ကမ္ဘာ့သတင်း

ကိုဗစ်-၁၉ ဟာ ဝူဟမ် ဓာတ်ခွဲခန်းကပျံ့တာလို့ အက်ဖ်ဘီအိုင် ဒါရိုက်တာ အတည်ပြု

မဲခေါင် 1 Mar - 2023
မဲခေါင်၊ မတ် ၁ အက်ဖ်ဘီအိုင် ဒါရိုက်တာ စရစ္စတိုဖာဝရေးက သူတို့လေ့လာ အဖြေရှာမှုမှာ ဝူဟမ်ဓာတ်ခွဲခန်းက ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကို စတင် ဖြစ်တည်စေခဲ့တယ်လို့ မတ်လ ၁ ရက်နေ့မှာ အတည်ပြု ကောက်ချက်ချ ထုတ်ပြန်ပါတယ်။

မဲခေါင်၊ မတ် ၁

အက်ဖ်ဘီအိုင် ဒါရိုက်တာ စရစ္စတိုဖာဝရေးက သူတို့လေ့လာ အဖြေရှာမှုမှာ ဝူဟမ်ဓာတ်ခွဲခန်းက ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကို စတင် ဖြစ်တည်စေခဲ့တယ်လို့ မတ်လ ၁ ရက်နေ့မှာ အတည်ပြု ကောက်ချက်ချ ထုတ်ပြန်ပါတယ်

ဖေဖော်ဝါရီ ၂၈ ရက်နေ့က အမေရိကန်ရဲ့ သုတေသနအဖွဲ့ Energy Department က ကိုဗစ် -၁၉ ဗိုင်းရပ်စ်ဟာ အစောပိုင်း ထင်ကြေးပေးခဲ့ကြသလို စတင်ဖြစ်ပွားရာ ဝူဟမ်မြို့ ဓာတ်ခွဲခန်းကနေ ပေါက်ကြား ပျံ့နှံ့တာဖြစ်တယ်လို့ ကောက်ချက်ချကြောင်း Wall Street Journal ကနေ ဖော်ပြခဲ့ပြီး အမေရိကန်မှာ ကိုဗစ်-၁၉ ဘယ်က စသလဲဆိုတာကို အဖွဲ့ ၄ ဖွဲ့က သုတေသန ပြုလုပ်ရာမှာတော့ နှစ်ဖွဲ့က ဝူဟမ်က စတာလို့ အတည် ပြုခဲ့ကြပြီး ကျန်နှစ်ဖွဲ့ကတော့ ထုတ်ပြန်ချက် တစ်စုံတစ်ရာ မပြုလုပ်သေးပါဘူး။

အက်ဖ်ဘီအိုင်ရဲ့ တွစ်တာမှာ “အက်ဖ်ဘီအိုင် ဒါရိုက်တာ ခရစ္စတိုဖာဝရေးက ကိုဗစ် -၁၉ ဗိုင်းရပ်ကို တရုတ်နိုင်ငံ ဝူဟမ်မြို့ ဓာတ်ခွဲခန်းကနေ စတင်ပေါက်ကြားကြောင်း ကောက်ချက်ချ အတည်ပြုပါတယ်” လို့ ရေးတင်ခဲ့ ပါတယ်။

ခရစ္စတိုဖာဝရေးက တရုတ်အစိုးရဟာ သူတို့ဆီက ကိုဗစ်-၁၉ ဗိုင်းရပ်စ် စတင်ဖြစ်တည်တယ်ဆိုတာကို ဖုံးကွယ်နိုင်ဖို့ စုံစမ်းစစ်ဆေးမှုတိုင်းကို ရှုပ်သထက်ရှုပ်အောင် လုပ်ဆောင်နေသလို ပူးပေါင်းဆောင်ရွက်မှု မရှိ၊ ဖုံးကွယ်မှု အတိနဲ့ လိမ်ညာနေတယ်လို့ ဝေဖန် ပြောကြားသွားပါတယ်။

ဒါပေမဲ့ သုတေသနပြု လေ့လာမှုနဲ့ ကောက်ချက်ချမှုအပိုင်း အသေးစိတ်ကို အက်ဖ်ဘီအိုင်က ထုတ်ပြန်နိုင်ခြင်း မရှိကြောင်းနဲ့ ဒီဗိုင်းရပ်စ် ဇစ်မြစ်ကို သိကုန်ကြရင် ဇီဝလက်နက် ထုတ်လုပ်လာနိုင်မှု၊ အကြမ်းဖက်သမားတွေ လက်ထဲ ရောက်သွားရင် နိုင်ငံဖျက်ဆီးနိုင်တဲ့ ရာဇဝတ်မှုတွေ ဖြစ်လာမှာစိုးလို့ လျှို့ဝှက်ထားတာဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။

တရုတ်အစိုးရကတော့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှာ ဝူဟမ်မြို့ကနေ စပြန့်တဲ့ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ဟာ တခြားနိုင်ငံ တစ်နိုင်ငံက လာတာမျိုး ဖြစ်နိုင်ကြောင်း ထုတ်ပြန်ထားသလို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကို ကန့်သတ်ထိန်းချုပ်မှု အများအပြားထားရှိပြီး စစ်ဆေးမှုပေးလုပ်တဲ့ ရလဒ်ပိုင်းအရ သဘာဝအတိုင် းဖြစ်လာတဲ့ ဗိုင်းရပ်စ်ဖြစ်နိုင်တယ်လို့ ကမ္ဘာသိ ဆင်ခြေပေး ထုတ်ပြန်ထားပါတယ်။

အခု အမေရိကန် ထောက်လှမ်းရေးနှစ်ဖွဲ့ရဲ့ ကောက်ချက် ချမှုနဲ့ ပတ်သက်လို့ တရုတ်အစိုးရက မှတ်ချက် တစ်စုံတစ်ရာပေးခြင်း မရှိသေးပါဘူး။

Ref: theweek
MKF-001
#MeKongNews
#ဝူဟန်
#ကိုဗစ်-၁၉
#WHO

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

ကမ္ဘာ့သတင်း

စစ်ပွဲအတွက် လေ့ကျင့်မှုအားလုံး ပြင်ဆင်တာဆိုပြီး မြောက်ကိုရီးယား တာတိုပစ်ဒုံးတွေ ထပ်ပစ်

မဲခေါင်၊ မတ် ၁၉ တောင်ကိုရီးယား အာဏာပိုင်တွေက ဒီကနေ့ မနက် ဒေသစံတော်ချိန် ၁၁ နာရီ ၅ မိနစ်မှာ
ကမ္ဘာ့သတင်း

အမေရိကန် MQ-9 ဒရုန်းကိုပျက်ကျစေတဲ့ လေယာဉ်မှူး ၂ ယောက်ကို ရုရှားနိုင်ငံတော် ဂုဏ်ထူးဆောင်ဆု ပေးအပ်

မဲခေါင်၊ မတ် ၁၈ ပြီးခဲ့တဲ့ ရက်ပိုင်းက နိုင်ငံတကာ လေပိုင်နက်ဖြစ်တဲ့ ပင်လယ်နက်ပေါ်မှာ ပျံသန်းနေတဲ့ အမေရိကန် မောင်းသူမဲ့ ထောက်လှမ်းရေး
ကမ္ဘာ့သတင်း

ပူတင်ကို ဖမ်းဝရမ်းထုတ်တဲ့ ICC မှာ ရုရှားတွေကို တရားစီရင်ပိုင်ခွင့် မရှိဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တုံ့ပြန်

မဲခေါင်၊ မတ် ၁၈ နိုင်ငံတကာ ရာဇဝတ်မှု တရားရုံးဖြစ်တဲ့ ICC က ရုရှား သမ္မတပူတင်ဟာ ယူကရိန်းစစ် အတွင်း စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့ပြီး ယူကရိန်း ကလေးငယ်များစွာကို ရုရှားနိုင်ငံဆီ ပြန်ပေးဆွဲ ခေါ်ဆောင်မှုနဲ့ မတ်
ကမ္ဘာ့သတင်း

မြန်မာနိုင်ငံက လက်နက်ခဲယမ်းတွေဝယ်ဖို့ ရုရှားဆွေးနွေးနေကြောင်း ယူကရိန်းထောက်လှမ်းရေး ထုတ်ပြန်

မဲခေါင်၊ မတ် ၁၈ ရုရှားအစိုးရဟာ ယူကရိန်းကျူးကျော်စစ်တစ်နှစ်ကျော်လာချိန် လက်နက်ခဲ့ယမ်းမလောက်ငှမှု ပြဿနာကြောင့် အများအပြားဝယ်ယူနိုင်ဖို့ မြန်မာစစ်အစိုးရဆီပါ ကမ်းလှမ်းဆွေးနွေးနေတယ်လို့ ယူကရိန်းစစ်ထောက်လှမ်းရေး ဒုတိယရာထူးအကြီးဆုံးဖြစ်တဲ့ ဗာဒင်စကီဘစ်စကီးက မတ် ၁၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ကမ္ဘာ့သတင်း

ရှီကျင်းဖျင်နဲ့ အနီးကပ်ရှိခဲ့သူ လီကျင်း တရုတ်ဝန်ကြီးချုပ်သစ် ဖြစ်လာ

မဲခေါင်၊ မတ် ၁၁ တရုတ် ပြည်သူ့လွှတ်တော်က မတ် ၁၀ ရက်နေ့မှာ ဆန္ဒမဲ ကောက်ခံပြီး လီချန်းကို နိုင်ငံဝန်ကြီးချုပ်အဖြစ် ခန့်အပ်ကြောင်း အတည်ပြုခဲ့ပါတယ်။
ကမ္ဘာ့သတင်း

မိုဘိုင်းဖုန်းကနေ ဘတ် ၅သောင်းအထက်ငွေလွှဲရင် မျက်နှာစကင်ဖတ်စနစ် မဖြစ်မနေသုံးဖို့ ထိုင်းဗဟိုဘဏ် အမိန့်ထုတ်

မဲခေါင်၊ မတ် ၁၁ ဆိုက်ဘာလိမ်လည်မှုတွေ များလွန်းလာတာကြောင့် ထိုင်းဗဟိုဘဏ်ဟာ နိုင်ငံအတွင်းက ဘဏ်တွေအားလုံး မိုဘိုင်းဘဏ်အကောင့်မူဝါဒသစ်တွေ ချမှတ်ပေးပြီး အကောင့်ပိုင်ရှင်တွေဟာ ငွေပမာဏများများလွှဲရင် ဇီ၀စကင်န်ဖတ်မှုတွေ မဖြစ်မနေ လုပ်ရတော့ပါမယ်။
ကမ္ဘာ့သတင်း

VIP ထောင်ခန်းတွေ ဝယ်နေနိုင်တယ်ဆိုတဲ့သတင်း ထိုင်းအကျဉ်းဦးစီးဌာန ငြင်းဆို

မဲခေါင်၊ မတ် ၁၀ ထိုင်းနိုင်ငံ အကျဉ်းထောင်တွေထဲမှာ ဗီအိုင်ပီခန်းတွေ ဝယ်နေလို့ရတယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်မှုတွေ ထွက်ပေါ်နေတာကို ထိုင်းအကျဉ်းဦးစီးဌာနက ငြင်းဆိုသွားခဲ့ပါတယ်။
ကမ္ဘာ့သတင်း

နျူကလီးယား တိုက်ခိုက်မှုကြောင့် ဓာတ်ရောင်ခြည်သင့် ကာကွယ်ဆေးတွေသောက်ထားဖို့ သတိပေးချက်ကြောင့် ရုရှားတွေ ဝရုန်းသုန်းကားဖြစ်

မဲခေါင်၊ မတ် ၁၀ ရုရှားနိုင်ငံမှာ နျူကလီးယား တိုက်ခိုက်ခံရပြီဆိုပြီး မတ် ၉ ရက်နေ့က ရုပ်သံတွေ၊ ရေဒီယိုတွေကနေ အန္တရာယ် သတိပေးဥဩသံတွေ ထွက်ပေါ်ခဲ့လို့ ဝရုန်းသုန်းကား ဖြစ်ခဲ့ရပါတယ်။