ကမ္ဘာ့သတင်း

ကမ္ဘာ့အအေးဆုံး ရုရှားမြို့ရဲ့ အပူချိန် – ၅၀ အထိ ရောက်ရှိနေ

မဲခေါင် 17 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၁၇ ကမ္ဘာမှာ အအေးဆုံးမြို့အဖြစ်သတ်မှတ်ထားတဲ့ ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားဒေသက ယာခု(တ်)စ် (Yakutsk) မြို့မှာ ဒီတစ်ပတ်အတွင်း အပူချိန်က အအေးဆုံးအဖြစ် -၅၀ ဒီဂရီဆဲလ်စီးယက်စ်အထိ ရောက်ရှိနေခဲ့ပြီဖြစ်ပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၁၇

ကမ္ဘာမှာ အအေးဆုံးမြို့အဖြစ်သတ်မှတ်ထားတဲ့ ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားဒေသက ယာခု(တ်)စ် (Yakutsk) မြို့မှာ ဒီတစ်ပတ်အတွင်း အပူချိန်က အအေးဆုံးအဖြစ် -၅၀ ဒီဂရီဆဲလ်စီးယက်စ်အထိ ရောက်ရှိနေခဲ့ပြီဖြစ်ပါတယ်။

မိုင်းလုပ်ငန်းတွေ အဓိကလုပ်တဲ့ ယာခု (တ်)စ်မြို့ဟာ မော်စကိုမြို့အရှေ့ဘက် ကီလိုမီတာ ၅၀၀၀ အကွာမှာရှိပြီး မကြာခဏဆိုသလို ဆောင်းတွင်းအပူချိန်ဟာ -၄၀ ဒီဂရီဆဲလ်စီးယက်စ်အထိ ရောက်တတ်ပေမယ့် ဒီတစ်ပတ်ထဲ မှာတော့ စံချိန်တင်အဖြစ် -၅၀ ဒီဂရီအထိ ရောက်သွားခဲ့တာကြောင့် စွမ်းအင်အခြေခံအဆောက်အအုံတွေ၊ ရေဆင်းစနစ်တွေပျက်ယွင်းခဲ့ပါတယ်။

မြို့ခံအမျိုးသမီးတစ်ဦးဖြစ်တဲ့ စတာရိုစတီနာက “ဒီလောက်အေးတဲ့ရာသီဥတုကို တွန်းလှန်ဖို့ တခြားလျှို့ဝှက်ချက်လည်း မရှိပါဘူး။ အဝတ်အစားတွေကို နွေးအောင်ဝတ်၊ အထပ်ထပ်ဝတ်၊ ဂေါ်ဖီထုပ်တွေလိုပေါ့” လို့ပြောသွားခဲ့ပါတယ်။

ဒေသခံတွေက လက်ရှိမှာ အေးခဲလွန်းလို့ ရေပိုက်တွေ အက်ကွဲ၊ ပေါက်ကွဲ၊ အပူပေးကန်တွေလည်း ပြိုကျ၊ အားလုံးက ခဲနေပြီး ရေဆိုးမြောင်းစနစ်တွေလည်း ရေခဲလို့ ပျက်စီးနေတဲ့အတွက် စိုးရိမ်ရေမြင့်တက်နေပါတယ်။

လက်ထောက်မြို့တော်ဝန် ဗလာဒီမာဖီဒိုရော့ဗ်ကတော့ ဒီအပူချိန်လျှော့ကျမှုဟာ လူတွေပဲလုပ်ခဲ့တဲ့ ကပ်ဆိုးလို့ သဘာ၀ပတ်ဝန်းကျင် ပျက်ယွင်းစေတဲ့ လုပ်ရပ်တွေကို ရည်ရွယ်ပြောဆိုသွားခဲ့ပါတယ်။

Ref: hindustantimes
MKF – 001

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

ကမ္ဘာ့သတင်း

တရုတ်က ထိုင်ဝမ်ရေလက်ကြားမှာ ၃ ရက်တာ စစ်ရေးလေ့ကျင့်မယ်

တရုတ်စစ်သင်္ဘောနဲ့ တိုက်လေယာဉ်တွေ ထိုင်ဝမ်ပိုင်နက်ထဲ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီးနောက်  တရုတ်က ဧပြီ ၈ ရက်နေ့ကစပြီး ထိုင်ဝမ်ရေလက်ကြားမှာ စစ်ရေးလေ့ကျင့်မှု ၃ ရက်တာ
ကမ္ဘာ့သတင်း

ပြင်းအား ၆ ဒသမ ၅ ငလျင်လှုပ်ခတ်လို့ ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်မှာ သေဆုံးဒဏ်ရာရမှုများ

မဲခေါင်၊ မတ် ၂၃ အာဖဂန်နစ္စတန်နိုင်ငံကို ဗဟိုပြုပြီး ပြီးခဲ့တဲ့ မတ် ၂၁ ရက်၊ အင်္ဂါနေ့၊ ဒေသစံတော်ချိန် ည
ကမ္ဘာ့သတင်း

BRICS အစည်းအဝေး မှာ ပူတင်ကို တောင်အာဖရိကအစိုးရ ဖမ်းပေးဖို့ ငြင်းဆန်ဖွယ်ရှိ

မဲခေါင်၊ မတ် ၂၁ စစ်ရာဇဝတ်မှုနဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ရုရှားသမ္မတပူတင် တောင်အာဖရိကနိုင်ငံမှာ BRICS အစည်းအဝေး လာတက်ပါက တောင်အာဖရိက အစိုးရအနေနဲ့ ဖမ်းပေးဖို့ မဖြစ်နိုင်ဘူးလို့ သုံးသပ်နေကြပါတယ်။
ကမ္ဘာ့သတင်း

စစ်ပွဲအတွက် လေ့ကျင့်မှုအားလုံး ပြင်ဆင်တာဆိုပြီး မြောက်ကိုရီးယား တာတိုပစ်ဒုံးတွေ ထပ်ပစ်

မဲခေါင်၊ မတ် ၁၉ တောင်ကိုရီးယား အာဏာပိုင်တွေက ဒီကနေ့ မနက် ဒေသစံတော်ချိန် ၁၁ နာရီ ၅ မိနစ်မှာ မြောက်ကိုရီးယား ဟာ ဂျပန်ပင်လယ်ထဲကို တာတိုပစ် ဒုံးကျည်တွေ ပစ်လွှတ်ခဲ့တယ်လို့ အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။
ကမ္ဘာ့သတင်း

အမေရိကန် MQ-9 ဒရုန်းကိုပျက်ကျစေတဲ့ လေယာဉ်မှူး ၂ ယောက်ကို ရုရှားနိုင်ငံတော် ဂုဏ်ထူးဆောင်ဆု ပေးအပ်

မဲခေါင်၊ မတ် ၁၈ ပြီးခဲ့တဲ့ ရက်ပိုင်းက နိုင်ငံတကာ လေပိုင်နက်ဖြစ်တဲ့ ပင်လယ်နက်ပေါ်မှာ ပျံသန်းနေတဲ့ အမေရိကန် မောင်းသူမဲ့ ထောက်လှမ်းရေး ဒရုန်း MQ-9 Reaper ကို ပျက်ကျသွားအောင် စွမ်းဆောင်ခဲ့တဲ့ ရုရှား Su-27
ကမ္ဘာ့သတင်း

ပူတင်ကို ဖမ်းဝရမ်းထုတ်တဲ့ ICC မှာ ရုရှားတွေကို တရားစီရင်ပိုင်ခွင့် မရှိဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တုံ့ပြန်

မဲခေါင်၊ မတ် ၁၈ နိုင်ငံတကာ ရာဇဝတ်မှု တရားရုံးဖြစ်တဲ့ ICC က ရုရှား သမ္မတပူတင်ဟာ ယူကရိန်းစစ် အတွင်း စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့ပြီး ယူကရိန်း ကလေးငယ်များစွာကို ရုရှားနိုင်ငံဆီ ပြန်ပေးဆွဲ ခေါ်ဆောင်မှုနဲ့ မတ်
ကမ္ဘာ့သတင်း

မြန်မာနိုင်ငံက လက်နက်ခဲယမ်းတွေဝယ်ဖို့ ရုရှားဆွေးနွေးနေကြောင်း ယူကရိန်းထောက်လှမ်းရေး ထုတ်ပြန်

မဲခေါင်၊ မတ် ၁၈ ရုရှားအစိုးရဟာ ယူကရိန်းကျူးကျော်စစ်တစ်နှစ်ကျော်လာချိန် လက်နက်ခဲ့ယမ်းမလောက်ငှမှု ပြဿနာကြောင့် အများအပြားဝယ်ယူနိုင်ဖို့ မြန်မာစစ်အစိုးရဆီပါ ကမ်းလှမ်းဆွေးနွေးနေတယ်လို့ ယူကရိန်းစစ်ထောက်လှမ်းရေး ဒုတိယရာထူးအကြီးဆုံးဖြစ်တဲ့ ဗာဒင်စကီဘစ်စကီးက မတ် ၁၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ကမ္ဘာ့သတင်း

ရှီကျင်းဖျင်နဲ့ အနီးကပ်ရှိခဲ့သူ လီကျင်း တရုတ်ဝန်ကြီးချုပ်သစ် ဖြစ်လာ

မဲခေါင်၊ မတ် ၁၁ တရုတ် ပြည်သူ့လွှတ်တော်က မတ် ၁၀ ရက်နေ့မှာ ဆန္ဒမဲ ကောက်ခံပြီး လီချန်းကို နိုင်ငံဝန်ကြီးချုပ်အဖြစ် ခန့်အပ်ကြောင်း အတည်ပြုခဲ့ပါတယ်။