နေ့စဥ်သတင်း

မြောက်ဥက္ကလာမှာ ဓားပြလာတိုက်သူတွေကို မိသားစုက ပြန်လည်ခုခံရာက ဓားပြ တစ်ဦးဖမ်းမိ

မဲခေါင် 19 Sep - 2022
ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဌ) ရပ်ကွက်၊ ခေမာ (၂) လမ်းမှာရှိတဲ့ နေအိမ် တစ်လုံးကို အမျိုးသား ၄ ဦးက စက်တင်ဘာ ၁၇ နေ့က ဓားပြတိုက်ရာ နေအိမ်အတွင်းရှိ မိသားစုများက ပြန်လည် ခုခံရာက ဓားပြ တစ်ဦး ဖမ်းမိခဲ့တယ်လို့ ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။ “သူတို့အိမ်မှာက အမျိုးသား နှစ်ယောက် အမျိုးသမီး နှစ်ယောက်ရှိတယ်။ လာတိုက်တဲ့ သူတွေကို ပြန်ချတာ ဓားပြ တစ်ယောက် ပြန်ဖမ်းမိတယ်။ ကိုယ့်လုံခြုံရေး ကိုယ်ယူနေရတာပေါ့ဗျာ” လို့ ၎င်းကပြောပါတယ်။ ယင်းအိမ်နေသူ တစ်ဦး ဈေးသွားဖို့ နေအိမ်တံခါးမကြီးအား ဆွဲဖွင့်စဉ် အမည်မသိ လူ ၄ ဦးမှ ဓားအတို

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဌ) ရပ်ကွက်၊ ခေမာ (၂) လမ်းမှာရှိတဲ့ နေအိမ် တစ်လုံးကို အမျိုးသား ၄ ဦးက စက်တင်ဘာ ၁၇ နေ့က ဓားပြတိုက်ရာ နေအိမ်အတွင်းရှိ မိသားစုများက ပြန်လည် ခုခံရာက ဓားပြ တစ်ဦး ဖမ်းမိခဲ့တယ်လို့ ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။

“သူတို့အိမ်မှာက အမျိုးသား နှစ်ယောက် အမျိုးသမီး နှစ်ယောက်ရှိတယ်။ လာတိုက်တဲ့ သူတွေကို ပြန်ချတာ ဓားပြ တစ်ယောက် ပြန်ဖမ်းမိတယ်။ ကိုယ့်လုံခြုံရေး ကိုယ်ယူနေရတာပေါ့ဗျာ” လို့ ၎င်းကပြောပါတယ်။

ယင်းအိမ်နေသူ တစ်ဦး ဈေးသွားဖို့ နေအိမ်တံခါးမကြီးအား ဆွဲဖွင့်စဉ် အမည်မသိ လူ ၄ ဦးမှ ဓားအတို အရှည်များ ကိုင်ဆောင်ကာ “မင်းတို့ မအော်နဲ့ ငြိမ်ငြိမ်နေ အားလုံး သတ်ပစ်မယ်” လို့ ပြောဆိုပြီး ဓားပြ တိုက်ခဲ့တာလို့ သိရပါတယ်။

ဓားပြလာတိုက်သူ လေးဦးကို နေအိမ်တွင်းရှိ မိသားစုတွေက ပြန်လည်ခုခံရာက သက် ၂၃ နှစ်အရွယ် မင်းမင်းသန့် ဆိုသူကို ဖမ်းဆီးရမိခဲ့ပြီး ကျန်သုံးဦးမှာ အသင့်စောင့်နေတဲ့ ကားနဲ့ ထွက်ပြေး လွတ်မြောက်သွားတယ်လို့ ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။

“သူတို့ မိသားစုလည်း ဓါးဒဏ်ရာ ရတာတော့ရှိတယ်။ မိသားစုက ညီတော့ ဘာမှ မပါသွားဘူး။ အခုက ခိုးမှု လုယက်မှုတွေက နေ့တိုင်း ဖြစ်နေတာ” လို့ ၎င်းကပြောပါတယ်။

ရန်ကုန်မြို့မှာ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း လုယက်မှု၊ ဓါးပြမှု၊ ခိုးမှုများစွာ ဖြစ်ပွားနေပေမယ့် ရဲများနဲ့ စစ်သားများက ဖမ်းဆီးနိုင်မှု မရှိဘူးလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း

📻 မဲခေါင်သတင်းဌာနက သတင်းနဲ့ အစီအစဉ်တွေကို ဖက်ဒရယ် FM မှာ မြန်မာ (ဗမာ) ဘာသာ၊ ရှမ်းဘာသာတွေနဲ့ နားဆင်နိုင်ပါတော့မယ်

မဲခေါင်သတင်းဌာနဟာ ရှမ်းပြည်နယ်နဲ့ ကရင်နီပြည်နယ်က သတင်းတွေကို အဓိကထား တင်ဆက်နေတဲ့ ရှမ်းပြည်နယ်အခြေစိုက်သတင်းဌာနတစ်ခုဖြစ်ပါတယ်။
နေ့စဥ်သတင်း

တာချီလိတ် တံတား လဝက အကြောင်းအမျိုးမျိုးပြပြီး အပိုငွေတောင်းနေ

မဲခေါင်၊ မတ် ၂၂ တာချီလိတ်-မယ်ဆိုင် ချစ်ကြည်ရေးတံတား-၁ ပြန်ဖွင့်ပြီးနောက် ဖြတ်သန်းသွားလာသူတွေထဲကနေ တံတား လဝကတွေက သတ်မှတ်ထားတဲ့ ငွေကြေးထက်ပိုပြီး အကြောင်းအမျိုးမျိုးပြကာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း

စစ်တပ်အာဏာသိမ်းပြီးနောက် ကျောင်းကိုစွန့်ခွာပြီး ကြုံရာလုပ်နေရတဲ့ ကလေးနဲ့လူငယ် သန်းနဲ့ချီရှိလာ

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ကျောင်းပညာရေးကို စွန့်ခွာပြီး ကြုံရာအလုပ် ဝင်ရောက် လုပ်ကိုင် နေရတဲ့ ကလေးနဲ့လူငယ် သန်းနဲ့ချီ ရှိလာတယ်လို့ ပညာရေး အသိုင်းအဝိုင်းက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း

အရက်နဲ့ ဝမ်းနှုတ်ဆေးပုလင်း မှားသောက်မိတဲ့ စစ်သားတစ်ယောက် ရန်ကုန်ဆေးရုံကြီးရောက်

မဲခေါင်၊ မတ် ၁၉ ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်၊ ရဲစခန်းအနီး ကင်းတာဝန်ကျနေတဲ့ စစ်သား တစ်ယောက် အရက်ပုလင်းနဲ့ ဝမ်းနှုတ်ဆေး ပုလင်း မှားသောက်မိလို့ ညတွင်းချင်း ရန်ကုန်ဆေးရုံကြီးသို့ စစ်ကားနဲ့ ပို့ပေးလိုက်ရတယ်လို့ ဒေသခံ တစ်ဦးက မဲခေါင်သတင်းကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မှုခင်းသတင်း

တာချီလိတ်မှာတရုတ်ဂိုဏ်းတွေရုပ်ရှင်ဆန်ဆန်ပြန်ပေးဆွဲပြန်

တာချီလိတ်မြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက လူစည်ကားတဲ့လမ်းမကြီးပေါ်မှာ တရုတ်လူမိုက်ဂိုဏ်းတွေက လူတစ်ယောက်ကို ရုပ်ရှင်ကားဆန်ဆန်ပြန်ပေးဆွဲသွားတယ်လို့ ဒေသခံတွေက မဲခေါင်ကို ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း

ခရမ်းမှာ အုတ်မြစ်ချစဥ်​ မြေပြိုကျလို့အမျိုးသားနှစ်ဦးဆေးရုံရောက်

မဲခေါင်၊ ဖေဖော်ဝါရီ ၂၂ ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ် ၁၂ ရပ်ကွက်၊ ဦးညီလှလမ်းတွင် အဆောက်အဦးဆောက်လုပ်ရန်အတွက် အုတ်မြစ်ချနေစဥ် မြေပြိုကျမှု ဒီကနေ့မနက် ဖေဖော်ဝါရီ ၂၂ ရက် မနက် ၉ နာရီကျော်အချိန်ကဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကမဲခေါင် သတင်းဌာနကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း

ဘန်ကောက်မှာ ဆောက်လက်စတိုက်ပြိုကျလို့ မြန်မာလုပ်သား ၅ယောက် ဒဏ်ရာရ

ဖေဖော်ဝါရီ ၁၂ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီမှာ ဘန်ကောက်က ဆောက်လုပ်ရေးဝန်းအတွင်း ဆောက်လက်စ တိုက်တစ်လုံးပြိုကျလို့ မြန်မာလုပ်သား ၅ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။ 

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း

မြန်မာသတင်းသမားတွေ ရပိုင်ခွင့်နည်းပါးလွန်းသည်ကို ဆန့်ကျင်လှုပ်ရှားမှု IFJ ပြုလုပ်

နိုင်ငံတကာဂျာနယ်လစ်များအဖွဲ့ချုပ် – IJF က မြန်မာဂျာနယ်လစ်တွေ လုပ်ခလစာရပိုင်ခွင့်နည်းပါးလွန်းပြီး ရသင့်တဲ့သတင်းခ မရတာကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတစ်ရပ်အဖြစ် Anti-Wage Theft Campaign တစ်ရပ်ပြုလုပ် နေပါတယ်။ ဒီလှုပ်ရှားမှုကို ကမ္ဘာ့အကြီးမားဆုံးဂျာနယ်လစ်အဖွဲ့အစည်းကြီးဖြစ်တဲ့ (ပရော်ဖက်ရှင်နယ် မီဒီယာ ပေါင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now