ကမ္ဘာ့သတင်း

ဖိလစ်ပိုင်မှာ မြို့တော်ဝန်အိမ်ကို သေနတ်သမား‌တွေ လာပစ်၊ မြို့တော်ဝန်အပါ ၆ ဦးသေဆုံး

မဲခေါင် 5 Mar - 2023
မဲခေါင်၊ မတ် ၅ မတ် ၄ ရက်နေ့ မနက်ပိုင်းက ဖိလစ်ပိုင်နိုင်ငံ နီဂရို့စ်အိုရီယန်တယ်ခရိုင်မြို့တော်ဝန်ကို သူနေထိုင်ရာ နေအိမ်ဝန်း ထဲအထိ သေနတ်သမားတွေ ဝင်ရောက်ပစ်သတ်မှုဖြစ်ပွားခဲ့ပြီး မြို့တော်ဝန်အပြင် တခြား ၅ ဦး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

မဲခေါင်၊ မတ် ၅

မတ် ၄ ရက်နေ့ မနက်ပိုင်းက ဖိလစ်ပိုင်နိုင်ငံ နီဂရို့စ်အိုရီယန်တယ်ခရိုင်မြို့တော်ဝန်ကို သူနေထိုင်ရာ နေအိမ်ဝန်း ထဲအထိ သေနတ်သမားတွေ ဝင်ရောက်ပစ်သတ်မှုဖြစ်ပွားခဲ့ပြီး မြို့တော်ဝန်အပြင် တခြား ၅ ဦး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

မြို့တော်ဝန် ရိုအယ်ဒီဂမိုဟာ တပည့်တပန်းတွေနဲ့ မဲဆန္ဒနယ်တွေအတွက် လိုအပ်တဲ့ ကူညီထောက်ပံ့မှုတွေ သွားပေးဖို့ ပြင်ဆင်နေချိန် သေနတ်ကိုင်ဆောင်ထားတဲ့ စစ်ယူနီဖောင်းပုံစုံတူဝတ်ထားတဲ့လူ ၆ ယောက်ဟာ နေအိမ်ခြံတံခါးကနေ ဝင်လာပြီး ချက်ချင်းဆိုသလို အနီးကပ် ဝိုင်းဝန်းပစ်ခတ်သတ်ဖြတ်တဲ့ စီစီတီဗီ ဗီဒီယို မှတ်တမ်းလည်း ထွက်ပေါ်လာခဲ့ပါပြီ။

အသက် ၅၆ နှစ်ရှိပြီဖြစ်တဲ့ ရိုအယ်ဒီဂမိုကို လာရောက်ပစ်သတ်သူတွေဟာ SUV ကားတစ်စီး၊ ပစ်ကပ်ကားတစ်စီး နဲ့ လာရောက်ခဲ့တာဖြစ်ပြီး သေနတ်သမား ၆ ယောက်အပြင် နောက်ထပ် ၄ ယောက်လည်းပါလာခဲ့ကြောင်း၊ ဒီလုပ်ကြံမှုအပြီး အနီးအနားက မြို့တစ်မြို့မှာ ကားတွေကို စွန့်ပစ်ခဲ့ကြကြောင်း ဒေသဆိုင်ရာရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ကတော့ လူမဆန်စွာရက်စက်လုပ်ကြံသူတွေအတွက် အသက်သာနိုင်ဆုံးက လက်နက်ချပြီး ဖမ်းဆီးခံကြဖို့သာရှိတယ်လို့ သတိပေးထုတ်ပြန်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံရဲ့ ဒေသဆိုင်ရာတွေမှာ ရွေးကောက်ပွဲနီးတိုင်း အစိုးရတာဝန်ရှိအကြီးအကဲတွေအပေါ် လုပ်ကြံသတ်ဖြတ်မှုတွေ အများအပြားရှိခဲ့ပြီး မနှစ်ကရွေးကောက်ပွဲမတိုင်ခင်မှာလည်း အနည်းဆုံး နိုင်ငံရေးသမား ၃ ဦး ပစ်သတ်ခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက နိုင်ငံတောင်ပိုင်း လာနာအိုဒယ်လ်ဆားခရိုင်က မြို့တော်ဝန် မာမင်တယ်အက်ဒီယွန်းကို သေနတ်သမားတွေ လုပ်ကြံရာမှာ ဒဏ်ရာရခဲ့ပြီး ယာဉ်မောင်းဖြစ်သူနဲ့ အစောင့်ရဲတပ်ဖွဲ့ဝင် ၃ ဦးကတော့ သေဆုံးခဲ့ရပါ တယ်။

ဒီလထဲမှာပဲ အပါရီခရိုင် ဒုတိယမြို့တော်ဝန် အလာမီဒါနဲ့ ၅ ဦးပါအဖွဲ့ကို အဝေးပြေးလမ်းတစ်နေရာမှာ ခြုံခိုတိုက်ခိုက်ခဲ့လို့ အားလုံးသေဆုံးခဲ့ရသေးပါတယ်။

၂၀၀၉ ခုနှစ်က မာဂျင်ဒါနာအိုခရိုင်မှာ ဖြစ်ပွားခဲ့တဲ့ လုပ်ကြံမှုကတော့ အဆိုးရွားဆုံးဖြစ်ခဲ့ပြီး တောင်ပိုင်း ရာဇဝတ် ဂိုဏ်းတစ်ခုက အတိုက်အခံပါတီခေါင်းဆောင်ရဲ့ ဇနီးနဲ့မိသားစုဝင်တွေရယ်၊ ထောက်ခံအားပေးသူရယ်၊ ဂျာနယ်လစ် ၃၂ ယောက်အပါ စုစုပေါင်း ၅၈ ယောက်ကို သတ်ခဲ့လို့ ၂ ဒါဇင်ရှိတဲ့ လုပ်ကြံသတ်ဖြတ်သူတွေကို တစ်သက်တစ်ကျွန်းထောင်ဒဏ်ချခဲ့ရမှုဖြစ်ပွားခဲ့ပါတယ်။

MKF – 001
Ref: thethaiger

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

ကမ္ဘာ့သတင်း

ပြင်းအား ၆ ဒသမ ၅ ငလျင်လှုပ်ခတ်လို့ ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်မှာ သေဆုံးဒဏ်ရာရမှုများ

မဲခေါင်၊ မတ် ၂၃ အာဖဂန်နစ္စတန်နိုင်ငံကို ဗဟိုပြုပြီး ပြီးခဲ့တဲ့ မတ် ၂၁ ရက်၊ အင်္ဂါနေ့၊ ဒေသစံတော်ချိန် ည
ကမ္ဘာ့သတင်း

BRICS အစည်းအဝေး မှာ ပူတင်ကို တောင်အာဖရိကအစိုးရ ဖမ်းပေးဖို့ ငြင်းဆန်ဖွယ်ရှိ

မဲခေါင်၊ မတ် ၂၁ စစ်ရာဇဝတ်မှုနဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ရုရှားသမ္မတပူတင် တောင်အာဖရိကနိုင်ငံမှာ BRICS အစည်းအဝေး လာတက်ပါက တောင်အာဖရိက အစိုးရအနေနဲ့
ကမ္ဘာ့သတင်း

စစ်ပွဲအတွက် လေ့ကျင့်မှုအားလုံး ပြင်ဆင်တာဆိုပြီး မြောက်ကိုရီးယား တာတိုပစ်ဒုံးတွေ ထပ်ပစ်

မဲခေါင်၊ မတ် ၁၉ တောင်ကိုရီးယား အာဏာပိုင်တွေက ဒီကနေ့ မနက် ဒေသစံတော်ချိန် ၁၁ နာရီ ၅ မိနစ်မှာ မြောက်ကိုရီးယား ဟာ ဂျပန်ပင်လယ်ထဲကို တာတိုပစ် ဒုံးကျည်တွေ ပစ်လွှတ်ခဲ့တယ်လို့ အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။
ကမ္ဘာ့သတင်း

အမေရိကန် MQ-9 ဒရုန်းကိုပျက်ကျစေတဲ့ လေယာဉ်မှူး ၂ ယောက်ကို ရုရှားနိုင်ငံတော် ဂုဏ်ထူးဆောင်ဆု ပေးအပ်

မဲခေါင်၊ မတ် ၁၈ ပြီးခဲ့တဲ့ ရက်ပိုင်းက နိုင်ငံတကာ လေပိုင်နက်ဖြစ်တဲ့ ပင်လယ်နက်ပေါ်မှာ ပျံသန်းနေတဲ့ အမေရိကန် မောင်းသူမဲ့ ထောက်လှမ်းရေး ဒရုန်း MQ-9 Reaper ကို ပျက်ကျသွားအောင် စွမ်းဆောင်ခဲ့တဲ့ ရုရှား Su-27
ကမ္ဘာ့သတင်း

ပူတင်ကို ဖမ်းဝရမ်းထုတ်တဲ့ ICC မှာ ရုရှားတွေကို တရားစီရင်ပိုင်ခွင့် မရှိဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တုံ့ပြန်

မဲခေါင်၊ မတ် ၁၈ နိုင်ငံတကာ ရာဇဝတ်မှု တရားရုံးဖြစ်တဲ့ ICC က ရုရှား သမ္မတပူတင်ဟာ ယူကရိန်းစစ် အတွင်း စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့ပြီး ယူကရိန်း ကလေးငယ်များစွာကို ရုရှားနိုင်ငံဆီ ပြန်ပေးဆွဲ ခေါ်ဆောင်မှုနဲ့ မတ်
ကမ္ဘာ့သတင်း

မြန်မာနိုင်ငံက လက်နက်ခဲယမ်းတွေဝယ်ဖို့ ရုရှားဆွေးနွေးနေကြောင်း ယူကရိန်းထောက်လှမ်းရေး ထုတ်ပြန်

မဲခေါင်၊ မတ် ၁၈ ရုရှားအစိုးရဟာ ယူကရိန်းကျူးကျော်စစ်တစ်နှစ်ကျော်လာချိန် လက်နက်ခဲ့ယမ်းမလောက်ငှမှု ပြဿနာကြောင့် အများအပြားဝယ်ယူနိုင်ဖို့ မြန်မာစစ်အစိုးရဆီပါ ကမ်းလှမ်းဆွေးနွေးနေတယ်လို့ ယူကရိန်းစစ်ထောက်လှမ်းရေး ဒုတိယရာထူးအကြီးဆုံးဖြစ်တဲ့ ဗာဒင်စကီဘစ်စကီးက မတ် ၁၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ကမ္ဘာ့သတင်း

ရှီကျင်းဖျင်နဲ့ အနီးကပ်ရှိခဲ့သူ လီကျင်း တရုတ်ဝန်ကြီးချုပ်သစ် ဖြစ်လာ

မဲခေါင်၊ မတ် ၁၁ တရုတ် ပြည်သူ့လွှတ်တော်က မတ် ၁၀ ရက်နေ့မှာ ဆန္ဒမဲ ကောက်ခံပြီး လီချန်းကို နိုင်ငံဝန်ကြီးချုပ်အဖြစ် ခန့်အပ်ကြောင်း အတည်ပြုခဲ့ပါတယ်။
ကမ္ဘာ့သတင်း

မိုဘိုင်းဖုန်းကနေ ဘတ် ၅သောင်းအထက်ငွေလွှဲရင် မျက်နှာစကင်ဖတ်စနစ် မဖြစ်မနေသုံးဖို့ ထိုင်းဗဟိုဘဏ် အမိန့်ထုတ်

မဲခေါင်၊ မတ် ၁၁ ဆိုက်ဘာလိမ်လည်မှုတွေ များလွန်းလာတာကြောင့် ထိုင်းဗဟိုဘဏ်ဟာ နိုင်ငံအတွင်းက ဘဏ်တွေအားလုံး မိုဘိုင်းဘဏ်အကောင့်မူဝါဒသစ်တွေ ချမှတ်ပေးပြီး အကောင့်ပိုင်ရှင်တွေဟာ ငွေပမာဏများများလွှဲရင် ဇီ၀စကင်န်ဖတ်မှုတွေ မဖြစ်မနေ လုပ်ရတော့ပါမယ်။