ကမ္ဘာ့သတင်း

တောင်ကိုရီးယားနဲ့ အမေရိကန် ပူးပေါင်းလေ့ကျင့်မှုစပြီးနောက် တုံ့ပြန်အရေးယူမယ်လို့ မြောက်ကိုရီးယား ခြိမ်းခြောက်

မဲခေါင် 6 Mar - 2024
တောင်ကိုရီးယားနဲ့ အမေရိကန်တို့ ကိုရီးယားကျွန်းဆွယ်မှာ ၁၁ ရက်ကြာ စစ်ရေးပူးပေါင်းလေ့ကျင့်မှု စတင်ပြီး နောက်တစ်ရက်မှာပဲ မြောက်ကိုရီးယားက အမျိုးအမည်မဖော်ပြတဲ့ စစ်ရေးတုံ့ပြန်မှု လုပ်သွားမှာဖြစ်ကြောင်း ခြိမ်းခြောက် ထုတ်ပြန်သွားပါတယ်။

မဲခေါင်၊ မတ် ၅

တောင်ကိုရီးယားနဲ့ အမေရိကန်တို့ ကိုရီးယားကျွန်းဆွယ်မှာ ၁၁ ရက်ကြာ စစ်ရေးပူးပေါင်းလေ့ကျင့်မှု စတင်ပြီး နောက်တစ်ရက်မှာပဲ မြောက်ကိုရီးယားက အမျိုးအမည်မဖော်ပြတဲ့ စစ်ရေးတုံ့ပြန်မှု လုပ်သွားမှာဖြစ်ကြောင်း ခြိမ်းခြောက် ထုတ်ပြန်သွားပါတယ်။

နှစ်စဉ် ကျင်းပနေကြ တောင်ကိုရီးယား-အမေရိကန် စစ်ရေးပူးတွဲလေ့ကျင့်မှုမှာ ဒီနှစ် အင်အား နှစ်ဆ တိုးမြှင့်ပြီး ကွင်းဆင်းလေ့ကျင့်မှုပေါင်း ၄၈ ခု၊ လက်တွေ့ပစ်ခတ်မှု၊ ဗုံးကျဲမှု၊ လေကြောင်းတိုက်ခိုက်မှု၊ ဒုံးကျည် ကြားဖြတ် ပစ်ချမှု လေ့ကျင့်ခန်းတွေကိုပါ ၁၁ ရက်ကြာ ပူးပေါင်းလုပ်ဆောင်သွားမှာဖြစ်ပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှုဟာ သူတို့ မြောက်ကိုရီးယားနိုင်ငံကို ဝင်ရောက် ကျူးကျော်တိုက်ခိုက်ဖို့ နမူနာလေ့ကျင့်ပြင်ဆင်မှုတွေသာဖြစ်တယ်၊ အချုပ်အခြာအာဏာပိုင်စိုးမှုကို အနီးကပ်မဆင်မခြင် ခြိမ်းခြောက်လာတာဖြစ်တယ်ဆိုပြီး မြောက်ကိုရီးယား အစိုးရရဲ့ အမည်မဖော်ပြတဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ယောက်က နိုင်ငံပိုင်မီဒီယာမှာ ကြေညာသွားပြီး စစ်ရေး အရ တုံ့ပြန်အရေးယူမှု လုပ်သွားရမယ်လို့ပါ ခြိမ်းခြောက်ထုတ်ပြန်သွားတာဖြစ်ပါတယ်။

အမေရိကန်နဲ့တောင်ကိုရီးယားဘက်ကတော့ ဒီလေ့ကျင့်မှုတွေဟာ ကာကွယ်ရေးရည်မှန်းချက်သက်သက်သာ လေ့ကျင့်တာဖြစ်တယ်လို့ အကြိမ်ကြိမ် ဖြေရှင်းထုတ်ပြန်ပေမယ့် မြောက်ကိုရီးယားဘက်က ပထမဆုံးအကြိမ် စစ်ရေးအရ အရေးယူမှုလုပ်မယ်လို့ ထုတ်ပြန်လာခဲ့တာဖြစ်ပါတယ်။

မြောက်ကိုရီးယားအရေး ကျွမ်းကျင်သူ တွေကတော့ ဒီခြိမ်းခြောက်မှုနောက်ကွယ်မှာ မြောက်ကိုရီးယားလုပ်နိုင်တာဆိုလို့ ဒုံးကျည်တွေ စမ်းသပ် ပစ်ခတ် တာမျိုးပဲဖြစ်လိမ့်မယ်လို့ သုံးသပ်နေကြပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ ဒီနှစ်ထဲမှာပဲ ဒုံးကျည် စမ်းသပ်ပစ်ခတ်မှု ၆ ကြိမ် လုပ်ဆောင်ခဲ့ ပြီး လက်နက်ကြီး စမ်းသပ်ပစ်ခတ်မှုပေါင်းများစွာကိုလည်း ပြုလုပ်ခဲ့ကာ တောင်ကိုရီးယားဟာ သူတို့ရဲ့ အဓိက အကျဆုံး ရန်သူသာဖြစ်လို့ ပြန်လည်ပေါင်းစည်းရေးအစီအမံအဖွဲ့အစည်းအားလုံးကိုပါ ဖျက်သိမ်းခဲ့ပါတယ်။

Ref: trtworld
MKF-001

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ကမ္ဘာ့သတင်း

လေကြောင်း၊ ရေကြောင်းရန် ကာကွယ်ဖို့ ယူကရိန်းကို ဗြိတိန် စစ်ရေးအကူအညီပေး

ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဂရန့်ရှပ်က ယူကရိန်းရဲ့ လေကြောင်း၊ ရေကြောင်းရန် ကာကွယ်နိုင်ရေးအတွက် ပေါင်သန်း ၁၅၀ တန်တဲ့ စစ်ရေးအကူအညီတွေကို ပို့ဆောင်နေပြီဖြစ်ကြောင်း ထုတ်ဖော်
ကမ္ဘာ့သတင်း

ယူကရိန်းကိုပစ်တဲ့ ဒုံးကျည်တွေနဲ့ ဗြိတိန်ကို ရုရှားပစ်ရင် ဖျက်ချစရာမရှိဘူးလို့ စစ်ဗိုလ်ချုပ်ဟောင်းဆို

ဗြိတိန်ထိပ်တန်းစစ်ဗိုလ်ချုပ်ဟောင်း ရစ်ချက်ဘာရွန်နဲ့ The Sun သတင်းဌာနရဲ့ စစ်ရေးအယ်ဒီတာ ဂျရုန်း စတာကေးနဲ့ တွေ့ဆုံပြောကြားတဲ့ World at War

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ရဟတ်ယာဉ်ပျက်ကျသေဆုံးတဲ့ အီရန်သမ္မတ ဈာပန ၃ ရက်ကြာ နိုင်ငံပတ်ကျင်းပပြီး မြေမြုပ်တဲ့နေ့ ပူတင်လာဖို့ရှိ

မေ ၁၉ ရက်နေ့က ရဟတ်ယာဉ်ပျက်ကျပြီး သေဆုံးခဲ့တဲ့ အီရန် သမ္မတ အီဘရာဟင်ရိုင်ဆီ အလောင်းကို မေ ၂၁ ရက်နေ့က တာဘရစ်ဇ်မြို့ကနေ စတင်လို့ နိုင်ငံတစ်ဝန်း မြို့တွေဆီ ၃ ရက်ကြာ လှည့်ပတ်ပြသခဲ့ရာ လမ်းတွေပေါ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

သမ္မတနဲ့နိုင်ငံခြားရေးဝန်ကြီး ရဟတ်ယာဉ်ပျက်ကျသေဆုံးလို့ အောင်ပွဲခံသူတွေကိုနှိမ်နင်းဖို့ အီရန်မျိုးစောင့်ရဲတွေကို အမိန့်ပေးထား

အဇာဘိုင်ဂျန်အရှေ့ပိုင်းနယ်စပ်မှာ အီရန်သမ္မတအီဘရာဟင်ရိုင်ဆီနဲ့ နိုင်ငံခြားရေးဝန်ကြီးအပါ အစိုးရတာဝန်ရှိသူ တွေလိုက်ပါလာတဲ့ ရဟတ်ယာဉ် ပျက်ကျပြီး အားလုံးသေဆုံးကြောင်း အတည်ပြုပြီးချိန် အစိုးရအတိုက်အခံ တက်ကြွလှုပ်ရှားသူတွေဟာ မြို့တော် တီဟီရန်မှာ မီးပန်းတွေပစ်ဖောက်အောင်ပွဲခံမှုတွေ လုပ်ဆောင်ခဲ့ကြတဲ့ အတွက် အီရန်အမျိုးစောင့် ရဲတပ်ဖွဲ့တွေက အောင်ပွဲခံတဲ့သူတွေကို နှိမ်နင်းဖမ်းဆီးဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ကွန်ဂိုသမ္မတအိမ်တော် ဝင်စီးပြီး အာဏာသိမ်းကြံစည်မှု မအောင်မြင်ဘဲ ၆ ယောက်သေဆုံး၊ ဖမ်းဆီးရမိသူထဲ အမေရိကန်သား ၃ ယောက်နဲ့ ဗြိတိန်သားတစ်ယောက် ပါဝင်နေ

သမ္မတအိမ်တော်နဲ့ အနီးအနားက စီးပွားရေးဝန်ကြီးတို့ နေအိမ်တွေကို လက်နက်ကိုင်တစ်စု ဝင်ရောက်စီးနင်းပြီး အာဏာသိမ်းဖို့ ကြိုးစားခဲ့တာ မအောင်မြင်ခဲ့ဘဲ ၆ ယောက်သေဆုံးကာ ဖမ်းဆီးရမိသူတွေထဲ အမေရိကန်သား ၃ ယောက်နဲ့ ဗြိတိန်သား တစ်ယောက်ပါဝင်နေခဲ့ကြောင်း သိရှိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ပျက်ကျရဟတ်ယာဉ် ရှာတွေ့ပြီး အီရန်သမ္မတနဲ့ နိုင်ငံခြားရေးဝန်ကြီးအပါ လိုက်ပါသူအားလုံး သေဆုံး

မေ ၁၉ ရက်က အဇာဘိုင်ဂျန်နယ်စပ်ကနေ အစည်းအဝေးလုပ်ပြီးပြန်လာတဲ့ အီရန် သမ္မတ အီဘရာဟင်ရိုင်ဆီနဲ့ နိုင်ငံခြားရေးဝန်ကြီး အမီရတ်ဒိုလာဟီယန် တို့လိုက်ပါခဲ့တဲ့ ရဟတ်ယာဉ် ပျက်ကျပျောက်ဆုံးနေရာကနေ မေ ၂၀ ရက် မနက်ပိုင်းမှာတော့ ကယ်ဆယ်ရေးအဖွဲ့ပေါင်းများစွာ လိုက်ရှာရာက တူရကီလုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

မြို့ကြီးတွေရဲ့ အောက်မှာ နျူကလီးယားလက်နက်စက်ရုံတွေ အီရန် တည်ဆောက်ထုတ်လုပ်နေ

ကုလသမဂ္ဂနဲ့ နိုင်ငံတကာအင်အားကြီးနိုင်ငံက အီရန်ကို နျူကလီးယာထုတ်လုပ်မှု ထိန်းချုပ်ရေးစည်းမျဉ်းနဲ့ ပိတ်ဆို့အရေးယူထားပေမယ့် အီရန်ဟာ နိုင်ငံခရိုင်အသီးသီးရဲ့မြို့ကြီးတွေအပြင်ဘက်နား မြေအောက်ဥမင်ကြီးတွေ တူပြီး နျူကလီးယားဒုံးကျည်တွေကို အစုလိုက်အပြုံလိုက်ထုတ်လုပ်နေကြောင်း သိရှိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ရုရှားထောက်ခံ ဆလိုဗက်ကီးယားဝန်ကြီးချုပ် လုပ်ကြံခံရမှု ဥရောပကို သွေးခွဲဖို့ ပူတင်ကြံစည်တာဖြစ်နိုင်

ပြည်သူနဲ့ တွေ့ဆုံပွဲလုပ်ဖို့ ဆလိုဗက်ကီးယားဝန်ကြီးချုပ်ထွက်လာမှုမှာ သေနတ်နဲ့ အနီးကပ် ၅ ချက် ပစ်ခတ်လုပ်ကြံခံရမှုနဲ့ပတ်သက်လို့ ဒီဖြစ်စဉ်ဟာ ဥရောပရဲ့ စည်းလုံးမှုကို နှစ်ပိုင်းခွဲဖို့ ရုရှား သမ္မတပူတင်ရဲ့ နောက်ကွယ်က လုပ်ကြံမှုဖြစ်နိုင်ကြောင်း စစ်ရေးကျွမ်းကျင်သုတေသီ ဒေါက်တာကီဗင် ရိုင်လီးက သုံးသပ်ပြောဆိုသွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now