ကမ္ဘာ့သတင်း

တူရကီ – ဆီးရီးယားနယ်စပ်မှာငလျင်ထပ်လှုပ်၊အနည်းဆုံးလူ၃ဦးသေဆုံး

မဲခေါင် 21 Feb - 2023
ငလျင်ဒဏ်ပြင်းပြင်းထန်ထန်ခံထားရတဲ့ တူရကီ - ဆီးရီးယား နယ်စပ်မှာ မနေ့ည ဒေသစံတော်ချိန် ၈နာရီ ၄မိနစ်(မြန်မာစံတော်ချိန် ည ၁၂နာရီခန့်)က အင်အားပြင်းငလျင်ထပ်လှုပ်လို့ အနည်းဆုံး လူ ၃ဦး သေဆုံးတယ်လို့ သိရပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၂၁

ငလျင်ဒဏ်ပြင်းပြင်းထန်ထန်ခံထားရတဲ့ တူရကီ – ဆီးရီးယား နယ်စပ်မှာ မနေ့ည ဒေသစံတော်ချိန် ၈နာရီ ၄မိနစ်(မြန်မာစံတော်ချိန် ည ၁၂နာရီခန့်)က အင်အားပြင်းငလျင်ထပ်လှုပ်လို့ အနည်းဆုံး လူ ၃ဦး သေဆုံးတယ်လို့ သိရပါတယ်။

ငလျင်ပြင်းအားဟာ ၆ ဒဿမ ၄ မဂ္ဂနီကျုရှိပြီး တူရကီနိုင်ငံ တောင်ဘက်အစွန်ဆုံးပြည်နယ် ဟက်တိုက် အနီးနားတဝိုက်ကို ဗဟိုပြုလှုပ်ခတ်ခဲ့တာဖြစ်ပြီး ဒီလှုပ်ခတ်မှုဟာ လူ ၅သောင်းနီးပါးသေဆုံးတဲ့ အင်အားပြင်း ငလျင် ၂ခုဆက်တိုက်လှုပ်ခဲ့ပြီးတဲ့ ၂ပတ်အကြာမှာ ထပ်မံလှုပ်ခတ်တာပါ။

ဒီလှုပ်ခတ်မှုကြောင့် လူ ၃ဦးသေဆုံးပြီး လူ ၂၀၀ကျော်ဒဏ်ရာရတယ်လို့ တူရကီပြည်ထဲရေးဝန်ကြီး စူလေမန်ဆွိုက်လုက ပြောပါတယ်။

ဟက်တိုက်ဒေသဟာ မြေထဲပင်လယ်နဲ့ထိစပ်တဲ့နေတာကြောင့် အဲဒီဒေသကလူတွေကို ကမ်းရိုးတန်းနဲ့ဝေးရာမှာနေဖို့လည်း သဘာဝဘေးအေဂျင်စီက ထုတ်ပြန်ထားပါတယ်။

အဲဒီငလျင်လှုပ်ခတ်အပြီး နောက်ဆက်တွဲ ၅ ဒဿမ ၈ ပြင်းအားရှိတဲ့ နောက်ဆက်တွဲငလျင်တစ်ခုလည်း လှုပ်ခတ်ခဲ့သေးတယ်လို့ တူရကီသဘာဝဘေးအေဂျင်စီက ထုတ်ပြန်ထားပါတယ်။

#MeKongNews 

#တူရကီ 

#ဆီးရီးယား 

#ငလျင် 

Ref: BBC

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

ကမ္ဘာ့သတင်း

စစ်ပွဲအတွက် လေ့ကျင့်မှုအားလုံး ပြင်ဆင်တာဆိုပြီး မြောက်ကိုရီးယား တာတိုပစ်ဒုံးတွေ ထပ်ပစ်

မဲခေါင်၊ မတ် ၁၉ တောင်ကိုရီးယား အာဏာပိုင်တွေက ဒီကနေ့ မနက် ဒေသစံတော်ချိန် ၁၁ နာရီ ၅ မိနစ်မှာ
ကမ္ဘာ့သတင်း

အမေရိကန် MQ-9 ဒရုန်းကိုပျက်ကျစေတဲ့ လေယာဉ်မှူး ၂ ယောက်ကို ရုရှားနိုင်ငံတော် ဂုဏ်ထူးဆောင်ဆု ပေးအပ်

မဲခေါင်၊ မတ် ၁၈ ပြီးခဲ့တဲ့ ရက်ပိုင်းက နိုင်ငံတကာ လေပိုင်နက်ဖြစ်တဲ့ ပင်လယ်နက်ပေါ်မှာ ပျံသန်းနေတဲ့ အမေရိကန် မောင်းသူမဲ့ ထောက်လှမ်းရေး
ကမ္ဘာ့သတင်း

ပူတင်ကို ဖမ်းဝရမ်းထုတ်တဲ့ ICC မှာ ရုရှားတွေကို တရားစီရင်ပိုင်ခွင့် မရှိဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တုံ့ပြန်

မဲခေါင်၊ မတ် ၁၈ နိုင်ငံတကာ ရာဇဝတ်မှု တရားရုံးဖြစ်တဲ့ ICC က ရုရှား သမ္မတပူတင်ဟာ ယူကရိန်းစစ် အတွင်း စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့ပြီး ယူကရိန်း ကလေးငယ်များစွာကို ရုရှားနိုင်ငံဆီ ပြန်ပေးဆွဲ ခေါ်ဆောင်မှုနဲ့ မတ်
ကမ္ဘာ့သတင်း

မြန်မာနိုင်ငံက လက်နက်ခဲယမ်းတွေဝယ်ဖို့ ရုရှားဆွေးနွေးနေကြောင်း ယူကရိန်းထောက်လှမ်းရေး ထုတ်ပြန်

မဲခေါင်၊ မတ် ၁၈ ရုရှားအစိုးရဟာ ယူကရိန်းကျူးကျော်စစ်တစ်နှစ်ကျော်လာချိန် လက်နက်ခဲ့ယမ်းမလောက်ငှမှု ပြဿနာကြောင့် အများအပြားဝယ်ယူနိုင်ဖို့ မြန်မာစစ်အစိုးရဆီပါ ကမ်းလှမ်းဆွေးနွေးနေတယ်လို့ ယူကရိန်းစစ်ထောက်လှမ်းရေး ဒုတိယရာထူးအကြီးဆုံးဖြစ်တဲ့ ဗာဒင်စကီဘစ်စကီးက မတ် ၁၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ကမ္ဘာ့သတင်း

ရှီကျင်းဖျင်နဲ့ အနီးကပ်ရှိခဲ့သူ လီကျင်း တရုတ်ဝန်ကြီးချုပ်သစ် ဖြစ်လာ

မဲခေါင်၊ မတ် ၁၁ တရုတ် ပြည်သူ့လွှတ်တော်က မတ် ၁၀ ရက်နေ့မှာ ဆန္ဒမဲ ကောက်ခံပြီး လီချန်းကို နိုင်ငံဝန်ကြီးချုပ်အဖြစ် ခန့်အပ်ကြောင်း အတည်ပြုခဲ့ပါတယ်။
ကမ္ဘာ့သတင်း

မိုဘိုင်းဖုန်းကနေ ဘတ် ၅သောင်းအထက်ငွေလွှဲရင် မျက်နှာစကင်ဖတ်စနစ် မဖြစ်မနေသုံးဖို့ ထိုင်းဗဟိုဘဏ် အမိန့်ထုတ်

မဲခေါင်၊ မတ် ၁၁ ဆိုက်ဘာလိမ်လည်မှုတွေ များလွန်းလာတာကြောင့် ထိုင်းဗဟိုဘဏ်ဟာ နိုင်ငံအတွင်းက ဘဏ်တွေအားလုံး မိုဘိုင်းဘဏ်အကောင့်မူဝါဒသစ်တွေ ချမှတ်ပေးပြီး အကောင့်ပိုင်ရှင်တွေဟာ ငွေပမာဏများများလွှဲရင် ဇီ၀စကင်န်ဖတ်မှုတွေ မဖြစ်မနေ လုပ်ရတော့ပါမယ်။
ကမ္ဘာ့သတင်း

VIP ထောင်ခန်းတွေ ဝယ်နေနိုင်တယ်ဆိုတဲ့သတင်း ထိုင်းအကျဉ်းဦးစီးဌာန ငြင်းဆို

မဲခေါင်၊ မတ် ၁၀ ထိုင်းနိုင်ငံ အကျဉ်းထောင်တွေထဲမှာ ဗီအိုင်ပီခန်းတွေ ဝယ်နေလို့ရတယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်မှုတွေ ထွက်ပေါ်နေတာကို ထိုင်းအကျဉ်းဦးစီးဌာနက ငြင်းဆိုသွားခဲ့ပါတယ်။
ကမ္ဘာ့သတင်း

နျူကလီးယား တိုက်ခိုက်မှုကြောင့် ဓာတ်ရောင်ခြည်သင့် ကာကွယ်ဆေးတွေသောက်ထားဖို့ သတိပေးချက်ကြောင့် ရုရှားတွေ ဝရုန်းသုန်းကားဖြစ်

မဲခေါင်၊ မတ် ၁၀ ရုရှားနိုင်ငံမှာ နျူကလီးယား တိုက်ခိုက်ခံရပြီဆိုပြီး မတ် ၉ ရက်နေ့က ရုပ်သံတွေ၊ ရေဒီယိုတွေကနေ အန္တရာယ် သတိပေးဥဩသံတွေ ထွက်ပေါ်ခဲ့လို့ ဝရုန်းသုန်းကား ဖြစ်ခဲ့ရပါတယ်။