွေအပေါ် အနိုင်ကျင့်ခြိမ်းခြောက်တာလို့ ထုတ်ပြန်သွားပါတယ်။

မဲခေါင်၊ ဇူလိုင် ၈

ဇူလိုင် ၇ ရက်နေ့မှာပဲ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်က တရုတ်ကမ်းခြေစောင့်တပ်ရဲ့ အကြီးမားဆုံး သင်္ဘောကြီးဟာ သူတို့ရေပိုင်နက် အထူးသီးသန့် စီးပွားရေးဇုန် (EEZ) ထဲမှာ လာရောက် ကျောက်ချ ရပ်နားထားပြီး ဒါဟာ နိုင်ငံငယ်လေးတွေအပေါ် အနိုင်ကျင့်ခြိမ်းခြောက်တာလို့ ထုတ်ပြန်သွားပါတယ်။

တရုတ်ကမ်းခြေစောင့်တပ်ရဲ့ ပင်မသင်္ဘောကြီးဟာ ၁၆၅ မီတာရှည်ပြီး ဖိလစ်ပိုင် ကမ်းခြေစောင့်တပ် အခြေစိုက်ရာနေရာနဲ့ ကိုက် ၈၀၀ သာ ဝေးတဲ့နေရာမှာ သင်္ဘောငယ် အခြံအရန်တွေထားပြီး ကျောက်ချနေတာဖြစ်ကြောင်း၊ ပိုင်နက်ထဲကို ဇူလိုင် ၂ ရက်နေ့ကတည်းက စတင်ဝင်ရောက်လာတာဖြစ်ကြောင်း ဖိလစ်ပိုင်ဘက်က ကန့်ကွက် ထုတ်ပြန်သွားပါတယ်။

မနီလာက တရုတ်ကောင်စစ်ဝန်နဲ့ သံမှူးကို ဒီအရေးနဲ့ပတ်သက်လို့ မေးမြန်ရာမှာ တုံ့ပြန်မှု မလုပ်သေးကြောင်းနဲ့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ထုတ်ပြန်ရှင်းလင်းမှု တစ်စုံတရာမလုပ်သေးပါဘူး။

ပြီးခဲ့တဲ့လက တရုတ် ငါးဖမ်းစက်လှေနဲ့ သင်္ဘောတွေဟာ ဖိလစ်ပိုင် အထူးစီးပွားရေးဇုန်ပိုင်နက်ထဲ လာရောက် ငါးဖမ်းနေတာကို ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်က မောင်းထုတ်မှုနဲ့ပတ်သက်လို့ မကျေမနပ်ဖြစ်ပြီး နှစ်နိုင်ငံကြား တင်မားမှုတွေ မြင့်တက်လာခဲ့ပါတယ်။

ဒီအခြေအနေကြောင့် အမေရိကန်က ဖိလစ်ပိုင်နဲ့ စစ်ရေးအကူအညီပေးရေး သဘောတူစာချုပ်ဖို့ ကမ်းလှမ်းခဲ့တာ ကို ဖိလစ်ပိုင်က ငြင်းပယ်လိုက်ပြီး တရုတ်ထိပ်တန်းသံတမန်တွေ ဒီရက်ပိုင်းထဲ လာရောက်ဆွေးနွေးမှုမှာ နှစ်နိုင်ငံ တင်းမာမှု လျှော့ချရေး စာချုပ်ကိုသာ ချုပ်ဆိုခဲ့ပါတယ်။ ဒီစာချုပ်ကိုလည်း တရုတ်ဘက်က မလိုက်နာဘဲ ဖိလစ်ပိုင် ရေပိုင်နက်ထဲ အကြီးဆုံးကမ်းခြေစောင့်တပ်သင်္ဘော ကျောက်ချ ရပ်နားထားလို့ ဖိလစ်ပိုင်ဟာ အမေရိကန်နဲ့ မဟာမိတ်စာချုပ်သစ်ကို ပြန်လည် လက်ခံရဖွယ်ရှိနေတယ်လို့လည်း သုံးသပ်နေကြပါတယ်။

Ref: gcaptain
MKF-001

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ကမ္ဘာ့သတင်း

ခရိုင်းမီးယားဆိပ်ကမ်း ယူကရိန်းဒရုန်းတွေနဲ့ တိုက်ခိုက်လို့ ရုရှားဘက်က သေဆုံးမှုရှိပြီး ဒဏ်ရာရသူများပြား

ဇူလိုင် ၂၃ ရက်အစောပိုင်းမှာ ယူကရိန်းဘက်က ပစ်လွှတ်လိုက်တဲ့ ဒရုန်းတွေကြောင့် ရုရှား သိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားဒေသက ဆီဗက်စတိုဗိုဆိပ်ကမ်းမှာ ပေါက်ကွဲမှုတွေဖြစ်ပေါ်ခဲ့ပြီး သေဆုံးမှုရှိသလို
ကမ္ဘာ့သတင်း

၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာမှာ HIV ပိုးရှိသူ သန်း ၄၀ နီးပါးရှိပြီး မိနစ်တိုင်း သေဆုံးနေခဲ့ရ

AIDS ရောဂါ ကမ္ဘာမှာကင်းစင်သွားရေး အဓိကလုပ်ဆောင်နေတဲ့ ကုလသမဂ္ဂ အေဂျင်စီ UNAIDS က ၂၀၂၃ ခုနှစ် အတွင်း ကမ္ဘာမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

အစိုးရအလုပ်ခွဲတမ်းသတ်မှတ်ချက် အများစု ပယ်ဖျက်ပေမယ့် ဘင်္ဂလားဒေ့ရှ်ကျောင်းသား ဆန္ဒပြမှု မရပ်ဆိုင်းသေး

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာ ၂၀၁၈ ခုနှစ်က တင်သွင်းတဲ့ ဘွဲ့ရပြီး အစိုးရအလုပ်အကိုင် ခန့်ထားမှုမှာ တော်လှန်ရေးစစ်ပြန်ဟောင်း မိသားစုဝင်တွေိကို ရာခိုင်နှုန်းသတ်မှတ် ခန့်အပ်ဖို့အစီအစဉ် ပြန်လည် အသက်သွင်းလာလို့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဖြစ်ပေါ်ခဲ့တဲ့ ကျောင်းသားလှုပ်ရှားမှုဟာ ဇူလိုင် ၂၁

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

Microsoft 365 App ကမ္ဘာလုံးဆိုင်ရာ ဆိုင်ဘာကွန်ရက် ပြတ်တောက်လို့ လေကြောင်း၊ တယ်လီကွန်း၊ ဘဏ္ဍာရေးနဲ့ ဘဏ်လုပ်ငန်းများ ကမောက်ကမဖြစ်

ဇူလိုင် ၁၉ ရက်နေ့ မွန်းလွဲပိုင်းမှာ ကမ္ဘာကျော်အမေရိကန်နည်းပညာကုမ္ပဏီကြီး Microsoft တီထွင်ထုတ်လုပ်တဲ့ Microsoft 365 App ဟာ Window အော်ပရေးရှင်းစနစ်ပြတ်တောက်သွားခဲ့လို့ လေကြောင်းလိုင်း၊ တယ်လီကွန်း၊ ဘဏ္ဍာရေးနဲ့ ဘဏ်လုပ်ငန်းတွေ ရပ်ဆိုင်းလို့ အနှောင့်အယှက်ကြီးစွာ ဖြစ်ပွားနေရပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ထိုင်ဝမ်ကို လက်နက်ရောင်းချနေလို့ အမေရိကန်နဲ့ နျူကလီးယားထိန်းချုပ်ရေး သဘောတူညီချက် တရုတ် ရပ်ဆိုင်း

တရုတ်အစိုးရက အမေရိကန်ဟာ ထိုင်ဝမ်ကို လက်နက်တွေ ဆက်လက် ရောင်းချပေးနေလို့ နှစ်နိုင်ငံကြား နျူကလီးယားထိန်းချုပ်ရေး ဆွေးနွေးမှုတွေကို ရပ်ဆိုင်းကြောင်း ဇူလိုင် ၁၇ ရက်နေ့မှာ ထုတ်ပြန်သွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ဒေါ်နယ်ထရမ့်ကို လုပ်ကြံမှုနောက်မှာ ခိုင်းစေသူလို့ စွပ်စွဲခံရမှု အီရန် ငြင်းပယ်

ဇူလိုင် ၁၃ ရက်နေ့က ပန်ဆယ်ဗေးနီးယားပြည်နယ် စည်းရုံးဟောပြောပွဲမှာ အမေရိကန် သမ္မတဟောင်း ရီပါဘလစ်ကန်ပါတီ အကြီးအကဲ ဒေါ်နယ်ထရမ့်ကို အထက်တန်းကျောင်းသားလေးက သေနတ်နဲ့ပစ်ခတ်လုပ် ကြံမှုနောက်ကွယ်မှာ စေခိုင်းသူဟာ အီရန်ဖြစ်တယ်လို့ ဇူလိုင် ၁၆ ရက်နေ့က CNN သတင်းက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

အမ်ဘာနီ မင်္ဂလာပွဲ ဗြိတိန်မင်းသား ဟယ်ရီမင်္ဂလာဆောင်ထက် ၁၅ ဆ ပိုကုန်ပြီး ပေါင် ၅၆၃ သန်းကုန်တဲ့ ကမ္ဘာ့အခမ်းနားဆုံး မင်္ဂလာပွဲဖြစ်ခဲ့

အိန္ဒိယနိုင်ငံ အချမ်းသာဆုံးပုဂ္ဂိုလ် မူကက်ရှ်အမ်ဘာနီ ရဲ့သား အန်းနန့်အမ်ဘာနီနဲ့ ဆေးဝါးထုတ်လုပ်မှုလုပ်ငန်း အမွေဆက်ခံသူ ရတ်ဟီကာမားချန့်တို့ရဲ့ မင်္ဂလာပွဲဟာ ပေါင် ၅၆၃ သန်း ကုန်ချခဲ့ပြီး ဗြိတိန်မင်းသား ဟယ်ရီနဲ့ ကြင်ယာ မဂ္ဂဟန်တို့ ပေါင် ၃၄ သန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

အမေရိကန် ဒုံးကျည်တွေ ဥရောပမှာ အခြေစိုက်ရင် ဥရောပဟာ ရုရှားဒုံးကျည်တွေရဲ့ ပစ်မှတ်ဖြစ်ပြီလို့ ပက်စ်ကော့ဗ် ခြိမ်းခြောက်

ရုရှား ကရင်မလင်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ကော့ဗ် က အမေရိကန်ရဲ့ ဒုံးကျည်တွေကို ဥရောပမှာ အခြေစိုက်ထားရှိခြင်းဟာ ရုရှားကို ပစ်မှတ်ချိန်ရွယ်တာဖြစ်လို့ ရုရှားရဲ့ ဒုံးကျည်တွေရဲ့ ပစ်မှတ်ဟာလည်း ဥရောပ ဖြစ်သွားစေရမယ်လို့ ခြိမ်းခြောက်ပြောဆိုသွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now