ကမ္ဘာ့သတင်း

စစ်ကောင်စီကို ဒေါ်လာ ၁ သန်းကျော် ဂျပန်ဘက်ကထောက်ပံ့ခဲ့သဖြင့် HRW ဝေဖန်

မဲခေါင် 24 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၂၄ မြန်မာ စစ်ကောင်စီကို ဂျပန်အစိုးရ ဖွံ့ဖြိုးရေးထောက်ပံ့ကူညီမှုအစီအစဉ်အဖြစ် ဂျပန်ကုမ္ပဏီ Yokogawa Bridge Corp က ဒေါ်လာ ၁ သန်းကျော်ပေးခဲ့တဲ့အပေါ် Human Rights Watch (HRW)အဖွဲ့က ဇန်နဝါရီ ၂၃ ရက်နေ့မှာ ဝေဖန်ကန့်ကွက်ချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၂၄

မြန်မာ စစ်ကောင်စီကို ဂျပန်အစိုးရ ဖွံ့ဖြိုးရေးထောက်ပံ့ကူညီမှုအစီအစဉ်အဖြစ် ဂျပန်ကုမ္ပဏီ Yokogawa Bridge Corp က ဒေါ်လာ ၁ သန်းကျော်ပေးခဲ့တဲ့အပေါ် Human Rights Watch (HRW)အဖွဲ့က ဇန်နဝါရီ ၂၃ ရက်နေ့မှာ ဝေဖန်ကန့်ကွက်ချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ ဂျပန်ကုမ္ပဏီက ၂၀၂၂ ခုနှစ် ဇူလိုင်လကနေ နိုဝင်ဘာလအတွင်း ရန်ကုန်မှာရှိတဲ့ ပဲခူးမြစ် တံတားစီမံကိန်းအတွက် ဒေါ်လာ ၁.၃ သန်းကို စစ်ကောင်စီပိုင် Myanmar Economic Corporation (MEC)ဆီ ပေးအပ်ခဲ့ကာ ဂျပန် Mizuho Bank ကနေ မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ်က MEC ဘဏ်စာရင်းထဲ ဆက်တိုက် ထည့်ပေးနေခဲ့တာလို့ HRW က ဆိုပါတယ်။

ဂျပန်နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA ) ကနေတစ်ဆင့် မြန်မာနိုင်ငံဟာ ဂျပန်အစိုးရဆီက ချေးငွေ ယန်း ၃၁ ဘီလီယံ (ဒေါ်လာ သန်း ၂၄၀) ကို ချေးဖို့ ၂၀၁၆ ခုနှစ်က လက်ခံသဘောတူခဲ့တာဖြစ်ပြီး ဒီစီမံကိန်းမှာ ပဲခူးမြစ်ကူးတံတားစီမံကိန်းလည်းပါဝင်တဲ့အတွက် ဒေါ်လာ ၁.၃ သန်းကို စစ်ကောင်စီဆီ ၂၀၂၂ ခုနှစ်က ပေးအပ်ခဲ့လို့ HRW က ပြင်းပြင်းထန်ထန် ဝေဖန်ချက်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

HRW အာရှပရိုဂရမ်အရာရှိ တက်ပိုင်ကာဆာအီက “Yokogawa Bridge Corp ကနေ ဖြတ်ပြီး စစ်ကောင်စီရဲ့ MEC ဆီ ဝင်ငွေကူညီထည့်ဝင်ပေးခဲ့တယ်။ ဂျပန်အစိုးရအနေနဲ့ ရက်စက်ကြမ်းကြုတ်လွန်းပြီး စစ်ရာဇဝတ်မှုတွေ၊ လူသားချင်းမစာနာတဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ မြန်မာစစ်တပ်ကို ကုမ္ပဏီတွေကပဲ ဖြစ်ဖြစ်၊ အစိုးရဆီကပဲဖြစ်ဖြစ် အကျိုးစီးပွားဖြစ်စေမယ့် ထောက်ပံ့မှုလုပ်တာမျိုးတွေ နောက်ထပ်မရှိအောင် သေချာ ပိတ်ပင်သင့်တယ်။ လူသားချင်းစာနာမှုဆိုင်ရာအကူအညီမဟုတ်တဲ့ ကူညီမှုတွေကို စစ်တပ်ဆီ မရောက်စေဖို့ သေချာပိတ်ပင်သင့်တယ်” လို့ ဆိုပါတယ်။

Ref:HRW
MKF-001

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ကမ္ဘာ့သတင်း

ဂါဇာမှာ ချက်ချင်းအပစ်အခတ်ရပ်စဲဖို့ အဆို ဗီတိုအာဏာသုံးပြီး အမေရိကန် ပယ်ချ

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ကုလလုံခြုံရေးကောင်စီမှာ တင်ခဲလှတဲ့ ပုဒ်မ ၉၉ ၊ ဂါဇာမှာ ချက်ချင်းအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အဆိုကို ဒီဇင်ဘာ ၆
ကမ္ဘာ့သတင်း

မြောက်ကိုရီးယားမှ ထွက်ပြေးလာတဲ့ လူဦးရေ ၆၀၀ ကို တရုတ်ပြန်ပို့၊ သတ်ဖြတ်လိုက်မှာ လူ့အခွင့်အရေးအဖွဲ့တွေ စိုးရိမ်

တရုတ်နဲ့ မြောက်ကိုရီးယားတို့ဟာ မဟာမိတ်သဘောတူညီချက်အရ ထွက်ပြေးလာတဲ့ မြောက်ကိုရီးယားသား ထောင်ပေါင်းများစွာကို ဖမ်းဆီးထိန်းသိမ်းထားပြီး အောက်တိုဘာလအတွင်းက ပြန်ပို့ဆောင်ပေး လိုက်တဲ့ အယောက် ၆၀၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

နိုင်ငံသစ္စာဖောက် လွှတ်တော်အမတ် ၂ ဦးကို ယူကရိန်း သုတ်သင်

ယူကရိန်းထောက်လှမ်းရေးအဖွဲ့ SBU အေဂျင်စီဟာ နိုင်ငံအပေါ် သစ္စာဖောက်ပြီးပူတင်ဘက်တော်သားအဖြစ် ရုရှားက ယူကရိန်းကိုကျူးကျော်ဖို့ ပါဝင်တိုက်တွန်းခဲ့တဲ့ နိုင်ငံလွှတ်တော် အမတ်ဟောင်း ၂ ဦးကို ၂၄ နာရီ အတွင်း လုပ်ကြံရှင်းလင်းနိုင်ခဲ့ကြောင်း ဝန်ခံအတည်ပြုခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ခရစ္စမတ်ကာလ အကြမ်းဖက်တိုက်ခိုက်ခံရမှုများနိုင်လို့ ဥရောပကော်မရှင် လုံခြုံရေးစားရိတ် ပေါင် ၂၆ သန်း ထပ်တိုးမြှင့်

အစ္စရေး-ဟားမက်စ် စစ်ပွဲကြောင့် ဘာသာရေးအစွဲနဲ့ မုန်းတီးမှုမှုခင်းတွေတိုးလာတာကြောင့် ခရစ္စမတ်ကာလအတွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေ အများအပြားရှိလာနိုင်လို့ လုံခြုံရေးစားရိတ် ပေါင် ၂၆ သန်း တိုးမြှင့်သုံးစွဲ မယ်လို့ ဥရောပကော်မရှင်က ထုတ်ပြန်ကြေညာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

အင်ဒိုနီးရှား မီးတောင်ပေါက်ကွဲမှု သေဆုံးသူ ၂၃ ဦးအထိ ရှိလာ

ဒီဇင်ဘာ ၃ ရက် တနင်္ဂနွေနေ့က ပေါက်ကွဲခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံ အနောက်ဆူမားတြားကျွန်းအနီးက မာရာပီ မီးတောင် ပေါက်ကွဲမှုကြောင့် သေဆုံးသူပေါင်း ၂၃ ဦးရှိပြီဖြစ်ကြောင်း ကယ်ဆယ်ရေးအသင်းက ဒီဇင်ဘာ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

အကြမ်းဖက်မှုကို ဦးဆောင်တဲ့ ဟားမက်စ်ခေါင်းဆောင်ကို သုတ်သင်နိုင်ပြီလို့ အစ္စရေးကြေညာ

အစ္စရေးနယ်စပ်မြို့ကစ်ဘတ်ဇ်ကို ဂလိုက်ဒါတွေနဲ့ ကျော်ဝင်ပြီး လူပေါင်း ၁၂၀၀ ကျော် သတ်ဖြတ်သွားတဲ့ အောက်တိုဘာ ၇ ရက်နေ့က အကြမ်းဖက်မှုကို ခေါင်းဆောင်သူ ဟားမက်စ် စစ်ခေါင်းဆောင်ကို သတ်နိုင်ခဲ့ပြီလို့ အစ္စရေးစစ်တပ်က ဒီဇင်ဘာ ၄ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

အပစ်အခတ်ရပ်စဲမှု ၇ ရက်ပြည့်ပြီး မိနစ်ပိုင်းအတွင်း အစ္စရေးနဲ့ဟားမက်စ်တို့ တိုက်ပွဲပြန်ဖြစ်

ဒီဇင်ဘာ ၁ ရက်နေ့ ဥရောပစံတော်ချိန် မနက် ၇ နာရီမှာ အစ္စရေးနဲ့ ဟားမက်စ်တို့ ဓားစာခံနဲ့အကျဉ်းသားတွေ လဲလှယ်ရေး အပစ်အခတ်ရပ်စဲထားမှု အချိန်ပြည့်မြောက်သွားပြီဖြစ်တဲ့အတွက် မိနစ်ပိုင်းအကြာမှာပဲ အစ္စရေး တပ်ဟာ ဂါဇာထဲ မြေပြင်ထိုးစစ်နဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြန်လည်လုပ်ဆောင်ခဲ့ကြောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

တရုတ်ကနေ ရုရှားဆီ လက်နက်တွေ လျှို့ဝှက်ပို့တဲ့ မိုင် ၃၀၀၀ ရှည် မြေအောက်ရထားလိုင်းကို ယူကရိန်း ဖောက်ခွဲဖျက်ဆီး

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စေတုတ္ထရာမြို့နယ်အတွင်းမှာ အခြေစိုက်တဲ့ စစ်ကောင်စီရဲ့ အမှတ် (၂၀) ကာကွယ်ရေးပစ္စည်းစက်ရုံ (က.ပ.စ ၂၀) ကို PRA (Magway) က ထုတ်လုပ်ထားတဲ့ ၆၀ မမ ဒုံး အလုံး ၂၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now