ကမ္ဘာ့သတင်း

နိုင်ငံတကာသံရုံး တစ်ဒါဇင်အထိ ပိတ်ဖို့ မြောက်ကိုရီးယား ပြင်ဆင်နေ

မဲခေါင် 2 Nov - 2023
အထီးကျန်ဆန်စွာ သီးခြားနေထိုင်နေတဲ့ အာဏာရှင်ကင်ဂျုံအန်ရဲ့ မြောက်ကိုရီးယားနိုင်ငံဟာ ပိတ်ဆို့အရေးယူခံရ မှုတွေသာ တိုးတိုးနေလို့ နိုင်ငံတကာသံတမန်ဆက်ဆံရေး ကဏ္ဍအပေါ် ဖြတ်တောက်မှုအဖြစ် ကမ္ဘာတစ်ဝန်းမှာ ဖွင့်ထားတဲ့ သံရုံး တစ်ဒါဇင်အထိကို မကြမီပိတ်သိမ်းသွားဖို့ စီစဉ်နေပြီဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံ ပေါင်းစည်းရေးဝန်ကြီးဌာနက အောက်တိုဘာ ၃၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

မဲခေါင်၊ နိုဝင်ဘာ ၂

အထီးကျန်ဆန်စွာ သီးခြားနေထိုင်နေတဲ့ အာဏာရှင်ကင်ဂျုံအန်ရဲ့ မြောက်ကိုရီးယားနိုင်ငံဟာ မှုတွေသာ တိုးတိုးနေလို့ နိုင်ငံတကာသံတမန်ဆက်ဆံရေး ကဏ္ဍအပေါ် ဖြတ်တောက်မှုအဖြစ် ကမ္ဘာတစ်ဝန်းမှာ ဖွင့်ထားတဲ့ သံရုံး တစ်ဒါဇင်အထိကို မကြာမီပိတ်သိမ်းသွားဖို့ စီစဉ်နေပြီဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံ ပေါင်းစည်းရေးဝန်ကြီးဌာနက အောက်တိုဘာ ၃၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

အောက်တိုဘာ ၃၀ ရက်နေ့မှာပဲ မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာ KCNA က သူတို့ သံအမတ်တွေကို အန်ဂိုလာနဲ့ ယူဂန္ဓာနိုင်ငံက ခေါင်းဆောင်တွေနဲ့ သွားရောက်နှုတ်ဆက်ပြီး သံရုံးပိတ်ပြန်လာကြဖို့ စီစဉ်ပေးခဲ့တဲ့အကြောင်း တရားဝင် ထုတ်ပြန်ပါတယ်။ မြောက်ကိုရီးယားဟာ ပုံမှန် ဆက်ဆံမှုအဖြစ် ၁၅၉ နိုင်ငံနဲ့ ဆက်ဆံပြီး သံတမန်မစ်ရှင်ဆက်ဆံရေးအဖြစ် သံရုံးသွားဖွင့်ပြီး ဆက်ဆံတဲ့ နိုင်ငံ ၅၃ နိုင်ငံသာ ရှိပါတယ်။

ဒါပေမဲ့ နျူကလီးယားတိုးမြှင့်ထုတ်လုပ်နေမှုနဲ့ပတ်သက်လို့ တစ်ကမ္ဘာလုံးက မြောက်ကိုရီးယားကို ပိတ်ဆို့အရေး ယူမှုတွေ ဆက်တိုက်လုပ်နေခြင်းဟာ မျှော်လင့်သလို သံတမန်ဆက်ဆံရေးကနေ ဘာအကျိုးပြုမှုမှ မပေးနိုင်တဲ့ အတွက် ကင်ဂျုံအန်ဟာ ပလဲပနံသင့် အစဉ်အလာအရ သံတမန်ဆက်ဆံရေးလုပ်တဲ့ နိုင်ငံတွေလောက်မှာသာ သံရုံးဆက်လက်ထားရှိပြီး စပိန်၊ ဟောင်ကောင် နဲ့ အာဖရိကနိုင်ငံအများအပြားမှာ သံရုံးတွေကို ပိတ်ခိုင်းထားတာ ဖြစ်ပါတယ်။

စပိန်ဟာ မြောက်ကိုရီးယားကို ပိတ်ဆို့အရေးယူတဲ့နိုင်ငံထဲပါဝင်တဲ့အတွက် နိုဝင်ဘာ ၁ ရက်နေ့မှာ ပဲ မက်ဒရစ်မြို့မှာ အခြေစိုက်တဲ့ မြောက်ကိုရီးယားသံရုံးကို ကင်ဂျုံအန်က ပိတ်ခိုင်းကြောင်း စာရွက်စာတမ်း အထောက်အထားတွေ ထွက်ပေါ်လာပြီဖြစ်ပါတယ်။

တစ်ဒါဇင်လောက်ရှိတဲ့ နိုင်ငံတကာသံရုံးတွေကို ပိတ်ခြင်းဟာ မြောက်ကိုရီးယားအတွက် နိုင်ငံတကာ သံတမန် ဆက်ဆံရေးရှိရင်းစွဲထဲက ၂၅ ရာခိုင်နှုန်းကို ပိတ်သိမ်းတာဖြစ်လို့ ဒီလုပ်ရပ်ဟာ နိုင်ငံစီးပွားရေးကျပ်တည်းလွန်းနေ တဲ့ မြောက်ကိုရီးယားကို ပိုပြီး ဆိုးရွားကျပ်တည်းသွားစေဖို့သာ ရှိကြောင်း မြောက်ကိုရီးယား ဗဟိုပြု ဝက်ဘ်ဆိုက် NK Pro ထူထောင်သူ ချက်ဒ်အိုကာရိုးက သုံးသပ်သွားပါတယ်။

Ref: tbsnews
MKF-001

#MeKongNews

#မြောက်ကိုရီးယား

#သံရုံး

#ပိတ်ပင်

#အဆက်ဖြတ်

#နိုင်ငံတကာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ကမ္ဘာ့သတင်း

မြောက်ကိုရီးယားမှ ထွက်ပြေးလာတဲ့ လူဦးရေ ၆၀၀ ကို တရုတ်ပြန်ပို့၊ သတ်ဖြတ်လိုက်မှာ လူ့အခွင့်အရေးအဖွဲ့တွေ စိုးရိမ်

တရုတ်နဲ့ မြောက်ကိုရီးယားတို့ဟာ မဟာမိတ်သဘောတူညီချက်အရ ထွက်ပြေးလာတဲ့ မြောက်ကိုရီးယားသား ထောင်ပေါင်းများစွာကို ဖမ်းဆီးထိန်းသိမ်းထားပြီး အောက်တိုဘာလအတွင်းက ပြန်ပို့ဆောင်ပေး လိုက်တဲ့ အယောက် ၆၀၀
ကမ္ဘာ့သတင်း

နိုင်ငံသစ္စာဖောက် လွှတ်တော်အမတ် ၂ ဦးကို ယူကရိန်း သုတ်သင်

ယူကရိန်းထောက်လှမ်းရေးအဖွဲ့ SBU အေဂျင်စီဟာ နိုင်ငံအပေါ် သစ္စာဖောက်ပြီးပူတင်ဘက်တော်သားအဖြစ် ရုရှားက ယူကရိန်းကိုကျူးကျော်ဖို့ ပါဝင်တိုက်တွန်းခဲ့တဲ့ နိုင်ငံလွှတ်တော် အမတ်ဟောင်း ၂ ဦးကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ခရစ္စမတ်ကာလ အကြမ်းဖက်တိုက်ခိုက်ခံရမှုများနိုင်လို့ ဥရောပကော်မရှင် လုံခြုံရေးစားရိတ် ပေါင် ၂၆ သန်း ထပ်တိုးမြှင့်

အစ္စရေး-ဟားမက်စ် စစ်ပွဲကြောင့် ဘာသာရေးအစွဲနဲ့ မုန်းတီးမှုမှုခင်းတွေတိုးလာတာကြောင့် ခရစ္စမတ်ကာလအတွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေ အများအပြားရှိလာနိုင်လို့ လုံခြုံရေးစားရိတ် ပေါင် ၂၆ သန်း တိုးမြှင့်သုံးစွဲ မယ်လို့ ဥရောပကော်မရှင်က ထုတ်ပြန်ကြေညာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

အင်ဒိုနီးရှား မီးတောင်ပေါက်ကွဲမှု သေဆုံးသူ ၂၃ ဦးအထိ ရှိလာ

ဒီဇင်ဘာ ၃ ရက် တနင်္ဂနွေနေ့က ပေါက်ကွဲခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံ အနောက်ဆူမားတြားကျွန်းအနီးက မာရာပီ မီးတောင် ပေါက်ကွဲမှုကြောင့် သေဆုံးသူပေါင်း ၂၃ ဦးရှိပြီဖြစ်ကြောင်း ကယ်ဆယ်ရေးအသင်းက ဒီဇင်ဘာ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

အကြမ်းဖက်မှုကို ဦးဆောင်တဲ့ ဟားမက်စ်ခေါင်းဆောင်ကို သုတ်သင်နိုင်ပြီလို့ အစ္စရေးကြေညာ

အစ္စရေးနယ်စပ်မြို့ကစ်ဘတ်ဇ်ကို ဂလိုက်ဒါတွေနဲ့ ကျော်ဝင်ပြီး လူပေါင်း ၁၂၀၀ ကျော် သတ်ဖြတ်သွားတဲ့ အောက်တိုဘာ ၇ ရက်နေ့က အကြမ်းဖက်မှုကို ခေါင်းဆောင်သူ ဟားမက်စ် စစ်ခေါင်းဆောင်ကို သတ်နိုင်ခဲ့ပြီလို့ အစ္စရေးစစ်တပ်က ဒီဇင်ဘာ ၄ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

အပစ်အခတ်ရပ်စဲမှု ၇ ရက်ပြည့်ပြီး မိနစ်ပိုင်းအတွင်း အစ္စရေးနဲ့ဟားမက်စ်တို့ တိုက်ပွဲပြန်ဖြစ်

ဒီဇင်ဘာ ၁ ရက်နေ့ ဥရောပစံတော်ချိန် မနက် ၇ နာရီမှာ အစ္စရေးနဲ့ ဟားမက်စ်တို့ ဓားစာခံနဲ့အကျဉ်းသားတွေ လဲလှယ်ရေး အပစ်အခတ်ရပ်စဲထားမှု အချိန်ပြည့်မြောက်သွားပြီဖြစ်တဲ့အတွက် မိနစ်ပိုင်းအကြာမှာပဲ အစ္စရေး တပ်ဟာ ဂါဇာထဲ မြေပြင်ထိုးစစ်နဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြန်လည်လုပ်ဆောင်ခဲ့ကြောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

တရုတ်ကနေ ရုရှားဆီ လက်နက်တွေ လျှို့ဝှက်ပို့တဲ့ မိုင် ၃၀၀၀ ရှည် မြေအောက်ရထားလိုင်းကို ယူကရိန်း ဖောက်ခွဲဖျက်ဆီး

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စေတုတ္ထရာမြို့နယ်အတွင်းမှာ အခြေစိုက်တဲ့ စစ်ကောင်စီရဲ့ အမှတ် (၂၀) ကာကွယ်ရေးပစ္စည်းစက်ရုံ (က.ပ.စ ၂၀) ကို PRA (Magway) က ထုတ်လုပ်ထားတဲ့ ၆၀ မမ ဒုံး အလုံး ၂၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

အစ္စရေး-ဟားမက်စ် ယာယီအပစ်အခတ်ရပ်စဲမှု နောက်တစ်ရက်တိုး

နိုဝင်ဘာ ၃၀ ရက်နေ့ မူလ အပစ်အခတ်ရပ်စဲရေးသဘောတူထားမှု ကုန်ဆုံးဖို့ မိနစ်ပိုင်းအလိုမှ အစ္စရေးနဲ့ ဟားမက်စ်တို့ဟာ နောက်ထပ် ၂၄ နာရီ အပစ်အခတ်ရပ်စဲဖို့ သဘောတူညီမှုရခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now