ကမ္ဘာ့သတင်း

စစ်ပွဲအတွက် လေ့ကျင့်မှုအားလုံး ပြင်ဆင်တာဆိုပြီး မြောက်ကိုရီးယား တာတိုပစ်ဒုံးတွေ ထပ်ပစ်

မဲခေါင် 19 Mar - 2023
မဲခေါင်၊ မတ် ၁၉ တောင်ကိုရီးယား အာဏာပိုင်တွေက ဒီကနေ့ မနက် ဒေသစံတော်ချိန် ၁၁ နာရီ ၅ မိနစ်မှာ မြောက်ကိုရီးယား ဟာ ဂျပန်ပင်လယ်ထဲကို တာတိုပစ် ဒုံးကျည်တွေ ပစ်လွှတ်ခဲ့တယ်လို့ အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

မဲခေါင်၊ မတ် ၁၉

တောင်ကိုရီးယား အာဏာပိုင်တွေက ဒီကနေ့ မနက် ဒေသစံတော်ချိန် ၁၁ နာရီ ၅ မိနစ်မှာ မြောက်ကိုရီးယား ဟာ ဂျပန်ပင်လယ်ထဲကို တာတိုပစ် ဒုံးကျည်တွေ ပစ်လွှတ်ခဲ့တယ်လို့ အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

ဒါဟာ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ ၁၁ ရက်ကြာ စစ်ရေး ပူးပေါင်း လေ့ကျင့်မှု ကာလအတွင်း မြောက်ကိုရီးယားရဲ့ ၄ ကြိမ်မြောက် လက်နက် ပစ်လွှတ်မှုဖြစ်ခဲ့ပြီး တောင်ကိုရီးယား ပူးတွဲ စစ်ဦးစီးချုပ်ရုံးက ပြုံယမ်းမြို့ မြောက်ဘက် တောင်ချန်းရီဒေသကနေ ပစ်လွှတ်ခဲ့တာဖြစ်ကြောင်းနဲ့ သူတို့စစ်တပ်ဟာ အမေရိကန်နဲ့ အနီးကပ် ပူးပေါင်းပြီး အခြေအနေတွေကို မလွတ်တမ်း စောင့်ကြည့်နေတယ်လို့ သတင်း ထုတ်ပြန်ပါတယ်။

ဂျပန် ကာကွယ်ရေးဝန်ကြီးဌာနကလည်း သူတို့ ကမ်းခြေစောင့်တပ်တွေ အနေနဲ့ မြောက်ကိုရီးယားရဲ့ ပဲထိန်းဒုံး ကျည်တွေ ရေပိုင်နက်ထဲ ကျလာနိုင်လို့ သတိပေးချက် ထုတ်ပြန်ခဲ့ပေမယ့် ကျရောက်လာတာကိုတော့ မမြင်တွေ့ ရသေးဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့တုန်း ကလည်း မြောက်ကိုရီးယားဟာ အင်အား အကြီးဆုံး ဟွာဆောင်း-၁၇ တိုက်ချင်း ပစ်ဒုံးကျည်ကို ပင်လယ်ထဲ စမ်းသပ် ပစ်လွှတ်ခဲ့ပြီး အဲဒီမတိုင်ခင် ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှု ၂ ကြိမ်လည်း လုပ်ခဲ့သေးလို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တားမြစ်ထားတဲ့ ဟွာဟောင်း-၁၇ ပစ်ခတ်မှုအတွက် အစည်း အဝေးလုပ်ဖို့ စီစဉ်နေကြောင်းလည်း သိရပါတယ်။

မြောက်ကိုရီးယား အစိုးရပိုင် မီဒီယာ KCNA က အမေရိကန်နဲ့ တောင်ကိုရီးယားတို့ ကိုရီးယားကျွန်းဆွယ်ပေါ် စစ်ရေး လေ့ကျင့်မှု လုပ်ခြင်းဟာ အနီရောင်စည်းကျော်ဖို့ နီးစပ်သထက် နီးစပ်နေတာကြောင့် စစ်တပ်အားလုံး စစ်ပွဲကြီးအတွက် အသင့်ပြင်ထားဖို့ ခေါင်းဆောင် ကင်ဂျုံအန်က အမိန့်ပေး စေခိုင်းထားပြီး စစ်ပွဲအတွက် လေ့ကျင့်မှု အားလုံးကို ပြင်ဆင်နေတာ ဖြစ်တယ်လို့ ထုတ်ပြန်သွားခဲ့ပါတယ်။

Ref: trtworld
MKF-001
#MeKongNews
#မြောက်ကိုရီးယား
#ကုလသမဂ္ဂလုံခြုံရေးကောင်စီ
#ဟွာဟောင်း-၁၇

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

ကမ္ဘာ့သတင်း

ပြင်းအား ၆ ဒသမ ၅ ငလျင်လှုပ်ခတ်လို့ ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်မှာ သေဆုံးဒဏ်ရာရမှုများ

မဲခေါင်၊ မတ် ၂၃ အာဖဂန်နစ္စတန်နိုင်ငံကို ဗဟိုပြုပြီး ပြီးခဲ့တဲ့ မတ် ၂၁ ရက်၊ အင်္ဂါနေ့၊ ဒေသစံတော်ချိန် ည
ကမ္ဘာ့သတင်း

BRICS အစည်းအဝေး မှာ ပူတင်ကို တောင်အာဖရိကအစိုးရ ဖမ်းပေးဖို့ ငြင်းဆန်ဖွယ်ရှိ

မဲခေါင်၊ မတ် ၂၁ စစ်ရာဇဝတ်မှုနဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ရုရှားသမ္မတပူတင် တောင်အာဖရိကနိုင်ငံမှာ BRICS အစည်းအဝေး လာတက်ပါက တောင်အာဖရိက အစိုးရအနေနဲ့
ကမ္ဘာ့သတင်း

အမေရိကန် MQ-9 ဒရုန်းကိုပျက်ကျစေတဲ့ လေယာဉ်မှူး ၂ ယောက်ကို ရုရှားနိုင်ငံတော် ဂုဏ်ထူးဆောင်ဆု ပေးအပ်

မဲခေါင်၊ မတ် ၁၈ ပြီးခဲ့တဲ့ ရက်ပိုင်းက နိုင်ငံတကာ လေပိုင်နက်ဖြစ်တဲ့ ပင်လယ်နက်ပေါ်မှာ ပျံသန်းနေတဲ့ အမေရိကန် မောင်းသူမဲ့ ထောက်လှမ်းရေး ဒရုန်း MQ-9 Reaper ကို ပျက်ကျသွားအောင် စွမ်းဆောင်ခဲ့တဲ့ ရုရှား Su-27
ကမ္ဘာ့သတင်း

ပူတင်ကို ဖမ်းဝရမ်းထုတ်တဲ့ ICC မှာ ရုရှားတွေကို တရားစီရင်ပိုင်ခွင့် မရှိဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တုံ့ပြန်

မဲခေါင်၊ မတ် ၁၈ နိုင်ငံတကာ ရာဇဝတ်မှု တရားရုံးဖြစ်တဲ့ ICC က ရုရှား သမ္မတပူတင်ဟာ ယူကရိန်းစစ် အတွင်း စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့ပြီး ယူကရိန်း ကလေးငယ်များစွာကို ရုရှားနိုင်ငံဆီ ပြန်ပေးဆွဲ ခေါ်ဆောင်မှုနဲ့ မတ်
ကမ္ဘာ့သတင်း

မြန်မာနိုင်ငံက လက်နက်ခဲယမ်းတွေဝယ်ဖို့ ရုရှားဆွေးနွေးနေကြောင်း ယူကရိန်းထောက်လှမ်းရေး ထုတ်ပြန်

မဲခေါင်၊ မတ် ၁၈ ရုရှားအစိုးရဟာ ယူကရိန်းကျူးကျော်စစ်တစ်နှစ်ကျော်လာချိန် လက်နက်ခဲ့ယမ်းမလောက်ငှမှု ပြဿနာကြောင့် အများအပြားဝယ်ယူနိုင်ဖို့ မြန်မာစစ်အစိုးရဆီပါ ကမ်းလှမ်းဆွေးနွေးနေတယ်လို့ ယူကရိန်းစစ်ထောက်လှမ်းရေး ဒုတိယရာထူးအကြီးဆုံးဖြစ်တဲ့ ဗာဒင်စကီဘစ်စကီးက မတ် ၁၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ကမ္ဘာ့သတင်း

ရှီကျင်းဖျင်နဲ့ အနီးကပ်ရှိခဲ့သူ လီကျင်း တရုတ်ဝန်ကြီးချုပ်သစ် ဖြစ်လာ

မဲခေါင်၊ မတ် ၁၁ တရုတ် ပြည်သူ့လွှတ်တော်က မတ် ၁၀ ရက်နေ့မှာ ဆန္ဒမဲ ကောက်ခံပြီး လီချန်းကို နိုင်ငံဝန်ကြီးချုပ်အဖြစ် ခန့်အပ်ကြောင်း အတည်ပြုခဲ့ပါတယ်။
ကမ္ဘာ့သတင်း

မိုဘိုင်းဖုန်းကနေ ဘတ် ၅သောင်းအထက်ငွေလွှဲရင် မျက်နှာစကင်ဖတ်စနစ် မဖြစ်မနေသုံးဖို့ ထိုင်းဗဟိုဘဏ် အမိန့်ထုတ်

မဲခေါင်၊ မတ် ၁၁ ဆိုက်ဘာလိမ်လည်မှုတွေ များလွန်းလာတာကြောင့် ထိုင်းဗဟိုဘဏ်ဟာ နိုင်ငံအတွင်းက ဘဏ်တွေအားလုံး မိုဘိုင်းဘဏ်အကောင့်မူဝါဒသစ်တွေ ချမှတ်ပေးပြီး အကောင့်ပိုင်ရှင်တွေဟာ ငွေပမာဏများများလွှဲရင် ဇီ၀စကင်န်ဖတ်မှုတွေ မဖြစ်မနေ လုပ်ရတော့ပါမယ်။
ကမ္ဘာ့သတင်း

VIP ထောင်ခန်းတွေ ဝယ်နေနိုင်တယ်ဆိုတဲ့သတင်း ထိုင်းအကျဉ်းဦးစီးဌာန ငြင်းဆို

မဲခေါင်၊ မတ် ၁၀ ထိုင်းနိုင်ငံ အကျဉ်းထောင်တွေထဲမှာ ဗီအိုင်ပီခန်းတွေ ဝယ်နေလို့ရတယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်မှုတွေ ထွက်ပေါ်နေတာကို ထိုင်းအကျဉ်းဦးစီးဌာနက ငြင်းဆိုသွားခဲ့ပါတယ်။