ကမ္ဘာ့သတင်း

စစ်ခေါင်းဆောင်ရာထူးမှနုတ်ထွက်ရန် ကုလသမဂ္ဂမြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်တောင်းဆို

မဲခေါင် 24 Oct - 2021
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ရာထူးမှနုတ်ထွက်ရန်နှင့် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရကို အာဏာပြန်အပ်ရန် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ခရစ္စတင်း ရှရန်နာ ဘာ့ဂ်နာက သောကြာနေ့တွင် တောင်းဆိုလိုက်သည်။ “ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်မှုအောက်မှာ မြန်မာနိုင်ငံရဲ့အနာဂတ်ကို တည်တည်ငြိမ်ငြိမ်နဲ့ ရှင်သန်နိုင်မယ်လို့ ကျွန်မမမြင်ပါဘူး” ဟု လူ့အခွင့်အရေးကိစ္စရပ်များကို ရင်ဆိုင်ဖြေရှင်းသည့် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ကော်မတီကို မစ္စ ဘာ့ဂ်နာကပြောသည်။ “မြန်မာနိုင်ငံရဲ့အနာဂတ်ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကသာ တကယ်ဂရုစိုက်တယ်ဆိုရင် ရာထူးကနေနုတ်ထွက်ပြီး မြန်မာနိုင်ငံသားတွေရဲ့ ဆန္ဒနဲ့အညီ အာဏာကို အရပ်သားအစိုးရလက် ပြန်အပ်ရမှာပါ” ဟုလည်း ပြောသည်။ ထိုသို့လျှောက်ထားပြောဆိုမှုကို သူ၏ကုလသမဂ္ဂနောက်ဆုံး တင်ပြမှုတွင်ပြောဆိုခြင်း ဖြစ်ပြီး ဘာ့ဂ်နာက တာဝန်တွင် ၃ နှစ်ခွဲထမ်းဆောင်ပြီးနောက် အောက်တိုဘာ ၃၁ ရက်တွင် အနားယူမည်ဖြစ်သည်။ ပြီးခဲ့သည့်

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ရာထူးမှနုတ်ထွက်ရန်နှင့် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရကို အာဏာပြန်အပ်ရန် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ခရစ္စတင်း ရှရန်နာ ဘာ့ဂ်နာက သောကြာနေ့တွင် တောင်းဆိုလိုက်သည်။

“ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်မှုအောက်မှာ မြန်မာနိုင်ငံရဲ့အနာဂတ်ကို တည်တည်ငြိမ်ငြိမ်နဲ့ ရှင်သန်နိုင်မယ်လို့ ကျွန်မမမြင်ပါဘူး” ဟု လူ့အခွင့်အရေးကိစ္စရပ်များကို ရင်ဆိုင်ဖြေရှင်းသည့် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ကော်မတီကို မစ္စ ဘာ့ဂ်နာကပြောသည်။

“မြန်မာနိုင်ငံရဲ့အနာဂတ်ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကသာ တကယ်ဂရုစိုက်တယ်ဆိုရင် ရာထူးကနေနုတ်ထွက်ပြီး မြန်မာနိုင်ငံသားတွေရဲ့ ဆန္ဒနဲ့အညီ အာဏာကို အရပ်သားအစိုးရလက် ပြန်အပ်ရမှာပါ” ဟုလည်း ပြောသည်။

ထိုသို့လျှောက်ထားပြောဆိုမှုကို သူ၏ကုလသမဂ္ဂနောက်ဆုံး တင်ပြမှုတွင်ပြောဆိုခြင်း ဖြစ်ပြီး ဘာ့ဂ်နာက တာဝန်တွင် ၃ နှစ်ခွဲထမ်းဆောင်ပြီးနောက် အောက်တိုဘာ ၃၁ ရက်တွင် အနားယူမည်ဖြစ်သည်။

ပြီးခဲ့သည့် ၉ လအတွင်း အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုကြောင့် ပရမ်းပတာဖြစ်မှုများနှင့် အကြမ်းဖက်မှုများကြောင့် အထိအခိုက်များကို သူကလေ့လာခဲ့သည်။

အာဏာသိမ်းပြီးနောက် အရပ်သား ၁၁၀၀ ကျော်သေဆုံးခဲ့ပြီး ထောင်ချီထောင်ဒဏ်ကျခံနေရသည့်အပြင် လူ ၂၅၀၀၀၀ ကျော်နေရပ်စွန့်ခွာနေရသည်။

အာဏာရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီသောင်ပြိုကမ်းပြိုအနိုင်ရခဲ့သည့် ၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲတွင် မဲမသမာမှုများရှိခဲ့သည်ဟု မြန်မာအကြမ်းဖက်စစ်တပ်က အခိုင်အမာပြောခဲ့သည်။

ထို့နောက် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နှင့် အခြား NLD အဆင့်မြင့်ပါတီဝင်များကို စစ်တပ်က ဖမ်းဆီးခဲ့ပြီး အစောပိုင်းက ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုများကို ဖြိုခွင်းမှုများစခဲ့သည်။

အခြေအနေကို မူလအတိုင်း ပြန်လည်ထိန်းသိမ်းရန် နိုင်ငံတကာဖိအားများကို စစ်တပ်က လျစ်လျူရှုထားပြီး အခြေအနေများလည်း ဖြည်းဖြည်းချင်းပိုဆိုးလာသည်။

နိုင်ငံတဝန်းတွင် အကြမ်းဖက်မှုများရှိလာပြီးနောက် NLD ၏ အမျိးသားညီညွတ်ရေးအစိုးရ NUG ကလည်း ကိုယ်ပိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖွဲ့စည်းခဲ့သည်။

“မြန်မာနိုင်ငံဟာ ဆင်းရဲတွင်းထဲမြန်မြန်သွားနေပြီးတော့ လာမယ့်နှစ်တွေမှာ ကြုံရမယ့် အရှိန်အဟုန်မြင့် စိန်ခေါ်မှုတွေနဲ့ယှဉ်ရင် အခုလုပ်ဖို့လိုတဲ့ အနစ်နာခံမှုတွေက နောက်တနေရာကိုရောက်သွားမှာက ပေးဆပ်ရမှာပိုနည်းပါတယ်” ဟုလည်း သူက သောကြာနေ့တွင်ပြောသည်။

အာဏာသိမ်းမှုမတိုင်ခင်က မြန်မာနိုင်ငံတွင် လူ ၁၀ သိန်း လူသားချင်းစာနာထောက်ထားမှု အကူအညီများ လိုအပ်ခဲ့ပြီး ဖေဖော်ဝါရီနောက်ပိုင်းတွင် ထိုပမာဏသည် သိန်း ၃၀ ခန့်အထိမြင့်တက်လာပြီး ကျန်းမာရေးနှင့် ဘဏ်လုပ်ငန်းများပြိုနေသည့်အပြင် အလုပ်လုပ်မဲ့မှုလည်း မြင့်တက်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ကမ္ဘာ့သတင်း

ရုရှားဗုံးကြဲလို့ ခြေနှစ်ဖက်ပြတ်ခဲ့ရတဲ့ ၁၂ နှစ်အရွယ် ယူကရိန်းသမီးလေး မာရသွန်ပြိုင်ပွဲ ဝင်ပြိုင်

မဲခေါင်၊ စက်တင်ဘာ ၇ ယူကရိန်းနိုင်ငံ အယ်လ်ဗစ်မြို့မှာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ မာရသွန်အပြေးပြိုင်ပွဲမှာ ထူးထူးခြားခြားအဖြစ် ရုရှားဗုံးကြဲလို့ ခြေနှစ်ဖက် ဆုံးရှုံးခဲ့ရတဲ့ ယူကရိန်းသမီးငယ်လေးပါ
ကမ္ဘာ့သတင်း မြန်မာ့နွေဦး

ပြည်သူကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီကို ရှုတ်ချကြောင်း ကုလလုံခြုံရေးကောင်စီ ၁၃ နိုင်ငံ ထုတ်ပြန်

မဲခေါင်၊ သြဂုတ် ၂၄ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ၁၅ နိုင်ငံက သြဂုတ် ၂၃ ရက်မှာ မြန်မာ့အရေး တံခါးပိတ်ဆွေးနွေးပွဲ ပြုလုပ်အပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း စီးပွားရေး

စစ်ကောင်စီကို လေယာဉ်ဆီ ဝယ်ယူဖြန့်ဖြူးပေးတဲ့ လူ ၂ ယောက်နဲ့ ကုမ္ပဏီ ၃ ခုကို အမေရိကန် ထပ်တိုးပိတ်ဆို့အရေးယူ

အမေရိကန် ဘဏ္ဍာရေးဌာနက မြန်မာနိုင်ငံမှာ အရပ်သားပြည်သူတွေကို လေကြောင်းကနေ တိုက်ခိုက်သတ်ဖြတ်နေတဲ့ အာဏာသိမ်းစစ်တပ်အတွက် ဂျက်လေယာဉ်ဆီ ဝယ်ယူဖြန့်ဖြူးပေးနေတဲ့ လူ ၂ ယောက်နဲ့ ကုမ္ပဏီ ၃ ခုကို ပိတ်ဆို့အရေးယူမှုစာရင်းမှာ ထပ်တိုးကြောင်း ဩဂုတ် ၂၃ ရက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

Mi-8 ရဟတ်ယာဉ်ပါမောင်းပြီး ရုရှားပိုင်းလော့ ယူကရိန်းဘက် ခိုလှုံ

မဲခေါင်၊ သြဂုတ် ၂၄ ရုရှားပိုင်းလော့တစ်ယောက်ဟာ ယခုတစ်ပတ်အတွင်းက လျှို့ဝှက်စွာ ကြိုတင်ပြင်ဆင်ပြီး ယူကရိန်းဘက် Mi-8 ရဟတ်ယာဉ်ပါ မောင်းပြီး ဘက်ပြောင်းခိုလှုံသွားခဲ့တယ်လို့ Ukrainska Pravda သတင်းက ဖော်ပြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ဝက်ဂ်နာခေါင်းဆောင် ပရီဂိုဇင် လေယာဉ်ပျက်ကျသေဆုံး၊ ပူတင်နောက်ကွယ်မှာရှိနေမယ်လို့ ဂျိုးဘိုင်ဒန် သုံးသပ်

မဲခေါင်၊ သြဂုတ် ၂၄ ရုရှားမျိုးစောင့်ပုဂ္ဂလိက စစ်တပ် ဝက်ဂ်နာအုပ်စု ခေါင်းဆောင် ပရီဂိုဇင် စီးနင်း လိုက်ပါလာတဲ့ ခရီးသည်တင်လေယာဉ်ဟာ သြဂုတ် ၂၃ ရက် ညနေပိုင်းမှာ ရုရှားနိုင်ငံ တီဗာဒေသမှာ ပျက်ကျသွားခဲ့ပြီး ပရီဂိုဇင်အပါအဝင် လိုက်ပါသူ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

စင်ကာပူမှာ ငွေကြေးခဝါချသူ နိုင်ငံခြားသား ၁၀ ဦးဖမ်းမိပြီး စင်ကာပူဒေါ်လာ တစ်ဘီလီယံကျော် သိမ်းဆည်းရမိ

မဲခေါင်၊ သြဂုတ် ၁၇ ဩဂုတ် ၁၅ ရက်နေ့က မသင်္ကာဖွယ်ရာ ဘဏ်စာရင်း နောက်ကြောင်းလိုက် စုံစမ်းမှုတွေကနေ သံသယရှိတဲ့ စာရွက် စာတမ်းအတုလုပ်မှုနဲ့ ငွေကြေးခဝါချမှု သံသယ တရားခံတွေကို ဖမ်းဆီးဖို့ အင်အား ၄၀၀ ကျော်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

မြောက်ကိုရီးယား စစ်ဦးစီးချုပ် ပက်ဆူအီ ကို ကင်ဂျုံအန် ထုတ်ပယ်ပြီး လက်နက်ပိုထုတ် စစ်ပြင်ဖို့ အမိန့်ပေး

မဲခေါင်၊ သြဂုတ် ၁၁ မြောက်ကိုရီးယား သတင်း အေဂျင်စီဖြစ်တဲ့ KCNA ဖော်ပြမှုအရ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန် ဟာ စစ်ဦးစီးချုပ် ပက်ဆူအီ ကို ရာထူးက ဖြုတ်ပြီး သူ့နေရာမှာ ဗိုလ်ချုပ်ရီယောင်ဂီလ် ကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

တရုတ်ရဲ့ အနိုင်ကျင့်မူတွေကို ဆန့်ကျင်တဲ့ နိုင်ငံတိုင်းနဲ့ အတူရပ်တည်မယ်လို့ ကန်ကာကွယ်ရေးဝန်ကြီးဆို

မဲခေါင်၊ ဇူလိုင် ၂၈ အင်ဒို-ပစ္စိဖိတ် ဒေသမှာ တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှု ကြီးထွားလာနေမှုကို ဟန့်တားရေး ဩစတြေးလျနဲ့ ၂ နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေးပွဲမှာ အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က တရုတ်ရဲ့ အနိုင်ကျင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now