ကမ္ဘာ့သတင်း

တူရကီ-ဆီးရီးယားမှာ သေဆုံးသူ ၁၇၀၀၀ ကျော်ရှိလာ၊ အသက်ကယ်ဖို့အကောင်းဆုံးအချိန် ကျော်လွန်သွားလို့ သေဆုံးမှုဆက်လက်မြင့်တက်နိုင်

မဲခေါင် 9 Feb - 2023
တူရကီနဲ့ ဆီးရီးယားနိုင်ငံတွေကို ဗဟိုပြုလှုပ်ခတ်သွားတဲ့ အမွှာငလျင်ကြောင့် ဒီနေ့ ဖေဖော်ဝါရီ ၉ ရက်နေ့ ညနေပိုင်းအထိ သေဆုံးသူပေါင်း ၁၇၀၀၀ ကျော်သွားခဲ့ပြီဖြစ်ပါတယ်။ 

မဲခေါင်၊ ဖေဖော်ဝါရီ ၉

တူရကီနဲ့ ဆီးရီးယားနိုင်ငံတွေကို ဗဟိုပြုလှုပ်ခတ်သွားတဲ့ အမွှာငလျင်ကြောင့် ဒီနေ့ ဖေဖော်ဝါရီ ၉ ရက်နေ့ ညနေပိုင်းအထိ သေဆုံးသူပေါင်း ၁၇၀၀၀ ကျော်သွားခဲ့ပြီဖြစ်ပါတယ်။ 

ပြိုကျပျက်စီးသွားတဲ့ အဆောက်အအုံတွေဟာ တူရကီနဲ့ ဆီးရီးယားမှာ အများအပြားရှိနေပြီး အပျက်အစီးပုံတွေအောက် မရေမတွက်နိုင်သေးတဲ့ မိသားစုတွေ ရှိနေဆဲဖြစ်ပါတယ်။ 

ကပ်ဘေးတွေမှာ အသက်ရှင်လျှက်ကယ်တင်နိုင်ဖို့အခွင့်အလမ်းက ၇၂ နာရီအတွင်းကယ်ဆယ်နိုင်မှသာဖြစ်နိုင်တဲ့အတွက် ကျန်ရှိနေသေးသူတွေ အသက်အန္တရာယ် စိုးရိမ်စရာဖြစ်နေကြောင်း ကျွမ်းကျင်သူတွေက သုံးသပ်နေကြပါတယ်။ 

တူရကီသမ္မတ အာဒိုဂန်က သူ့နိုင်ငံ အစိုးရတာဝန်ရှိသူတွေဟာ အပူတပြင်းကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေပေမယ့် တုံ့ပြန်မှုနောက်ကျမှုတွေကြောင့် အကူအညီမရောက်သေးတဲ့ နေရာတွေများစွာရှိနေလို့ အားနည်းချက် တွေရှိကြောင်း မနေ့က ဝန်ခံပြောကြားသွားပါတယ်။

တူရကီ၊ ဟာတေခရိုင် မူကြိုကျောင်းဆရာတစ်ဦးက “ကျွန်တော့်တူ၊ ခယ်မ၊ ခယ်မရဲ့ ညီမတို့ဟာ အပျက်အစီးပုံ တွေအောက်မှာ ရှိနေကြဆဲပါ။ အသက်ရှင်နိုင်ဖို့လည်း မလွယ်တော့ပါဘူး။ အကူအညီတောင်းခံခဲ့တာ ၄၈ နာရီ ကြာသွားပေမယ့် တုံ့ပြန်မှုဘာမှ မရခဲ့ဘူးလို့ ဝမ်းနည်းအားငယ်စွာ ပြောသွားခဲ့တယ်။ 

ကပ်ဆိုးကြီးဆိုက်နေချိန် တူရကီမှာ ရေခဲမှတ်အောက် -၅ ဒီဂရီဆဲလ်စီးယက်စ်အထိ ကျဆင်းပြီး အေးခဲလွန်းနေ တဲ့အတွက်လည်း အပျက်အစီးပုံအောက်က လမ်းမတွေပေါ် နေထိုင်နေရတဲ့ ပြည်သူတွေအတွက်လည်း ဆိုးရွားတဲ့ ဒုက္ခတွေကို ခံစားနေကြရပါတယ်။

MKF-001

#တူရကီ 

#ဆီးရီးယား

#ငလျင်

#MeKongNews

Ref: newarab

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

ကမ္ဘာ့သတင်း

စစ်ပွဲအတွက် လေ့ကျင့်မှုအားလုံး ပြင်ဆင်တာဆိုပြီး မြောက်ကိုရီးယား တာတိုပစ်ဒုံးတွေ ထပ်ပစ်

မဲခေါင်၊ မတ် ၁၉ တောင်ကိုရီးယား အာဏာပိုင်တွေက ဒီကနေ့ မနက် ဒေသစံတော်ချိန် ၁၁ နာရီ ၅ မိနစ်မှာ
ကမ္ဘာ့သတင်း

အမေရိကန် MQ-9 ဒရုန်းကိုပျက်ကျစေတဲ့ လေယာဉ်မှူး ၂ ယောက်ကို ရုရှားနိုင်ငံတော် ဂုဏ်ထူးဆောင်ဆု ပေးအပ်

မဲခေါင်၊ မတ် ၁၈ ပြီးခဲ့တဲ့ ရက်ပိုင်းက နိုင်ငံတကာ လေပိုင်နက်ဖြစ်တဲ့ ပင်လယ်နက်ပေါ်မှာ ပျံသန်းနေတဲ့ အမေရိကန် မောင်းသူမဲ့ ထောက်လှမ်းရေး
ကမ္ဘာ့သတင်း

ပူတင်ကို ဖမ်းဝရမ်းထုတ်တဲ့ ICC မှာ ရုရှားတွေကို တရားစီရင်ပိုင်ခွင့် မရှိဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တုံ့ပြန်

မဲခေါင်၊ မတ် ၁၈ နိုင်ငံတကာ ရာဇဝတ်မှု တရားရုံးဖြစ်တဲ့ ICC က ရုရှား သမ္မတပူတင်ဟာ ယူကရိန်းစစ် အတွင်း စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့ပြီး ယူကရိန်း ကလေးငယ်များစွာကို ရုရှားနိုင်ငံဆီ ပြန်ပေးဆွဲ ခေါ်ဆောင်မှုနဲ့ မတ်
ကမ္ဘာ့သတင်း

မြန်မာနိုင်ငံက လက်နက်ခဲယမ်းတွေဝယ်ဖို့ ရုရှားဆွေးနွေးနေကြောင်း ယူကရိန်းထောက်လှမ်းရေး ထုတ်ပြန်

မဲခေါင်၊ မတ် ၁၈ ရုရှားအစိုးရဟာ ယူကရိန်းကျူးကျော်စစ်တစ်နှစ်ကျော်လာချိန် လက်နက်ခဲ့ယမ်းမလောက်ငှမှု ပြဿနာကြောင့် အများအပြားဝယ်ယူနိုင်ဖို့ မြန်မာစစ်အစိုးရဆီပါ ကမ်းလှမ်းဆွေးနွေးနေတယ်လို့ ယူကရိန်းစစ်ထောက်လှမ်းရေး ဒုတိယရာထူးအကြီးဆုံးဖြစ်တဲ့ ဗာဒင်စကီဘစ်စကီးက မတ် ၁၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ကမ္ဘာ့သတင်း

ရှီကျင်းဖျင်နဲ့ အနီးကပ်ရှိခဲ့သူ လီကျင်း တရုတ်ဝန်ကြီးချုပ်သစ် ဖြစ်လာ

မဲခေါင်၊ မတ် ၁၁ တရုတ် ပြည်သူ့လွှတ်တော်က မတ် ၁၀ ရက်နေ့မှာ ဆန္ဒမဲ ကောက်ခံပြီး လီချန်းကို နိုင်ငံဝန်ကြီးချုပ်အဖြစ် ခန့်အပ်ကြောင်း အတည်ပြုခဲ့ပါတယ်။
ကမ္ဘာ့သတင်း

မိုဘိုင်းဖုန်းကနေ ဘတ် ၅သောင်းအထက်ငွေလွှဲရင် မျက်နှာစကင်ဖတ်စနစ် မဖြစ်မနေသုံးဖို့ ထိုင်းဗဟိုဘဏ် အမိန့်ထုတ်

မဲခေါင်၊ မတ် ၁၁ ဆိုက်ဘာလိမ်လည်မှုတွေ များလွန်းလာတာကြောင့် ထိုင်းဗဟိုဘဏ်ဟာ နိုင်ငံအတွင်းက ဘဏ်တွေအားလုံး မိုဘိုင်းဘဏ်အကောင့်မူဝါဒသစ်တွေ ချမှတ်ပေးပြီး အကောင့်ပိုင်ရှင်တွေဟာ ငွေပမာဏများများလွှဲရင် ဇီ၀စကင်န်ဖတ်မှုတွေ မဖြစ်မနေ လုပ်ရတော့ပါမယ်။
ကမ္ဘာ့သတင်း

VIP ထောင်ခန်းတွေ ဝယ်နေနိုင်တယ်ဆိုတဲ့သတင်း ထိုင်းအကျဉ်းဦးစီးဌာန ငြင်းဆို

မဲခေါင်၊ မတ် ၁၀ ထိုင်းနိုင်ငံ အကျဉ်းထောင်တွေထဲမှာ ဗီအိုင်ပီခန်းတွေ ဝယ်နေလို့ရတယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်မှုတွေ ထွက်ပေါ်နေတာကို ထိုင်းအကျဉ်းဦးစီးဌာနက ငြင်းဆိုသွားခဲ့ပါတယ်။
ကမ္ဘာ့သတင်း

နျူကလီးယား တိုက်ခိုက်မှုကြောင့် ဓာတ်ရောင်ခြည်သင့် ကာကွယ်ဆေးတွေသောက်ထားဖို့ သတိပေးချက်ကြောင့် ရုရှားတွေ ဝရုန်းသုန်းကားဖြစ်

မဲခေါင်၊ မတ် ၁၀ ရုရှားနိုင်ငံမှာ နျူကလီးယား တိုက်ခိုက်ခံရပြီဆိုပြီး မတ် ၉ ရက်နေ့က ရုပ်သံတွေ၊ ရေဒီယိုတွေကနေ အန္တရာယ် သတိပေးဥဩသံတွေ ထွက်ပေါ်ခဲ့လို့ ဝရုန်းသုန်းကား ဖြစ်ခဲ့ရပါတယ်။