ကမ္ဘာ့သတင်း

ပြင်းထန် ငလျင်ကြောင့် တူရကီနဲ့ ဆီးရီးယားမှာ  သေဆုံးသူ  ၁၁,၀၀၀ ကျော်လာ 

မဲခေါင် 8 Feb - 2023
တူရကီတောင်ပိုင်းနဲ့ ဆီးရီးယား မြောက်ပိုင်းမှာ လှုပ်သွားခဲ့တဲ့ ငလျင်ဒဏ်ကြောင့် သေဆုံးသူဟာ ဖေဖော်ဝါရီ ၈ ရက်မှာ ၉၀၀၀ ကျော် ရှိလာပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၈

တူရကီတောင်ပိုင်းနဲ့ ဆီးရီးယား မြောက်ပိုင်းမှာ လှုပ်သွားခဲ့တဲ့ ငလျင်ဒဏ်ကြောင့် သေဆုံးသူဟာ ဖေဖော်ဝါရီ ၈ ရက်မှာ ၁၁,၀၀၀ ကျော် ရှိလာပါတယ်။

ပြင်းအား ၇ ဒဿမ ၈ နဲ့ ၇ ဒဿမ ၅ ရှိတဲ့ ငလျင်နှစ်ခု နာရီပိုင်းသာခြားပြီး လှုပ်ခတ်ခဲ့တဲ့အတွက် မြို့ကြီး ၁၂ မြို့မှာ တိုက်တာအဆောက်အအုံတွေများစွာ ပြိုကျပျက်ဆီးခဲ့ပြီး  တူရကီနိုင်ငံမှာ  ရက်ရှည် နိုင်ငံတော်အရေးပေါ် အခြေအနေကြေညာထားရပါတယ်။

နိုင်ငံတကာက ကယ်ဆယ်ရေးနဲ့ကူညီထောက်ပံ့ရေးအဖွဲ့တွေနဲ့ အပျက်အစီးပုံတွေကြား နေ့ညမပြတ် အသက်ရှင်သူတွေကို ကယ်ထုတ်နိုင်ရေး လုပ်ဆောင်နေကြပါတယ်။ 

တူရကီ သဘာ၀ဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနက သူတို့နိုင်ငံမှာ ဒီနေ့အထိ သေဆုံးသူပေါင်း ၇၁၀၈ ဦးရှိနေပြီ ဖြစ်ကြောင်း ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ထုတ်ပြန်ခဲ့တယ်။ ဆီးရီးယားအစိုးရကလည်း သေဆုံးသူပေါင်း ၂၅၀၀ ကျော်သွားခဲ့ပြီလို့ ထုတ်ပြန်ခဲ့ပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် အနည်းဆုံး အီးယူ ၁၉ နိုင်ငံအပြင်ရုရှား၊ တရုတ်၊ ပါလက်စတိုင်း၊ လက်ဘနွန်၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဩစတြေးလျနိုင်ငံတွေကပါ ကျွမ်းကျင်သူတွေကို စေလွှတ်ထားပြီး တရုတ်နိုင်ငံက ဒေါ်လာ ၄ ဒဿမ ၄ သန်းကို ဆီးရီးယားအတွက် လှူဒါန်ပေးအပ်ခဲ့ပါတယ်။ 

ငလျင်လှုပ်အပြီး နာရီ ၅၀ ကြာတဲ့အထိ အပျက်အစီးတွေကြားမှာ ပိတ်မိနေတဲ့ မိသားစုပေါင်းများစွာ ကျန်ရှိနေ သေးလို့ သေဆုံးမှုနှုန်း ထပ်ပြီးမြင့်တက်လာမှာလည်း စိုးရိမ်နေကြရပါတယ်။ 

အစ္စရေးစစ်တပ်က ငလျင်ဒဏ်သင့် ဒေသတွေမှာ ကူညီဖို့ အင်ဂျင်နီယာ ၁၅၀ ပါတဲ့ ကယ်ဆယ်ရေးအဖွဲ့၊ ဆရာဝန်နဲ့ ဆေးဘက်ဆိုင်ရာ လုပ်အားပေး တွေကို တူရကီနဲ့ ဆီးရီးယားကို စေလွှတ်ကူညီထားပါတယ်။

MKF-001

#Mekongnews

Ref: dw

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

ကမ္ဘာ့သတင်း

စစ်ပွဲအတွက် လေ့ကျင့်မှုအားလုံး ပြင်ဆင်တာဆိုပြီး မြောက်ကိုရီးယား တာတိုပစ်ဒုံးတွေ ထပ်ပစ်

မဲခေါင်၊ မတ် ၁၉ တောင်ကိုရီးယား အာဏာပိုင်တွေက ဒီကနေ့ မနက် ဒေသစံတော်ချိန် ၁၁ နာရီ ၅ မိနစ်မှာ
ကမ္ဘာ့သတင်း

အမေရိကန် MQ-9 ဒရုန်းကိုပျက်ကျစေတဲ့ လေယာဉ်မှူး ၂ ယောက်ကို ရုရှားနိုင်ငံတော် ဂုဏ်ထူးဆောင်ဆု ပေးအပ်

မဲခေါင်၊ မတ် ၁၈ ပြီးခဲ့တဲ့ ရက်ပိုင်းက နိုင်ငံတကာ လေပိုင်နက်ဖြစ်တဲ့ ပင်လယ်နက်ပေါ်မှာ ပျံသန်းနေတဲ့ အမေရိကန် မောင်းသူမဲ့ ထောက်လှမ်းရေး
ကမ္ဘာ့သတင်း

ပူတင်ကို ဖမ်းဝရမ်းထုတ်တဲ့ ICC မှာ ရုရှားတွေကို တရားစီရင်ပိုင်ခွင့် မရှိဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တုံ့ပြန်

မဲခေါင်၊ မတ် ၁၈ နိုင်ငံတကာ ရာဇဝတ်မှု တရားရုံးဖြစ်တဲ့ ICC က ရုရှား သမ္မတပူတင်ဟာ ယူကရိန်းစစ် အတွင်း စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့ပြီး ယူကရိန်း ကလေးငယ်များစွာကို ရုရှားနိုင်ငံဆီ ပြန်ပေးဆွဲ ခေါ်ဆောင်မှုနဲ့ မတ်
ကမ္ဘာ့သတင်း

မြန်မာနိုင်ငံက လက်နက်ခဲယမ်းတွေဝယ်ဖို့ ရုရှားဆွေးနွေးနေကြောင်း ယူကရိန်းထောက်လှမ်းရေး ထုတ်ပြန်

မဲခေါင်၊ မတ် ၁၈ ရုရှားအစိုးရဟာ ယူကရိန်းကျူးကျော်စစ်တစ်နှစ်ကျော်လာချိန် လက်နက်ခဲ့ယမ်းမလောက်ငှမှု ပြဿနာကြောင့် အများအပြားဝယ်ယူနိုင်ဖို့ မြန်မာစစ်အစိုးရဆီပါ ကမ်းလှမ်းဆွေးနွေးနေတယ်လို့ ယူကရိန်းစစ်ထောက်လှမ်းရေး ဒုတိယရာထူးအကြီးဆုံးဖြစ်တဲ့ ဗာဒင်စကီဘစ်စကီးက မတ် ၁၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ကမ္ဘာ့သတင်း

ရှီကျင်းဖျင်နဲ့ အနီးကပ်ရှိခဲ့သူ လီကျင်း တရုတ်ဝန်ကြီးချုပ်သစ် ဖြစ်လာ

မဲခေါင်၊ မတ် ၁၁ တရုတ် ပြည်သူ့လွှတ်တော်က မတ် ၁၀ ရက်နေ့မှာ ဆန္ဒမဲ ကောက်ခံပြီး လီချန်းကို နိုင်ငံဝန်ကြီးချုပ်အဖြစ် ခန့်အပ်ကြောင်း အတည်ပြုခဲ့ပါတယ်။
ကမ္ဘာ့သတင်း

မိုဘိုင်းဖုန်းကနေ ဘတ် ၅သောင်းအထက်ငွေလွှဲရင် မျက်နှာစကင်ဖတ်စနစ် မဖြစ်မနေသုံးဖို့ ထိုင်းဗဟိုဘဏ် အမိန့်ထုတ်

မဲခေါင်၊ မတ် ၁၁ ဆိုက်ဘာလိမ်လည်မှုတွေ များလွန်းလာတာကြောင့် ထိုင်းဗဟိုဘဏ်ဟာ နိုင်ငံအတွင်းက ဘဏ်တွေအားလုံး မိုဘိုင်းဘဏ်အကောင့်မူဝါဒသစ်တွေ ချမှတ်ပေးပြီး အကောင့်ပိုင်ရှင်တွေဟာ ငွေပမာဏများများလွှဲရင် ဇီ၀စကင်န်ဖတ်မှုတွေ မဖြစ်မနေ လုပ်ရတော့ပါမယ်။
ကမ္ဘာ့သတင်း

VIP ထောင်ခန်းတွေ ဝယ်နေနိုင်တယ်ဆိုတဲ့သတင်း ထိုင်းအကျဉ်းဦးစီးဌာန ငြင်းဆို

မဲခေါင်၊ မတ် ၁၀ ထိုင်းနိုင်ငံ အကျဉ်းထောင်တွေထဲမှာ ဗီအိုင်ပီခန်းတွေ ဝယ်နေလို့ရတယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်မှုတွေ ထွက်ပေါ်နေတာကို ထိုင်းအကျဉ်းဦးစီးဌာနက ငြင်းဆိုသွားခဲ့ပါတယ်။
ကမ္ဘာ့သတင်း

နျူကလီးယား တိုက်ခိုက်မှုကြောင့် ဓာတ်ရောင်ခြည်သင့် ကာကွယ်ဆေးတွေသောက်ထားဖို့ သတိပေးချက်ကြောင့် ရုရှားတွေ ဝရုန်းသုန်းကားဖြစ်

မဲခေါင်၊ မတ် ၁၀ ရုရှားနိုင်ငံမှာ နျူကလီးယား တိုက်ခိုက်ခံရပြီဆိုပြီး မတ် ၉ ရက်နေ့က ရုပ်သံတွေ၊ ရေဒီယိုတွေကနေ အန္တရာယ် သတိပေးဥဩသံတွေ ထွက်ပေါ်ခဲ့လို့ ဝရုန်းသုန်းကား ဖြစ်ခဲ့ရပါတယ်။