ကမ္ဘာ့သတင်း

စစ်ကောင်စီကို Fortify Rights နဲ့ လူပုဂ္ဂိုလ် ၁၆ ဦးက ဂျာမဏီဗဟိုအစိုးရရှေ့နေရုံးမှာ စွဲချက်တင်

မဲခေါင် 24 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၂၄ လူ့အခွင့်အရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Fortify Rights နဲ့ မြန်မာနိုင်ငံက လူပုဂ္ဂိုလ် ၁၆ ဦးက စစ်ကောင်စီကို ဂျာမဏီ ဗဟိုအစိုးရရှေ့နေရုံးမှာ ရာဇဝတ်မှုတွေနဲ့ စွဲချက်တင်ထားတယ်လို့ ဇန်နဝါရီ ၂၄ ရက်နေ့က ဘန်ကောက်မှာ အသိပေး ရှင်းလင်းခဲ့ပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၂၄

လူ့အခွင့်အရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Fortify Rights နဲ့ မြန်မာနိုင်ငံက လူပုဂ္ဂိုလ် ၁၆ ဦးက စစ်ကောင်စီကို ဂျာမဏီ ဗဟိုအစိုးရရှေ့နေရုံးမှာ ရာဇဝတ်မှုတွေနဲ့ စွဲချက်တင်ထားတယ်လို့ ဇန်နဝါရီ ၂၄ ရက်နေ့က ဘန်ကောက်မှာ အသိပေး ရှင်းလင်းခဲ့ပါတယ်။

စွဲချက်ကတော့ စစ်ကောင်စီဟာ ၂၀၁၇ ရိုဟင်ဂျာလူမျိုးတုံး သတ်ဖြတ်မှုဖြစ်စဉ်၊ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရာဇဝတ်မှု၊ လူသားချင်းမစာနာတဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တဲ့အတွက် သက်သေအထောက်အထား ပေါင်းများစွာနဲ့ စွဲချက်တင်ခဲ့တာဖြစ်ပါတယ်။

ဒီစွဲချက်ကို ဂျာမန်ဗဟိုအစိုးရရှေ့နေရုံးက လက်ခံခြင်းရှိမရှိ မှတ်ချက်မပေးသေးပေမယ့် ပြီးခဲ့တဲ့ သောကြာနေ့ ကတည်းက တိုင်ချက်ဖွင့်ထားတာလို့ မြန်မာစစ်ကောင်စီဟာ လက်ရှိ ကမ္ဘာ့ တရားရုံး လို့ခေါ်တဲ့ နိုင်ငံတကာရာဇဝတ်မှုတရားရုံး (ICC) မှာလည်း အမှု ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။

မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေဟာ အာဂျင်တီးနားနဲ့ တူရကီနိုင်ငံ တရားရုံးတွေမှာလည်း စစ်ကောင်စီကို စွဲချက်တွေတင်ထားကြပြီး အာဂျင်တီးနားတရားရုံးက အမှုကို လက်ခံစုံစမ်းပေးဖို့ ၂၀၂၁ နိုဝင်ဘာလမှ လက်ခံပေး ခဲ့ပါတယ်။

Fortify Rights အဖွဲ့ အမှုဆောင်ချုပ် မက်သရူးစမစ်က “ဂျာမန်ဥပဒေအရ ကြီးလေးတဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်သူတွေအပေါ် အရေးယူနိုင်တယ်။ သူတို့ဟာ မြန်မာနိုင်ငံမှာ နောက်ထပ် ဒီလို ရာဇဝတ်မှုမျိုးတွေမကျူးလွန်အောင်နဲ့ ကျူးလွန်သူတွေကို အရေးယူခြင်းနဲ့ တာဝန်ခံခိုင်းခွင့်ရှိတယ်။ ဒီလို ကြီးလေးတဲ့ ရာဇဝတ်မှုတွေဟာ ရှောင်လွှဲလို့မရနိုင်ပါဘူး”လို့ ပြောကြားသွားခဲ့ပါတယ်။

တရားခွင်မှာ အထောက်အထားတွေတင်ပြဖို့ ပူးတွဲစွဲချက်တင်တဲ့ လူပုဂ္ဂိုလ် ၁၆ ဦးက ၂၀၁၇ ရိုဟင်ဂျာအရေးမှာ ခံစားခဲ့ရသူတွေရယ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ ရာဇဝတ်မှုတွေကို မျက်မြင်ကိုယ်တွေ့ ခံစား သိရှိခဲ့သူတွေဖြစ်ပါတယ်။

ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုဖြစ်စဉ်ကို ကြုံတွေ့ခဲ့ရသူ အမျိုးသမီးတစ်ဦးက “ကျွန်မမိသားစုဝင် ခုနစ်ယောက်ကို စစ်ကောင်စီတပ်သားတွေ သတ်သွားတယ်။ ကျွန်မကို ဓားနဲ့ လှီးသွားတဲ့ သေရာပါဒဏ်ရာကြီးလည်း ခုထိရှိနေတယ်။ အလောင်းတွေပုံနေအောင်ကို သတ်သွားတာ မျက်မြင်သက်သေ တွေ အများကြီးရှိပါတယ်”လို့ ပြောပြခဲ့ပါတယ်။

Fortify Rights အဖွဲ့က ဒီအခြေအနေကို ဘန်ကောက်မှာ ရှင်းလင်းပြောကြားခဲ့ပြီး ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တဲ့ စစ်ဗိုလ်ချုပ်တွေကို တစ်ဦးချင်းစီရော တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ အပြစ်ပေးအရေးယူသွားနိုင်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

Ref: alarabiya
MKF-001

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

ကမ္ဘာ့သတင်း

တရုတ်က ထိုင်ဝမ်ရေလက်ကြားမှာ ၃ ရက်တာ စစ်ရေးလေ့ကျင့်မယ်

တရုတ်စစ်သင်္ဘောနဲ့ တိုက်လေယာဉ်တွေ ထိုင်ဝမ်ပိုင်နက်ထဲ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီးနောက်  တရုတ်က ဧပြီ ၈ ရက်နေ့ကစပြီး ထိုင်ဝမ်ရေလက်ကြားမှာ စစ်ရေးလေ့ကျင့်မှု ၃ ရက်တာ
ကမ္ဘာ့သတင်း

ပြင်းအား ၆ ဒသမ ၅ ငလျင်လှုပ်ခတ်လို့ ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်မှာ သေဆုံးဒဏ်ရာရမှုများ

မဲခေါင်၊ မတ် ၂၃ အာဖဂန်နစ္စတန်နိုင်ငံကို ဗဟိုပြုပြီး ပြီးခဲ့တဲ့ မတ် ၂၁ ရက်၊ အင်္ဂါနေ့၊ ဒေသစံတော်ချိန် ည
ကမ္ဘာ့သတင်း

BRICS အစည်းအဝေး မှာ ပူတင်ကို တောင်အာဖရိကအစိုးရ ဖမ်းပေးဖို့ ငြင်းဆန်ဖွယ်ရှိ

မဲခေါင်၊ မတ် ၂၁ စစ်ရာဇဝတ်မှုနဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ရုရှားသမ္မတပူတင် တောင်အာဖရိကနိုင်ငံမှာ BRICS အစည်းအဝေး လာတက်ပါက တောင်အာဖရိက အစိုးရအနေနဲ့ ဖမ်းပေးဖို့ မဖြစ်နိုင်ဘူးလို့ သုံးသပ်နေကြပါတယ်။
ကမ္ဘာ့သတင်း

စစ်ပွဲအတွက် လေ့ကျင့်မှုအားလုံး ပြင်ဆင်တာဆိုပြီး မြောက်ကိုရီးယား တာတိုပစ်ဒုံးတွေ ထပ်ပစ်

မဲခေါင်၊ မတ် ၁၉ တောင်ကိုရီးယား အာဏာပိုင်တွေက ဒီကနေ့ မနက် ဒေသစံတော်ချိန် ၁၁ နာရီ ၅ မိနစ်မှာ မြောက်ကိုရီးယား ဟာ ဂျပန်ပင်လယ်ထဲကို တာတိုပစ် ဒုံးကျည်တွေ ပစ်လွှတ်ခဲ့တယ်လို့ အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။
ကမ္ဘာ့သတင်း

အမေရိကန် MQ-9 ဒရုန်းကိုပျက်ကျစေတဲ့ လေယာဉ်မှူး ၂ ယောက်ကို ရုရှားနိုင်ငံတော် ဂုဏ်ထူးဆောင်ဆု ပေးအပ်

မဲခေါင်၊ မတ် ၁၈ ပြီးခဲ့တဲ့ ရက်ပိုင်းက နိုင်ငံတကာ လေပိုင်နက်ဖြစ်တဲ့ ပင်လယ်နက်ပေါ်မှာ ပျံသန်းနေတဲ့ အမေရိကန် မောင်းသူမဲ့ ထောက်လှမ်းရေး ဒရုန်း MQ-9 Reaper ကို ပျက်ကျသွားအောင် စွမ်းဆောင်ခဲ့တဲ့ ရုရှား Su-27
ကမ္ဘာ့သတင်း

ပူတင်ကို ဖမ်းဝရမ်းထုတ်တဲ့ ICC မှာ ရုရှားတွေကို တရားစီရင်ပိုင်ခွင့် မရှိဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တုံ့ပြန်

မဲခေါင်၊ မတ် ၁၈ နိုင်ငံတကာ ရာဇဝတ်မှု တရားရုံးဖြစ်တဲ့ ICC က ရုရှား သမ္မတပူတင်ဟာ ယူကရိန်းစစ် အတွင်း စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့ပြီး ယူကရိန်း ကလေးငယ်များစွာကို ရုရှားနိုင်ငံဆီ ပြန်ပေးဆွဲ ခေါ်ဆောင်မှုနဲ့ မတ်
ကမ္ဘာ့သတင်း

မြန်မာနိုင်ငံက လက်နက်ခဲယမ်းတွေဝယ်ဖို့ ရုရှားဆွေးနွေးနေကြောင်း ယူကရိန်းထောက်လှမ်းရေး ထုတ်ပြန်

မဲခေါင်၊ မတ် ၁၈ ရုရှားအစိုးရဟာ ယူကရိန်းကျူးကျော်စစ်တစ်နှစ်ကျော်လာချိန် လက်နက်ခဲ့ယမ်းမလောက်ငှမှု ပြဿနာကြောင့် အများအပြားဝယ်ယူနိုင်ဖို့ မြန်မာစစ်အစိုးရဆီပါ ကမ်းလှမ်းဆွေးနွေးနေတယ်လို့ ယူကရိန်းစစ်ထောက်လှမ်းရေး ဒုတိယရာထူးအကြီးဆုံးဖြစ်တဲ့ ဗာဒင်စကီဘစ်စကီးက မတ် ၁၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ကမ္ဘာ့သတင်း

ရှီကျင်းဖျင်နဲ့ အနီးကပ်ရှိခဲ့သူ လီကျင်း တရုတ်ဝန်ကြီးချုပ်သစ် ဖြစ်လာ

မဲခေါင်၊ မတ် ၁၁ တရုတ် ပြည်သူ့လွှတ်တော်က မတ် ၁၀ ရက်နေ့မှာ ဆန္ဒမဲ ကောက်ခံပြီး လီချန်းကို နိုင်ငံဝန်ကြီးချုပ်အဖြစ် ခန့်အပ်ကြောင်း အတည်ပြုခဲ့ပါတယ်။