ကမ္ဘာ့သတင်း

စစ်ကောင်စီကို လေယာဉ်ဆီ ဝယ်ယူဖြန့်ဖြူးပေးတဲ့ လူ ၂ ယောက်နဲ့ ကုမ္ပဏီ ၃ ခုကို အမေရိကန် ထပ်တိုးပိတ်ဆို့အရေးယူ

မဲခေါင် 24 Aug - 2023
အမေရိကန် ဘဏ္ဍာရေးဌာနက မြန်မာနိုင်ငံမှာ အရပ်သားပြည်သူတွေကို လေကြောင်းကနေ တိုက်ခိုက်သတ်ဖြတ်နေတဲ့ အာဏာသိမ်းစစ်တပ်အတွက် ဂျက်လေယာဉ်ဆီ ဝယ်ယူဖြန့်ဖြူးပေးနေတဲ့ လူ ၂ ယောက်နဲ့ ကုမ္ပဏီ ၃ ခုကို ပိတ်ဆို့အရေးယူမှုစာရင်းမှာ ထပ်တိုးကြောင်း ဩဂုတ် ၂၃ ရက် ရက်စွဲနဲ့ ထုတ်ပြန်သွားပါတယ်။

မဲခေါင်၊ သြဂုတ် ၂၄

အမေရိကန် ဘဏ္ဍာရေးဌာနက မြန်မာနိုင်ငံမှာ အရပ်သားပြည်သူတွေကို လေကြောင်းကနေ တိုက်ခိုက်သတ်ဖြတ်နေတဲ့ အာဏာသိမ်းစစ်တပ်အတွက် ဂျက်လေယာဉ်ဆီ ဝယ်ယူဖြန့်ဖြူးပေးနေတဲ့ လူ ၂ ယောက်နဲ့ ကုမ္ပဏီ ၃ ခုကို ပိတ်ဆို့အရေးယူမှုစာရင်းမှာ ထပ်တိုးကြောင်း ဩဂုတ် ၂၃ ရက် ရက်စွဲနဲ့ ထုတ်ပြန်သွားပါတယ်။

အမေရိကန်ဟာ မြန်မာစစ်ကောင်စီနဲ့ပတ်သက်တဲ့ လေယာဉ်ဆီ ဖြည့်တင်းပေးတဲ့ မြန်မာနိုင်ငံသားပဲဖြစ်ဖြစ်၊ ပြည်ပနိုင်ငံသား၊ ကုမ္ပဏီပဲဖြစ်ဖြစ် အားလုံးကို ပိတ်ဆို့အရေးယူသွားမယ်လို့ သတိပေးကြေညာထားပြီး အခု သမ္မတဂျိုးဘိုင်ဒန် လက်မှတ်ရေးထိုးလို့ ပိတ်ပင်လိုက်တာဖြစ်ပါတယ်။

ပထမဆုံးပိတ်ပင်လိုက်သူဟာ ၂၀၂၃ မတ် ၂၄ ရက်က စစ်ကောင်စီ လေယာဉ်ဆီရရှိရေးမှာ ပါဝင်ပတ်သက်နေလို့ သတိပေးအဆင့် လုပ်ထားတဲ့ ခင်ဖြူဝင်းဖြစ်ပြီး အခု စင်ကာပူအခြေစိုက် Shoon Energy PTE. LTD (Asia Sun Aviation လို့လည်း လူသိများ) ရဲ့လက်ခွဲကုမ္ပဏီတွေဖြစ်တဲ့ PEIA PTE. LTD နဲ့ P.E.I Energy PTE. LTD တို့ကနေ ဂျက်လေယာဉ်ဆီတွေ ဆက်လက်တင်သွင်းပေးနေလို့ ပိတ်ဆို့အရေးယူလိုက်ရကြောင်း ထုတ်ပြန်ပါတယ်။

နောက်တစ်ယောက်က 11 Asia Sun Group ပိုင်ရှင် ဇော်မင်းထွန်းဖြစ်ကြောင်း၊ သူဟာ ခင်ဖြူဝင်းဆီက တင်သွင်းလာတဲ့ လေယာဉ်ဆီတွေကို လက်ခံလွှဲပြောင်းပေးသူဖြစ်လို့ ဒီလူနှစ်ယောက်ရယ် သူတို့နဲ့ပတ်သက်တဲ့ Shoon Energy PTE. LTD၊ P.E.I Energy PTE. LTD. နဲ့ PEIA PTE. LTD. ကုမ္ပဏီ ၃ ခုကို ပိတ်ဆို့အရေးယူလိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဒီပိတ်ဆို့အရေးယူမှုကြောင့် အမေရိကန်နိုင်ငံတွင်း ပိတ်ဆို့ခံ လူနဲ့ ကုမ္ပဏီတွေရဲ့ ပိုင်ဆိုင်မှုအားလုံး၊ ငွေကြေးတိုက်ရိုက် သို့မဟုတ် တစ်ဆင့်ခံ လွှဲပြောင်းပေးထားသမျှအားလုံး သိမ်းဆည်းမှာဖြစ်ကြောင်း၊ ဒီလူနဲ့ကုမ္ပဏီတွေကို ဘယ် အမေရိကန်တွင်းနေထိုင်သူမဆို အားပေး၊ ထောက်ပံ့ကူညီမှုလည်း လုံး၀ လုပ်ခွင့်မရှိကြောင်း သတ်မှတ်ပြဌာန်း ထားပါတယ်။

Ref: home.treasury.gov
MKF-001

#MeKongNews

#အမေရိကန်

#ပိတ်ဆို့

#လေယာဉ်ဆီ

#အရေးယူ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ကမ္ဘာ့သတင်း

ရုရှားဗုံးကြဲလို့ ခြေနှစ်ဖက်ပြတ်ခဲ့ရတဲ့ ၁၂ နှစ်အရွယ် ယူကရိန်းသမီးလေး မာရသွန်ပြိုင်ပွဲ ဝင်ပြိုင်

မဲခေါင်၊ စက်တင်ဘာ ၇ ယူကရိန်းနိုင်ငံ အယ်လ်ဗစ်မြို့မှာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ မာရသွန်အပြေးပြိုင်ပွဲမှာ ထူးထူးခြားခြားအဖြစ် ရုရှားဗုံးကြဲလို့ ခြေနှစ်ဖက် ဆုံးရှုံးခဲ့ရတဲ့ ယူကရိန်းသမီးငယ်လေးပါ
စီးပွားရေး

အဖမ်းအဆီးနဲ့ ငွေစက္ကူသစ်ဂယက်တွေကြောင့် ဒေါ်လာဈေးကွက်မဖွင့်နိုင်ဘဲ ရွှေဈေးလည်း ၃၈ သိန်းကျော်လာ

မဲခေါင်၊ စက်တင်ဘာ ၁ ငွေကြေးဈေးကွက်အတွင်း အသစ်ရိုက်နှိပ်တဲ့ နှစ်သောင်းတန်ငွေစက္ကူတွေ ဖြန့်ဝေဝင်ရောက်လာပြီဆိုတဲ့ သတင်းတွေကြောင့် ရွှေဈေး ၃၈ သိန်းကျော်နဲ့ ဒေါ်လာဈေးမှာလည်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး

အခွန်လွတ်ပြောင်းတင်ပို့ခွင့် တစ်လထပ်တိုးတောင်းဆိုမှု ထိုင်းအာဏာပိုင်တွေ ပယ်ချ

ထိုင်း-မြန်မာ အဓိကကုန်သွယ်နေတဲ့ အာရှလမ်းမကြီး မြေပြိုတာကြောင့် ပြောင်းတင်ပို့မှုနှောင့်နှေးခဲ့တဲ့အတွက် တစ်လသက်တမ်းတိုးပေးဖို့ မြန်မာပြောင်းကုန်သည်တွေက ထိုင်းအာဏာပိုင်တွေကို တောင်းဆိုခဲ့ပေမယ့် ပယ်ချခံလိုက်ရတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

ဆန်နဲ့စားသုံးဆီ သတ်မှတ်ဈေးထက် တင်ရောင်းရင် အရေးယူမယ်လို့ စစ်ကောင်စီခြိမ်းခြောက်

စစ်ကောင်စီက အခြေခံစားသောက်ကုန်ဖြစ်တဲ့ ဆန်နဲ့ စားအုန်းဆီဈေးတွေကို ပေါက်ဈေးထက် လျော့ချရောင်းချဖို့နဲ့ လက်လီရောင်းချသူတွေကို အမြတ် ၁၀ ရာခိုင်နှုန်းထက် မပိုတဲ့ဈေးနဲ့ရောင်းချခိုင်းပြီး လိုက်နာမှုမရှိပါက အရေးယူမယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

ဖားကန့်မှာ ကုန်ဈေးနှုန်း အဆမတန်မြင့်တက်

မဲခေါင်၊ ဩဂုတ် ၂၈ ကချင်ပြည်နယ်၊ ဖားကန့်လမ်း-နန့်ယား-မြစ်ကြီးနားလမ်း ပိတ်လိုက်တာကြောင့် ဖားကန့်မြို့နယ်မှာ လတ်တလော ကုန်ဈေးနှုန်းတွေ အဆမတန် တက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း မြန်မာ့နွေဦး

ပြည်သူကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီကို ရှုတ်ချကြောင်း ကုလလုံခြုံရေးကောင်စီ ၁၃ နိုင်ငံ ထုတ်ပြန်

မဲခေါင်၊ သြဂုတ် ၂၄ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ၁၅ နိုင်ငံက သြဂုတ် ၂၃ ရက်မှာ မြန်မာ့အရေး တံခါးပိတ်ဆွေးနွေးပွဲ ပြုလုပ်အပြီး ပြည်သူအပေါ် အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီအပေါ် ရှုတ်ချကြောင်း ထုတ်ပြန်ချက် ထပ်မံ ထုတ်ပြန်သွားခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

Mi-8 ရဟတ်ယာဉ်ပါမောင်းပြီး ရုရှားပိုင်းလော့ ယူကရိန်းဘက် ခိုလှုံ

မဲခေါင်၊ သြဂုတ် ၂၄ ရုရှားပိုင်းလော့တစ်ယောက်ဟာ ယခုတစ်ပတ်အတွင်းက လျှို့ဝှက်စွာ ကြိုတင်ပြင်ဆင်ပြီး ယူကရိန်းဘက် Mi-8 ရဟတ်ယာဉ်ပါ မောင်းပြီး ဘက်ပြောင်းခိုလှုံသွားခဲ့တယ်လို့ Ukrainska Pravda သတင်းက ဖော်ပြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ဝက်ဂ်နာခေါင်းဆောင် ပရီဂိုဇင် လေယာဉ်ပျက်ကျသေဆုံး၊ ပူတင်နောက်ကွယ်မှာရှိနေမယ်လို့ ဂျိုးဘိုင်ဒန် သုံးသပ်

မဲခေါင်၊ သြဂုတ် ၂၄ ရုရှားမျိုးစောင့်ပုဂ္ဂလိက စစ်တပ် ဝက်ဂ်နာအုပ်စု ခေါင်းဆောင် ပရီဂိုဇင် စီးနင်း လိုက်ပါလာတဲ့ ခရီးသည်တင်လေယာဉ်ဟာ သြဂုတ် ၂၃ ရက် ညနေပိုင်းမှာ ရုရှားနိုင်ငံ တီဗာဒေသမှာ ပျက်ကျသွားခဲ့ပြီး ပရီဂိုဇင်အပါအဝင် လိုက်ပါသူ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now