ကမ္ဘာ့သတင်း

စစ်ပွဲအပေါ်အာရုံလျော့မှာဆိုးလို့ ရုရှားမှာ ပေါ်ပြူလာဖြစ်တဲ့ Sex Doll စီး ကူးခတ်ပွဲတော် ပူတင် ပိတ်ပင်

မဲခေါင် 16 Jun - 2024
ရုရှားသမ္မတပူတင်ဟာ ရုရှားနိုင်ငံရဲ့ ပေါ်ပြူလာဖြစ်လာတဲ့ လိင်အသုံးချအရုပ် (Sex Doll) ပွဲတော်ကို ဒီနှစ်မှာ ပိတ်ပင်လိုက်ပြီး ယူကရိန်းစစ်ပွဲအတွက် အာရုံထွေပြားမှုမဖြစ်စေလိုတာကြောင့် ပွဲတော်ကျင်းပရင် အရေးယူမယ် လို့ စတာလင်ဝါဒပုံစံသုံး ပိတ်ပင်လိုက်ပါတယ်။

မဲခေါင်၊ ဇွန် ၁၆

ရုရှားသမ္မတပူတင်ဟာ ရုရှားနိုင်ငံရဲ့ ပေါ်ပြူလာဖြစ်လာတဲ့ လိင်အသုံးချအရုပ် (Sex Doll) ပွဲတော်ကို ဒီနှစ်မှာ ပိတ်ပင်လိုက်ပြီး ယူကရိန်းစစ်ပွဲအတွက် အာရုံထွေပြားမှုမဖြစ်စေလိုတာကြောင့် ပွဲတော်ကျင်းပရင် အရေးယူမယ် လို့ စတာလင်ဝါဒပုံစံသုံး ပိတ်ပင်လိုက်ပါတယ်။

လီနင်ဂရတ်မြို့က ရေစီးသန်တဲ့ ဗောက်ခ်စီမြစ်ထဲကို ရေပေါ်ပေါ်နိုင်တဲ့ Sex Doll ကိုယ်စီ စီးပြီး အမြန်ဆုံး ရောက်ရှိ သူအနိုင်အဖြစ် ဒီနွေရာသီပွဲတော်ကို ၂၀၀၃ ခုနှစ်ကစတင်ပြီး နှစ်စဉ်ကျင်းပခဲ့ရာမှာ အခုနှစ်ပိုင်းတွေထဲ လူ ၈၀၀ ကျော်ပါဝင်ပြီး ဗောက်ခ်စီမြစ်ထဲ အမြန်ကူးခတ်စုန်ဆင်းကြတာဖြစ်ပါတယ်။

ရုရှားသမ္မတပူတင်ဟာ နိုင်ငံအတွင်း ဘာသာရေးကို စော်ကားမှု၊ လိင်ပိုင်းဆိုင်ရာ အပျော်ကျူးပါတီဆင်နွှဲမှု၊ လူမြင် မကောင်းတဲ့ အမူအကျင့်တွေကို ချေမှုန်းအရေးယူမှုအစီအစဉ်တွေ ဆက်တိုက်လုပ်လာရာမှာ ဒီနှစ်အတွက် Sex Doll စီးပြိုင်ပွဲ နာမည်အားဖြင့် Bubble Baba Challenge ပွဲတော်ဟာလည်း အန္တရာယ်များသလို ပေါ်ပင်လုပ် ပြီး အရှက်ရစေတဲ့ နာမည်ဆိုးနဲ့ပွဲတော်ဖြစ်လို့ ပိတ်ပင်ကြောင်း၊ ယူကရိန်းစစ်ပွဲ အရေးကြီးနေချိန် အာရုံထွေပြားမှု မရှိစေဖို့ ပိတ်ပင်တာကို မလိုက်နာသူတွေ ပြင်းပြင်ထန်ထန်အရေးယူမယ်လို့ ထုတ်ပြန်သတိပေးသွားခဲ့တာဖြစ်ပါတယ်။

ပူတင်ထောက်ခံ ရုရှားလွှတ်တော်အမတ် ဗီတယ်လီမီလိုနော့ဗ်ကလည်း ဒီလိုအချန် ဒီပွဲတော်ပါဝင်သူတွေကို ပြည်နှင်ဒဏ်ပေးရင်ပေး၊ မြစ်ထဲက ပီရန်ဟက်စ်အသားစား ငါးစာကြွေးပစ်တာမျိုးလုပ်သင့်ကြောင်း၊ ဒါမှမဟုတ် ဒီ Sex Doll တွေကို ရှေ့တန်းစစ်မျက်နှာပြင်က ရန်သူ ယူကရိန်းစစ်သားတွေဆီ လက်ကျန်တွေ ပို့ပေးတာမျိုးပဲ လုပ်သင့်တယ်လို့ ရင့်ရင့်သီးသီးစကားဆိုသွားခဲ့ပါတယ်။

ဒီပွဲတော်ကို ထူထောင်သူက ပွဲတော်ဖြစ်လာပုံဟာ ရုရှားအမျိုးသားတွေအကြိုက် ပါတီမှာ အရက်သောက်ပွဲခံ မူးနေကြတဲ့အမျိုးသားတွေဆီ အမျိုးသမီးတွေမလာကြလို့ ဒီလိုပွဲတော်လုပ်ပြီး ပျော်ပွဲဝင်သင့်တယ်ဆိုကာ နောက်ပြောင်ပြောဆိုခဲ့ရာက ဖြစ်တည်လာတာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ ရေစီးသန်လွန်းတဲ့ မြစ်ထဲ Sex Doll နဲ့ အသက်လုကူးရတာမျိုးဖြစ်လို့ ၁၈ နှစ်အထက်၊ အရက်မသောက်ထားသူတွေကိုသာ နောက်ပိုင်းပွဲတော်မှာ ပါဝင်ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

MKF – 001
Ref:Thesun

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ကမ္ဘာ့သတင်း

အမ်ဘာနီ မင်္ဂလာပွဲ ဗြိတိန်မင်းသား ဟယ်ရီမင်္ဂလာဆောင်ထက် ၁၅ ဆ ပိုကုန်ပြီး ပေါင် ၅၆၃ သန်းကုန်တဲ့ ကမ္ဘာ့အခမ်းနားဆုံး မင်္ဂလာပွဲဖြစ်ခဲ့

အိန္ဒိယနိုင်ငံ အချမ်းသာဆုံးပုဂ္ဂိုလ် မူကက်ရှ်အမ်ဘာနီ ရဲ့သား အန်းနန့်အမ်ဘာနီနဲ့ ဆေးဝါးထုတ်လုပ်မှုလုပ်ငန်း အမွေဆက်ခံသူ ရတ်ဟီကာမားချန့်တို့ရဲ့ မင်္ဂလာပွဲဟာ ပေါင် ၅၆၃ သန်း
ကမ္ဘာ့သတင်း

အမေရိကန် ဒုံးကျည်တွေ ဥရောပမှာ အခြေစိုက်ရင် ဥရောပဟာ ရုရှားဒုံးကျည်တွေရဲ့ ပစ်မှတ်ဖြစ်ပြီလို့ ပက်စ်ကော့ဗ် ခြိမ်းခြောက်

ရုရှား ကရင်မလင်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ကော့ဗ် က အမေရိကန်ရဲ့ ဒုံးကျည်တွေကို ဥရောပမှာ အခြေစိုက်ထားရှိခြင်းဟာ ရုရှားကို ပစ်မှတ်ချိန်ရွယ်တာဖြစ်လို့ ရုရှားရဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

လူပေါင်း ၉၀ ကျော်သေဆုံးပြီး ၃၀၀ ကျော်ဒဏ်ရာရတဲ့ ဂါဇာတိုက်ခိုက်မှု ဟားမက်စ်တပ်မှူးကို ပစ်မှတ်ထား တိုက်ခိုက်တာလို့ အစ္စရေးထုတ်ပြန်

ဇူလိုင် ၁၄ ရက် မနက်အစောပိုင်းမှာ အစ္စရေးဘက်က ဂါဇာတောင်ပိုင်းကို ၄ ကြိမ်ခွဲတိုက်ခိုက်မှုပြုလုပ်လို့ အယောက် ၉၀ ကျော်သေဆုံးပြီး ၃၀၀ ကျော် ဒဏ်ရာရကြောင်း ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ဒေါ်နယ်ထရမ့်ကို လုပ်ကြံသူအမည် FBI ထုတ်ပြန်ပြီး ထရမ့်ပါတီ ရီပါဘလစ်ကန်ကို မှတ်ပုံတင်မဲပေးခဲ့သူဖြစ်

ဇူလိုင် ၁၃ ရက်နေ့က ပန်ဆယ်ဗေးနီးယားပြည်နယ် ဘတ်လာမြို့ ဘီသယ်ပန်းခြံမှာ မဲဆွယ်စည်းရုံးပြောဆိုနေတဲ့ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို သေနတ်နဲ့ လုပ်ကြံပစ်ခတ်သူဟာ အသက် ၂၀ အရွယ်သာရှိသေးတဲ့ ပန်ဆယ်ဗေးနီးယားသား သောမတ်စ်မက်သရူးကွတ်ခ် ဖြစ်ကြောင်း ဇူလိုင် ၁၄ ရက်အစောပိုင်းမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ရုရှားမှာ အဆင့်အမြင့်ဆုံး အရပ်သားဂုဏ်ထူးဆောင်ဆု မိုဒီကို ပူတင်ပေးအပ်

ဇူလိုင် ၈ ရက်နဲ့ ၉ ရက်နေ့တွေမှာ ရုရှားနိုင်ငံ မော်စကိုမြို့ကို နှစ်ပတ်လည် အိန္ဒိယ - ရုရှား ထိပ်သီးအစည်း အဝေးပွဲသွားတက်ခဲ့တဲ့ အိန္ဒိယ ဝန်ကြီးချုပ် မိုဒီကို ရုရှားသမ္မတ ပူတင်က ရုရှားနိုင်ငံရဲ့ အဆင့်အမြင့်ဆုံး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ISIS ခေါင်းဆာင် အယ်လ်ဘက်ဂါဒီရဲ့ ဇနီးမုဆိုးမကို အိမ်မှာ လိင်ကျွန်တွေ ထားရှိမှုနဲ့ အီရတ်တရားရုံး သေဒဏ်ပေး

ဘင်လာဒင် သေဆုံးပြီးနောက် ISIS အားလုံးရဲ့ တသွေးတသံတမိန့် ပေးသူအဖြစ် ခေါင်းဆောင်တင်မြှောက်ခံခဲ့ရတဲ့ အဘူဘာကာအယ်လ်ဘက်ဂါဒီရဲ့ ဇနီးသည် မုဆိုးမကို အီရတ်တရားရုံးက ဇူလိုင် ၁၀ ရက်နေ့မှာပဲ နေအိမ်မှာ လိင်ကျွန်တွေ ထားရှိပြီး နှိပ်စက်ခဲ့မှုနဲ့ သေဒဏ်ချမှတ်လိုက်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

နာမကျန်းကလေးငယ်များ ဆေးရုံကို ပစ်မှတ်ထားတိုက်ခိုက်မှုမှာ ပူတင် ဒေါ်လာသန်း ၂၀၀ ကုန်ကျခံခဲ့

ဇူလိုင် ၈ ရက်နေ့က ယူကရိန်းမြို့တော် ကိဗ်က နိုင်ငံအကြီးဆုံး ကလေးဆေးရုံအပါအဝင် ဒေသ ၆ ခုကို ရုရှားဘက်က အသေအပျောက်၊ အပျက်အစီးအများနိုင်ဆုံး ဖြစ်စေဖို့ အင်အားပြင်း ဒုံးကျည်ပေါင်း ၃၈ လုံးနဲ့ပစ်ခတ် တိုက်ခိုက်ခဲ့ရာမှာ အနည်းဆုံး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

တစ်လမကြာခင်ကပဲ ဖွဲ့စည်းလိုက်တဲ့ လက်ဝဲစွန်းပါတီ NFP အံ့အားသင့်ဖွယ် ရွေးကောက်ပွဲအနိုင်ရလို့ ပြင်သစ် တစ်နိုင်ငံလုံး အကြမ်းဖက် အဓိကရုဏ်းတွေဖြစ်ပွား

ဇူလိုင် ၇ ရက်နေ့က ကျင်းပပြုလုပ်တဲ့ ပြင်သစ်နိုင်ငံ လျှပ်တပြက်ရွေးကောက်ပွဲ ဒုတိယအဆင့်မဲပေးမှုအပြီး လွန်ခဲ့တဲ့ ၁ လမပြည့်သေးခင်က ဖွဲ့စည်းလိုက်တဲ့ လက်ဝဲစွန်းပါတီ NFP က မဲဆန္ဒနယ် အများဆုံးမှာ အံ့အားသင့်ဖွယ် အနိုင်ရသွားခဲ့လို့ ပဲရစ်မြို့ကစပြီး နိုင်ငံအနှံ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now