ကမ္ဘာ့သတင်း

တရုတ်က ထိုင်ဝမ်ရေလက်ကြားမှာ ၃ ရက်တာ စစ်ရေးလေ့ကျင့်မယ်

မဲခေါင် 9 Apr - 2023
တရုတ်စစ်သင်္ဘောနဲ့ တိုက်လေယာဉ်တွေ ထိုင်ဝမ်ပိုင်နက်ထဲ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီးနောက်  တရုတ်က ဧပြီ ၈ ရက်နေ့ကစပြီး ထိုင်ဝမ်ရေလက်ကြားမှာ စစ်ရေးလေ့ကျင့်မှု ၃ ရက်တာ လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ကြေညာသွားခဲ့ပါတယ်။

မဲခေါင်၊ ဧပြီ 9

တရုတ်စစ်သင်္ဘောနဲ့ တိုက်လေယာဉ်တွေ ထိုင်ဝမ်ပိုင်နက်ထဲ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီးနောက်  တရုတ်က ဧပြီ ၈ ရက်နေ့ကစပြီး ထိုင်ဝမ်ရေလက်ကြားမှာ စစ်ရေးလေ့ကျင့်မှု ၃ ရက်တာ လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ကြေညာသွားခဲ့ပါတယ်။

ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ်ကို အမေရိကန်အောက်လွှတ်တော် ဥက္ကဠ မက္ကာသီနဲ့တွေ့ဆုံခဲ့ရင် တိုက်ခိုက်ရလိမ့်မယ်လို့ တရုတ်ဘက်က အစောပိုင်းကတည်းက သတိပေး ခဲ့ပေမယ့် ဆိုင်အင်းဝမ်က မက္ကာသီနဲ့တွေ့ဆုံခဲ့သလို ဧပြီ ၈ ရက်နေ့မှာလည်း အမေရိကန်အောက်လွှတ်တော်နိုင်ငံခြားရေး ကော်မတီဥက္ကဌ မိုက်ကယ်မက်ပေါလ်ဦးဆောင်တဲ့ နိုင်ငံရေးကိုယ်စားလှယ်တွေနဲ့ ထပ်တွေ့ဆုံသွားဦးမှာဖြစ်ပါ တယ်။

ဒါကြောင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်က ဧပြီ ၈ ရက်နေ့မှာ တိုက်ခိုက်ရေးအသင့်အနေအထား စစ်ရေးလေ့ကျင့်မှုတွေကို အစီအစဉ်အတိုင်း ထိုင်ဝမ်ရေလက်ကြား မြောက် ဘက်၊ တောင်ဘက်နဲ့ အရှေ့ဘက်တွေမှာ ၃ ရက်တာ လေ့ကျင့်ပြင်ဆင်သွားမယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ 

ထိုင်ဝမ်အစိုးရက ချက်ချင်းထုတ်ပြန်ချက်မထုတ်သေးပေမယ့် ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း မူမမှန်တဲ့ ပုံစံနဲ့ တရုတ် လေယာဉ် ၄ စီး လေပိုင်နက်ထဲ ဝင်လာကြောင်း၊ ရေလက်ကြားမှာ တရုတ် လေယာဉ်တင်သင်္ဘောနဲ့ တခြား သင်္ဘောတွေလည်း ဝင်ရောက်လာတာတွေ့ရကြောင်း ထုတ်ပြန်ထားပါတယ်။

ထိုင်ဝမ်ကို ၂၀၀၈ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ သမ္မတအဖြစ် အုပ်ချုပ်ခဲ့တဲ့ ကူမင်တန်ခေါင်းဆောင်ဟောင်း မာယင်းဂျူက တရုတ်ပြည်ကို ၁၂ ရက်ကြာ အလည်အပတ်ခရီးသွားပြီး ဧပြီ ၇ ရက်နေ့မှာ ထိုင်ဝမ်လေဆိပ်ကို ပြန်ရောက်လာစဉ် မီဒီယာတွေ့ဆုံမှုမှာ “ ကျွန်တော်တို့နိုင်ငံ စီမံခန့်ခွဲသူတွေဟာ ထိုင်ဝမ်ကို အန္တရာယ် ဆီတွန်းပို့နေသလိုဖြစ်နေတယ်။ နိုင်ငံအနာဂတ်အတွက် ရွေးချယ်စရာက ငြိမ်းချမ်းရေးနဲ့ စစ်ပွဲထဲက တစ်ခုခုကိုပဲ ရွေးရတော့မယ်”လို့ ပြောသွားခဲ့ပါတယ်။

မာယင်းဂျူဟာ ၁၉၄၉ ခုနှစ်က မော်စီတုန်းခေါင်းဆောင်တဲ့ တရုတ်ကွန်မြူနစ်တပ်ကို ပြည်တွင်းစစ်ပွဲမှာ ရှုံးခဲ့ရပြီး နောက် တရုတ်ပြည်ကို အလည်အပတ်သွားတဲ့ ပထမဆုံးသော ထိုင်ဝမ် သမ္မတဟောင်းဖြစ်လာပါတယ်။ ဒါပေမဲ့ သမ္မတရာထူးယူထားချိန်အတွင်း တရုတ်ကို သွားရောက်လည်ပတ်တဲ့ ထိုင်ဝမ်သမ္မတ ယနေ့အထိ မရှိသေးဘူးလို့ လည်း သိရပါတယ်။

MKF-001

#Mekongnews

#တရုတ်

#ထိုင်ဝမ်

#စစ်ရေးတင်းမာ

Ref: asiaone

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

ကမ္ဘာ့သတင်း

ပြင်းအား ၆ ဒသမ ၅ ငလျင်လှုပ်ခတ်လို့ ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်မှာ သေဆုံးဒဏ်ရာရမှုများ

မဲခေါင်၊ မတ် ၂၃ အာဖဂန်နစ္စတန်နိုင်ငံကို ဗဟိုပြုပြီး ပြီးခဲ့တဲ့ မတ် ၂၁ ရက်၊ အင်္ဂါနေ့၊ ဒေသစံတော်ချိန် ည
ကမ္ဘာ့သတင်း

BRICS အစည်းအဝေး မှာ ပူတင်ကို တောင်အာဖရိကအစိုးရ ဖမ်းပေးဖို့ ငြင်းဆန်ဖွယ်ရှိ

မဲခေါင်၊ မတ် ၂၁ စစ်ရာဇဝတ်မှုနဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ရုရှားသမ္မတပူတင် တောင်အာဖရိကနိုင်ငံမှာ BRICS အစည်းအဝေး လာတက်ပါက တောင်အာဖရိက အစိုးရအနေနဲ့
ကမ္ဘာ့သတင်း

စစ်ပွဲအတွက် လေ့ကျင့်မှုအားလုံး ပြင်ဆင်တာဆိုပြီး မြောက်ကိုရီးယား တာတိုပစ်ဒုံးတွေ ထပ်ပစ်

မဲခေါင်၊ မတ် ၁၉ တောင်ကိုရီးယား အာဏာပိုင်တွေက ဒီကနေ့ မနက် ဒေသစံတော်ချိန် ၁၁ နာရီ ၅ မိနစ်မှာ မြောက်ကိုရီးယား ဟာ ဂျပန်ပင်လယ်ထဲကို တာတိုပစ် ဒုံးကျည်တွေ ပစ်လွှတ်ခဲ့တယ်လို့ အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။
ကမ္ဘာ့သတင်း

အမေရိကန် MQ-9 ဒရုန်းကိုပျက်ကျစေတဲ့ လေယာဉ်မှူး ၂ ယောက်ကို ရုရှားနိုင်ငံတော် ဂုဏ်ထူးဆောင်ဆု ပေးအပ်

မဲခေါင်၊ မတ် ၁၈ ပြီးခဲ့တဲ့ ရက်ပိုင်းက နိုင်ငံတကာ လေပိုင်နက်ဖြစ်တဲ့ ပင်လယ်နက်ပေါ်မှာ ပျံသန်းနေတဲ့ အမေရိကန် မောင်းသူမဲ့ ထောက်လှမ်းရေး ဒရုန်း MQ-9 Reaper ကို ပျက်ကျသွားအောင် စွမ်းဆောင်ခဲ့တဲ့ ရုရှား Su-27
ကမ္ဘာ့သတင်း

ပူတင်ကို ဖမ်းဝရမ်းထုတ်တဲ့ ICC မှာ ရုရှားတွေကို တရားစီရင်ပိုင်ခွင့် မရှိဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တုံ့ပြန်

မဲခေါင်၊ မတ် ၁၈ နိုင်ငံတကာ ရာဇဝတ်မှု တရားရုံးဖြစ်တဲ့ ICC က ရုရှား သမ္မတပူတင်ဟာ ယူကရိန်းစစ် အတွင်း စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့ပြီး ယူကရိန်း ကလေးငယ်များစွာကို ရုရှားနိုင်ငံဆီ ပြန်ပေးဆွဲ ခေါ်ဆောင်မှုနဲ့ မတ်
ကမ္ဘာ့သတင်း

မြန်မာနိုင်ငံက လက်နက်ခဲယမ်းတွေဝယ်ဖို့ ရုရှားဆွေးနွေးနေကြောင်း ယူကရိန်းထောက်လှမ်းရေး ထုတ်ပြန်

မဲခေါင်၊ မတ် ၁၈ ရုရှားအစိုးရဟာ ယူကရိန်းကျူးကျော်စစ်တစ်နှစ်ကျော်လာချိန် လက်နက်ခဲ့ယမ်းမလောက်ငှမှု ပြဿနာကြောင့် အများအပြားဝယ်ယူနိုင်ဖို့ မြန်မာစစ်အစိုးရဆီပါ ကမ်းလှမ်းဆွေးနွေးနေတယ်လို့ ယူကရိန်းစစ်ထောက်လှမ်းရေး ဒုတိယရာထူးအကြီးဆုံးဖြစ်တဲ့ ဗာဒင်စကီဘစ်စကီးက မတ် ၁၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ကမ္ဘာ့သတင်း

ရှီကျင်းဖျင်နဲ့ အနီးကပ်ရှိခဲ့သူ လီကျင်း တရုတ်ဝန်ကြီးချုပ်သစ် ဖြစ်လာ

မဲခေါင်၊ မတ် ၁၁ တရုတ် ပြည်သူ့လွှတ်တော်က မတ် ၁၀ ရက်နေ့မှာ ဆန္ဒမဲ ကောက်ခံပြီး လီချန်းကို နိုင်ငံဝန်ကြီးချုပ်အဖြစ် ခန့်အပ်ကြောင်း အတည်ပြုခဲ့ပါတယ်။
ကမ္ဘာ့သတင်း

မိုဘိုင်းဖုန်းကနေ ဘတ် ၅သောင်းအထက်ငွေလွှဲရင် မျက်နှာစကင်ဖတ်စနစ် မဖြစ်မနေသုံးဖို့ ထိုင်းဗဟိုဘဏ် အမိန့်ထုတ်

မဲခေါင်၊ မတ် ၁၁ ဆိုက်ဘာလိမ်လည်မှုတွေ များလွန်းလာတာကြောင့် ထိုင်းဗဟိုဘဏ်ဟာ နိုင်ငံအတွင်းက ဘဏ်တွေအားလုံး မိုဘိုင်းဘဏ်အကောင့်မူဝါဒသစ်တွေ ချမှတ်ပေးပြီး အကောင့်ပိုင်ရှင်တွေဟာ ငွေပမာဏများများလွှဲရင် ဇီ၀စကင်န်ဖတ်မှုတွေ မဖြစ်မနေ လုပ်ရတော့ပါမယ်။