ကမ္ဘာ့သတင်း

ဆေးထိုးအဆုံးသတ်ခဲ့သူတွေရဲ့ ကိုယ်တွင်းအင်္ဂါတွေကို အများဆုံးပြန်လည်လှူဒါန်းပေးနိုင်ငံအဖြစ် ကနေဒါရပ်တည်

မဲခေါင် 22 Jan - 2023
ကနေဒါနိုင်ငံဟာ ဆေးထိုးပြီး ညင်သာစွာ သေဆုံးစေတဲ့လူနာတွေရဲ့ ကိုယ်တွင်းအင်္ဂါတွေကို အစားထိုးကုသနိုင်ဖို့ အများဆုံး ပြန်လည်လှူဒါန်းတဲ့ နိုင်ငံဖြစ်တယ်လို့ အမေရိကန်ဂျာနယ် Transplantation ရဲ့ လေ့လာမှုစစ်တမ်းမှာ  ဖော်ပြလာပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၂၂

ကနေဒါနိုင်ငံဟာ ဆေးထိုးပြီး ညင်သာစွာ သေဆုံးစေတဲ့လူနာတွေရဲ့ ကိုယ်တွင်းအင်္ဂါတွေကို အစားထိုးကုသနိုင်ဖို့ အများဆုံး ပြန်လည်လှူဒါန်းတဲ့ နိုင်ငံဖြစ်တယ်လို့ အမေရိကန်ဂျာနယ် Transplantation ရဲ့ လေ့လာမှုစစ်တမ်းမှာ  ဖော်ပြလာပါတယ်။

ဒီနေ့ ကမ္ဘာ့နိုင်ငံအတော်များများမှာ ပျောက်ကင်းဖို့မရှိတော့သလို နာကျင်ဝေဒနာပြင်းပြစွာခံစားနေရတဲ့ လူနာတွေ ကို ဆေးပညာအထောက်အကူယူပြီး သေဆုံးစေတဲ့ အခြေအနေကို ဥပဒေမှာ လက်ခံအတည်ပြုလာကြပါတယ်။ ဒါကို Euthanasia (သို့) MAID လို့လည်း ခေါ်ဆိုကြပါတယ်။ 

ကနေဒါ၊ ဘယ်လ်ဂျီယံ၊ နယ်သာလန်နဲ့ စပိန်နိုင်ငံတွေက ဒီလိုဖြစ်စဉ်တွေကို လေ့လာမှုစစ်တမ်းကောက်ခဲ့ရာမှာ ၂၀၂၂ ခုနှစ်အတွင်း ဒီအခြေအနေနဲ့ သေဆုံးခဲ့သူတွေရဲ့ ကိုယ်တွင်း အင်္ဂါတွေ လှူဒါန်းခဲ့သူ ၂၈၆ ဦးရှိကာ အစားထိုးကိုယ်တွင်းအင်္ဂါတွေကနေ လူပေါင်း ၈၃၇ ယောက်ရဲ့ အသက်တွေကို ကယ်ဆယ်နိုင်ခဲ့ကြောင်း၊ လှူဒါန်းသူအားလုံးထဲက တစ်ဝက်ဖြစ်တဲ့ ၁၃၆ ယောက်ဟာ ကနေဒါ နိုင်ငံကဖြစ်တယ်လို့ ထုတ်ပြန်ဖော်ပြသွားပါတယ်။

မန်နီတိုဘာတက္ကသိုလ် Professional and Applied Ethics စင်တာ ဒါရိုက်တာ အာသာရှက်ဖာက သူတို့နိုင်ငံဟာ သေလုဆဲ လူနာတွေ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ အများဆုံးလှူဒါန်းတဲ့အတွက် ဝမ်းသာ ဂုဏ်ယူမိကြောင်း ပြောသွားခဲ့ပါတယ်။ 

ဒါပေမဲ့ ၂၀၁၆ ခုနှစ်က ဆေးပညာအကူအညီယူပြီး သေဆုံးစေတဲ့ ဥပဒေကို စတင်ခွင့်ပြုလိုက်ကတည်းက ဆန့်ကျင်တော်လှန်နေခဲ့တဲ့ နီကိုးလ်ရှရိုက်ဒ်ဆိုသူကတော့ ဒီသတင်းကို လက်မခံနိုင်ဘဲ ဆန့်ကျင်စကားဆိုခဲ့ပါတယ်။ 

သေလုဆဲ ဝေဒနာရှင်တွေကို ဖိအားပေးပြီး ကိုယ်တွင်းအင်္ဂါ လှူခိုင်းတာမျိုးတွေ ဖြစ်တတ်သလို လူ့ဂုဏ်သိက္ခာအရလည်း ဒီလို လှူဒါန်းမှုတွေကို လက်မခံနိုင်ကြောင်း၊ တရုတ်နိုင်ငံမှာလုပ်ဆောင်တဲ့ သေဒဏ်ချ ထောင်သားတွေရဲ့ ကိုယ်အင်္ဂါတွေကိုပဲ ပိုလှူသင့်ကြောင်း ဝေဖန်သွားခဲ့ပါတယ်။ 

MKF-001

Ref: voanews

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ကမ္ဘာ့သတင်း

ရုရှားဗုံးကြဲလို့ ခြေနှစ်ဖက်ပြတ်ခဲ့ရတဲ့ ၁၂ နှစ်အရွယ် ယူကရိန်းသမီးလေး မာရသွန်ပြိုင်ပွဲ ဝင်ပြိုင်

မဲခေါင်၊ စက်တင်ဘာ ၇ ယူကရိန်းနိုင်ငံ အယ်လ်ဗစ်မြို့မှာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ မာရသွန်အပြေးပြိုင်ပွဲမှာ ထူးထူးခြားခြားအဖြစ် ရုရှားဗုံးကြဲလို့ ခြေနှစ်ဖက် ဆုံးရှုံးခဲ့ရတဲ့ ယူကရိန်းသမီးငယ်လေးပါ
ကမ္ဘာ့သတင်း မြန်မာ့နွေဦး

ပြည်သူကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီကို ရှုတ်ချကြောင်း ကုလလုံခြုံရေးကောင်စီ ၁၃ နိုင်ငံ ထုတ်ပြန်

မဲခေါင်၊ သြဂုတ် ၂၄ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ၁၅ နိုင်ငံက သြဂုတ် ၂၃ ရက်မှာ မြန်မာ့အရေး တံခါးပိတ်ဆွေးနွေးပွဲ ပြုလုပ်အပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း စီးပွားရေး

စစ်ကောင်စီကို လေယာဉ်ဆီ ဝယ်ယူဖြန့်ဖြူးပေးတဲ့ လူ ၂ ယောက်နဲ့ ကုမ္ပဏီ ၃ ခုကို အမေရိကန် ထပ်တိုးပိတ်ဆို့အရေးယူ

အမေရိကန် ဘဏ္ဍာရေးဌာနက မြန်မာနိုင်ငံမှာ အရပ်သားပြည်သူတွေကို လေကြောင်းကနေ တိုက်ခိုက်သတ်ဖြတ်နေတဲ့ အာဏာသိမ်းစစ်တပ်အတွက် ဂျက်လေယာဉ်ဆီ ဝယ်ယူဖြန့်ဖြူးပေးနေတဲ့ လူ ၂ ယောက်နဲ့ ကုမ္ပဏီ ၃ ခုကို ပိတ်ဆို့အရေးယူမှုစာရင်းမှာ ထပ်တိုးကြောင်း ဩဂုတ် ၂၃ ရက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

Mi-8 ရဟတ်ယာဉ်ပါမောင်းပြီး ရုရှားပိုင်းလော့ ယူကရိန်းဘက် ခိုလှုံ

မဲခေါင်၊ သြဂုတ် ၂၄ ရုရှားပိုင်းလော့တစ်ယောက်ဟာ ယခုတစ်ပတ်အတွင်းက လျှို့ဝှက်စွာ ကြိုတင်ပြင်ဆင်ပြီး ယူကရိန်းဘက် Mi-8 ရဟတ်ယာဉ်ပါ မောင်းပြီး ဘက်ပြောင်းခိုလှုံသွားခဲ့တယ်လို့ Ukrainska Pravda သတင်းက ဖော်ပြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ဝက်ဂ်နာခေါင်းဆောင် ပရီဂိုဇင် လေယာဉ်ပျက်ကျသေဆုံး၊ ပူတင်နောက်ကွယ်မှာရှိနေမယ်လို့ ဂျိုးဘိုင်ဒန် သုံးသပ်

မဲခေါင်၊ သြဂုတ် ၂၄ ရုရှားမျိုးစောင့်ပုဂ္ဂလိက စစ်တပ် ဝက်ဂ်နာအုပ်စု ခေါင်းဆောင် ပရီဂိုဇင် စီးနင်း လိုက်ပါလာတဲ့ ခရီးသည်တင်လေယာဉ်ဟာ သြဂုတ် ၂၃ ရက် ညနေပိုင်းမှာ ရုရှားနိုင်ငံ တီဗာဒေသမှာ ပျက်ကျသွားခဲ့ပြီး ပရီဂိုဇင်အပါအဝင် လိုက်ပါသူ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

စင်ကာပူမှာ ငွေကြေးခဝါချသူ နိုင်ငံခြားသား ၁၀ ဦးဖမ်းမိပြီး စင်ကာပူဒေါ်လာ တစ်ဘီလီယံကျော် သိမ်းဆည်းရမိ

မဲခေါင်၊ သြဂုတ် ၁၇ ဩဂုတ် ၁၅ ရက်နေ့က မသင်္ကာဖွယ်ရာ ဘဏ်စာရင်း နောက်ကြောင်းလိုက် စုံစမ်းမှုတွေကနေ သံသယရှိတဲ့ စာရွက် စာတမ်းအတုလုပ်မှုနဲ့ ငွေကြေးခဝါချမှု သံသယ တရားခံတွေကို ဖမ်းဆီးဖို့ အင်အား ၄၀၀ ကျော်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

မြောက်ကိုရီးယား စစ်ဦးစီးချုပ် ပက်ဆူအီ ကို ကင်ဂျုံအန် ထုတ်ပယ်ပြီး လက်နက်ပိုထုတ် စစ်ပြင်ဖို့ အမိန့်ပေး

မဲခေါင်၊ သြဂုတ် ၁၁ မြောက်ကိုရီးယား သတင်း အေဂျင်စီဖြစ်တဲ့ KCNA ဖော်ပြမှုအရ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန် ဟာ စစ်ဦးစီးချုပ် ပက်ဆူအီ ကို ရာထူးက ဖြုတ်ပြီး သူ့နေရာမှာ ဗိုလ်ချုပ်ရီယောင်ဂီလ် ကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

တရုတ်ရဲ့ အနိုင်ကျင့်မူတွေကို ဆန့်ကျင်တဲ့ နိုင်ငံတိုင်းနဲ့ အတူရပ်တည်မယ်လို့ ကန်ကာကွယ်ရေးဝန်ကြီးဆို

မဲခေါင်၊ ဇူလိုင် ၂၈ အင်ဒို-ပစ္စိဖိတ် ဒေသမှာ တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှု ကြီးထွားလာနေမှုကို ဟန့်တားရေး ဩစတြေးလျနဲ့ ၂ နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေးပွဲမှာ အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က တရုတ်ရဲ့ အနိုင်ကျင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now